Pages

Thursday, August 18, 2011

အခု ဝန်ခံပြီ

သမ္မတ ဦးသိန်းစိန်က မနေ့က သူ့ရဲ့မိန့်ခွန်းမှာ အခုလို ထုတ်ဖော်ဝန်ခံသွားပါတယ်။ ဒီအချက်ကို မီဒီယာတွေ အမြဲ ယှဉ်ပြီး ပြောခဲ့ပေမယ့် စစ်အစိုးရလက်ထက်တလျှောက် စုံမှိတ် ငြင်းခဲ့တဲ့အချက် ဖြစ်ပါတယ်။ အခြေအနေမှန်ကို အခုလို လက်ခံလိုက်တာ၊ ဝန်ခံတာဟာ အမှန်တကယ် ပြုပြင်ပြောင်းလဲရေးရဲ့ အစဖြစ်နိုင်ပါတယ်။



8 comments:

  1. မောင်သန့် ။August 18, 2011 at 10:12 AM

    အရှိ အမှန် ကို သုံးသပ်(ပြောဆို) လာတဲ့အတွက် ကြိုဆိုရပါမယ်။

    ဘက် အားလုံး ဖြောင့်ဖြောင့် မတ်မတ် တည်တည်ကြည်ကြည် ပူးပေါင်းဆောင်ရွက် နိုင်ကြရင် အကောင်းဆုံးပေါ့။
    အပြောချည်းဘဲ 7.4GB(120 min.)နဲ့ ဘဲတော့ မရပါဘူး။
    ၁။ နိုင်ငံရေးအကျဉ်းသား အားလုံး (၄၀၁ မလို) လွှတ်ပေး မပေး ဆိုတဲ့ စံ။
    ၂။ ပြည်တွင်း အပစ်အခတ် ရပ်စဲ မှု အပေါ် သဘောထား ရင့်ကျက်မှု စံ။

    ဒီ ၂ စံ ၂ စံ နဲ့ တိုင်းတာရမှာ ဖြစ်ကြောင်းပါ ခင်ဗျာ။

    ReplyDelete
  2. ကေကေအိုAugust 18, 2011 at 12:14 PM

    များစွာကျော်ဖြတ်သွားကြပြီတဲ့လား။ သမ္မတကြီး အခုမှ သိရှာတယ်နဲ့ တူပါတယ်ဗျာ။

    ReplyDelete
  3. မောင်ကောင်းAugust 18, 2011 at 1:58 PM

    အဲ့ဒါပဲဗျိုး တာထွက်လှအောင် မိတ်ကပ်အလှဆင်နေတာ အားလုံးသတိရှိရှိနဲ့ဆင်ခြင်ဖို့လိုမယ်ဗျိုး အရည်ခွံချွတ်အစိုးရဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ်တကယ်စေတနာရှိတာလား စီနီယာအာဏာရှင်ကြီးတွေကို ကာကွယ်နေတာလားဆိုတာ အမေစုအပါအဝင် နိုင်ငံတော်ကို အမှန်တကယ် ချစ်မြတ်နိုးသူတိုင်း သတိနဲ့ သိနေဖို့လိုမယ်ထင်ပါတယ်

    ReplyDelete
  4. မောင်ကောင်းAugust 18, 2011 at 3:13 PM

    ထပ်ပြောပြန်ရင်လဲ မောင်ကောင်းပဲလွန်ရာကျတော့မလားမသိဘူး စကားတောင်တင်တင်စီးစီးနဲ့ တိုင်းပြည်ရဲ့မအေးချမ်းတဲ့ကာလတွေကြောင့် ခေတ်နောက်ကျကျန်ခဲ့ရသယောင်ရေးထားပါလား အဲ့ဒီကာလတွေကို ဘယ်သူတွေများဖန်တီးပါသလဲ သမ္မတမင်းကြီးခင်ဗျာ - ? ? ?

    ReplyDelete
  5. ဘုန်းကြီးကျောင်းသားAugust 18, 2011 at 5:09 PM

    ဘယ်ခေတ်ဘယ်အခါကနဲ့မှ မတူအောင် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်နေပါပြီလို့ တကျော်ကျော်အော်နေခဲ့ရာက အခုတော့ စုတ်ပြတ်သတ်နေပါပြီလို့ ပြောလာတဲ့အတွက် အခြေအနေမှန်ကို ၀န်ခံလိုက်တာလို့ ယူဆပါတယ်။ ဒါပေမဲ့ ဒီလို ဖြစ်သွားရတာဟာ ဘာကြောင့်ဆိုတာကိုတော့ ထည့်ပြောမှ ဖြစ်မယ်။ လွတ်လပ်ရေးရပြီးနောက် အရပ်သားစစ်စစ်အစိုးရဆိုတာက ဆယ်နှစ်ဆယ်မိုးလောက်ပဲ အုပ်ချုပ်ခွင့်ရခဲ့တာ။ အဒီကနောက်ပိုင်း အခုအထိကိုပဲ ဘောင်းဘီဝတ်လိုက် ဘောင်းဘီချွတ်လိုက်နဲ့ စစ်အာဏာရှင်တွေ တစ်လျှောက်လုံး ကုတ်သွေးစုပ်လာခဲ့ကြတာဖြစ်လေတော့ အကြောင်းရင်းမှန်ကို လက်ခံပြီး ကိုယ့်နေရာကိုယ်ပြန်ကြဖို့ လိုပါတယ်။

    ReplyDelete
  6. သမ္မတကြီးခမျာ ခုမှ လွတ်လပ်စွာ ပြောဆိုခွင့်ရသလား မှ မသိတာ။

    ReplyDelete
  7. (၁) ကေအိုင်အိုနှင့်ကေအိုင်အေ အဖွဲ့တွေက ကချင်လူထုကို ကိုယ်စားပြုမပြုဆိုတာထက်၊သမ္မတကြီးကိုယ်တိုင်ရော မြန်မာပြည်သူလူထုကို ကိုယ်စားပြုပါရဲ့လား။
    (၂) သားစဉ်မြေးဆက်အခြေခံကောင်းတွေအတွက်၊ပြည်သူ့နီတိကဲ့သို့သောပြဌါန်းချက်စာအုပ်များကို၊တက္ကသိုလ် နှင့် အခြေခံပညာကျောင်းတွေမှာသင်ကြားပို့ချရဲပါ့မလား။

    ReplyDelete
  8. OMG President Thein Sein just knew about current situation of his country. Burmese people have been suffering long long ago for this.

    ReplyDelete