Pages

Wednesday, August 3, 2011

ဦးစောတာခဲလယ် ကွယ်လွန်

.




ရလလဖ လို့ အတိုကောက် ခေါ်ကြတဲ့ ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်ခဲ့သူ ဦးစောတာခဲလယ် (၉၅ နှစ်) ဟာ တနင်္လာနေ့ ညနေ ၇ နာရီခန့်က တောင်ကြီးမြို့ ထွန်းပုဂ္ဂလိက ဆေးရုံမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

စနေနေ့ နေ့လယ် ၁ နာရီမှာ နှစ်ခြင်း ခရစ်ယာန် သုသာန်မှာ သင်္ဂြိုဟ်မယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့က ဒေါ်ခင်မိုးမိုးက ဧရာဝတီကို ပြောပါတယ်။

သူ့နာရေးမှာ ပအိုဝ့်တိုင်းရင်းသား အဖွဲ့အစည်း ခေါင်းဆောင်တွေ ဂါရ၀ ပြုကြတာ တွေ့ရတယ် လို့ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

ဦးစောတာခဲလယ်တို့ရဲ့ ရလလဖဟာ ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလမှာ ငြိမ်းချမ်းရေးယူခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

ဝတ်ပြုဆုတောင်းပွဲကိုတော့ တနင်္လာနေ့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။


ဆွမ်းသွပ်တရားနာပွဲက တနင်္ဂနွေနေ့မှာ ဖြစ်ပါတယ်။


သန်းထိုက်ဦး



No comments:

Post a Comment