Pages

Tuesday, August 23, 2011

မြန်မာပြည်သွားမယ့်ကား နယ်စပ်မှာမိ

~





မြန်မာနိုင်ငံဘက်ကို ပို့မယ်လို့
ယူဆရတဲ့ ကားတစီးကို မဲဆောက်မြို့ နဲ့ မြ၀တီမြို့ကြားထဲက သောင်ရင်းမြစ်ကမ်းနား တနေရာမှာ ဒီနေ့ ဖမ်းမိပါတယ်။ ယာဉ်မောင်းကတော့ ကားကို စွန့်ပစ်ထားပြီး ထွက်ပြေးပါတယ်။

အဲဒီကား တဖက်ကမ်းကို မရောက်ခင်မှာ ထိုင်းစစ်သား အယောက် ၂၀ လောက်က သတင်းရလို့ သွားဖမ်းခဲ့တာပါ။

ကား အမျိုးအစားကတော့ အီဇူးဇူး အပြာရောင်၊ ကား လိုင်စင်နံပတ်က စင်ပူရီခရိုင် နံပတ် ဖြစ်ပါတယ်။

ပိုင်ရှင်ကို ဆက်သွယ်ပြီး ပြန်ပေးနိုင်အောင် ကားကို ရဲလက်ထဲ အပ်လိုက်ပြီလို့ သိရပါတယ်။

မန်နေဂျာ သတင်းစာမျက်နှာမှာ ဖော်ပြထားတဲ့ သတင်းပါ။

သန်းထိုက်ဦး




~

No comments:

Post a Comment