Pages

Monday, August 8, 2011

ခေတ်ကို မျက်ခြေမပြတ်တဲ့ ဘုန်းဘုန်း

ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာရဲ့ Faces & Places ကဏ္ဍမှာ ဖော်ပြထားတဲ့ ဓာတ်ပုံပါ။ Donald Gilliland ဆိုသူက ၂၀၀၈ ခုနှစ်တုန်းက ရေနံချောင်းမှာ ရိုက်ခဲ့တာလို့ ဆိုပါတယ်။

၂၀၀၈ မတိုင်ခင် တနှစ်က သူဟာ ဒီဓာတ်ပုံထဲက ဘုန်းတော်ကြီးကို ပုဂံကိုအပြန် ကားစောင့်နေတုန်း ဆုံဖူးပါတယ်တဲ့။ ၂၀၀၈ နိုဝင်ဘာမှာ ရေနံချောင်းကို တခေါက်ထပ်ရောက်တော့ ဒီဘုန်းတော်ကြီးကို အဲဒီနေရာမှာပဲ အဲဒီ ရေဒီယိုလေးတလုံးနဲ့ ထပ်ဆုံပြန်ပါတယ်တဲ့။ ဘုန်းတော်ကြီးက သူ့ကို မှတ်မိတယ်၊ စကားစမြည်လည်း ပြောခဲ့ကြပါတယ်တဲ့။ ဘုန်းတော်ကြီးဟာ အင်္ဂလိပ်လို ကောင်းကောင်းကြီး ပြောနိုင်တယ်၊ သူဟာ အမေရိကန် သမ္မတ အိုဘားမားအကြောင်း ပြောချင်နေပါသတဲ့။

No comments:

Post a Comment