-
လန်ဒန်မြို့ ရပ်ကွက် အများအပြားမှာ လူငယ်တွေနဲ့ ရဲတွေအကြား ၃ ည ဆက်တိုက် အဓိကရုဏ်းဖြစ်ကြတာကြောင့် အဆောက်အအုံ၊ မော်တော်ယာဉ်တွေ မီးလောင်၊ ဆိုင်တွေ လုယက်ခံနေရပါတယ်။
The Guardian သတင်းစာ ၀က်ဆိုက်မှာတော့ လူပေါင်း ၄၅၀ ကို ထိန်းသိမ်းထားတယ်၊ ၆၉ ယောက်ကို တရားစွဲလိုက်ပြီ၊ လုံခြုံရေးကင်မရာမှတ်တမ်းတွေကို ပြန်စစ်ပြီး ပြစ်မှုကြီး ကျူးလွန်နေသူတွေကို အရေးယူဖို့ လုပ်နေတယ်လို့ သတင်းရကြောင်း ရေးထားတယ်။
ရဲအရာရှိ ၄၄ ယောက် ထိခိုက်ဒဏ်ရာရတယ် တဲ့။
အလုပ်လက်မဲ့ပြဿနာ၊ လူမှုဖူလုံရေးအစီအစဉ်ကို မကျေနပ်ချက်တွေကနေ မြစ်ဖျားခံလာပါတယ်။ အစိုးရက လာမယ့်နှစ် အိုလံပစ်ပွဲတော်အတွက် ဘီလျံနဲ့ချီ သုံးနေတယ်လို့ အပြစ်တင်ကြ ဒေါသထွက်ကြသူတွေလည်း ရှိပါတယ်။
အဓိကရုဏ်းတွေရဲ့ လတ်တလော အကြောင်းရင်းက အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦး ရဲ လက်ချက်နဲ့ သေဆုံးသွားတာကို အေးအေးဆေးဆေး ဆန္ဒပြရာကနေ ဖြစ်လာတာလို့ သတင်းတွေက ဆိုပါတယ်။
ခုတော့ နိုင်ငံတကာ ရုပ်မြင်သံကြားတွေမှာ လန်ဒန်မြို့ အဓိကရုဏ်းနယ်မြေတွေမှာ မီးလောင်မှု၊ ရဲတွေရဲ့ နှိမ်နင်းမှုတွေပဲ ဆက်တိုက် ပြနေတာ တွေ့နေရပါတယ်။
တနင်္လာနေ့၊ Hackney အရပ် ဆိုင်တဆိုင်မှာ လုယက်နေသူတချို့ (getty images photo)
Hackney မှာ လုယက်သူတချို့ လက်ချက်ကြောင့် ဒဏ်ရာရသွားတဲ့ ဓာတ်ပုံဆရာတဦး (ap photo)
ဒီပုံကို Twitter ကနေ ယူတယ်၊ တနင်္လာနေ့ လန်ဒန်မြို့ Surrey လမ်းက မီးလောင်နေတဲ့အဆောက်အအုံပေါ်က ခုန်ချနေတဲ့ အမျိုးသမီးတဦးပုံ လို့ ဆိုပါတယ် (reuters photo)
တနင်္လာနေ့ လန်ဒန်မြို့ Hackney မှာ ဒေသခံတယောက်က သူ့လက်ကိုင်ဖုန်း ကင်မရာနဲ့ ရဲကို ဓာတ်ပုံရိုက် မှတ်တမ်းတင်နေတာပါ (getty images photo)
Hackney ဒေသ Goulton လမ်း မှာ တနင်္လာနေ့က မြင်ရတဲ့ပုံ။
အမှိုက်ပုံးတွေစုပြီး အရံအတား လုပ်နေကြတဲ့ လူငယ်များ ဖြစ်ပါတယ်။ (getty images photo)
-










ကိုချာ(ပင်လယ်ကွေ့)
ReplyDeleteဒီမိုကရေစီဘိုးအေ အင်္ဂလန်မှာလည်း မင်းမဲ့စရိုက်တွေဖြစ်တာဘဲလား။ ရဲကပစ်လို့လူ တစ်ယောက်သေ သွားတာကျတော့ မြန်မာပြည်က အစိုးရကိုဆန့်ကျင်တဲ့ ဗမာမဟုတ်တဲ့သူတွေက ဘာမှ မပြောကျတော့ဘူးလား။
ဆင်းရဲသားတွေကို ပေးနေတဲ့ လူမှုဖူလုံရေးငွေ လျှော့ချတာကို မကျေနပ်တာလဲ ပါတယ်။ယူကေနဲ့ ယူအက်စ်လို နိုင်ငံကြီးတွေမှာ အစိုးရပေးတဲ့ငွေကို ထိုင်စားနေတဲ့ အဲဒီလိုလူတွေလဲရှိတယ်လေ။
ReplyDeleteခိုးဆိုးလုယက်နေတာ အလုပ်လက်မဲ့၊ လူမည်းလူငယ်တွေပါ။နေ့ခင်းကြောင်တောင်ကြီး စတိုးဆိုင်တွေကို ပေါ်တင်ဝင်ခိုး၊လုယက်နေကြတာပါ။ လူမျိုးရေးခွဲခြားတဲ့စိတ်နဲ့ ရေးခြင်းမဟုတ်ပါ။ သတင်းအမှန်ကို သိစေချင်လို့ပါ။
အပေါ်က anonymous ကလည်းဗျာ ။ ဒီမိုကရေစီဆိုတာနဲ့ ဒီလို အဓိကရုဏ်းတွေမဖြစ်တော့ဘူး
ReplyDeleteလို့ခင်ဗျားကိုဘယ်သူအာမခံထားလို့လဲ ။ ဒီလိုဆူပူမှုနှင့်
နှိမ်နင်းမှုဆိုတာက ဘယ်တိုင်းပြည်မှာမဆိုဖြစ်နိုင်တာပဲ။
ခင်ဗျားကွန်မန့်ကလည်း ဒီမိုတွေကို အရမ်း ပြဿနာရှာ
ချင်နေတာသိသာလွန်းနေတယ် နားစမ်းပါဗျာ ။
ကျွန်တော်ကဒီမိုလည်းမဟုတ်ဘူး ဟိုမိုလည်းမဟုတ်ဘူး
မျက်စိနောက်စရာကောင်းတဲ့ကွန်မန့်နှင့်မှတ်သားစရာကွန်
မန့်တွေကိုလိုက်ဖတ်နေတဲ့ လူ ။
အဓိကရုဏ်းတွေ ဖြစ်တာအဓိကမဟုတ်ပါဘူး၊ ဘယ်လိုဖြေရှင်းသလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ၊ အဲဒီပေါ်ကနေ တရားဥပဒေစိုးမိုးမှု၊ လူမျိုးရေးခွဲခြားမှုတွေ ဘယ်လောက်ရှိသလဲ ဆိုတာ ထင်ထင်ရှားရှား မြင်တွေ့ရပါလိမ့်မယ်
ReplyDeleteTo ကိုချာ(ပင်လယ်ကွေ့)
ReplyDeleteThat guy was killed by only one bullet in the chest. At that time, the victim also had a gun which was loaded with real bullets. It's not like shooting in Myanmar where victims had only sticks or stones.
to ကိုကိုချာချာ ( ပင်လယ်ကွေ့)
ReplyDeleteအပေါ်ဆုံးက ကွန်မန့် (ကိုချာ) ပေးထားတဲ့ မိတ်ဆွေဟာ သူ့မှာ လူမျိုးခွဲခြားချင်စိတ် အပြည့်အ၀ ရှိတယ်ဆိုတာ ဖေါ်ပြလိုက်တာပါဘဲ... တနည်းအားဖြင့်ကြည့်မယ်ဆိုရင် ဒီခေတ် ( Global
Village )မှာ အဲသလို စိတ်မျိုးစိတ်ထားရှိတဲ့ မအေတွေရဲ့ လင်တွေ ကြီးစိုးထားတဲ့အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံဟာ အရာရာတိုင်းမှာ အရှက်တရားနဲ့ဘဲ ရင်ဆိုင်နေရတာ ပြည်သူတိုင်းအသိပါ
ွှအင်္ဂလန်ကလဲ အ လိုက်တာ။သန်းရွှေဆို ပစ်သတ်ပြီး အလောင်းဖျောက်ပစ်လိုက်မှာ။ပြီးတော့ တစ်ယောက်မှ မသေပါဘူးလို့ ကျော်ဆန်းကို သတင်းစာထဲ ထည့်ခိုင်းလိုက်မှား
ReplyDelete