ဒီပွဲတော်နဲ့ ပတ်သက်ပြီး ကျောင်းသားမိဘတဦး ရှင်းပြတာက “ရှေးကရင်လူကြီးတွေရဲ့ အဆိုအမိန့်အရ ၀ါခေါင်လဆိုတာ မကောင်းဆိုးဝါးတွေ ပျော်မြူးတဲ့လဖြစ်တယ်။ အဲဒီ မကောင်းဆိုးဝါးတွေရဲ့ လိပ်ပြာ (၀ိညာဉ်) တွေဟာ လူသားတွေအပေါ် ၀င်ရောက်ပူးကပ်ခဲ့မယ်ဆိုရင် မကောင်းတဲ့ အတိတ်နမိတ်တွေနဲ့ ကြုံတွေ့ရတတ်တယ်။ ဥပမာ အနာရောဂါတွေ ကျရောက်ပြီး လူတွေဒုက္ခဆိုးကျိုးတွေနဲ့ ကြုံတွေ့ရတဲ့ဘေးက ကင်းဝေးဖို့အတွက် အဆောင်အယောင် ၇ မျိုးနဲ့ စီမံထားတဲ့ ချည်ဖြုခင်တွေနဲ့ လက်ကောက်ဝတ်မှာ ချည်ဖြူဖွဲ့ပြီး အကာအကွယ်ပြုပေး လိုက်တဲ့ ရိုးရာဓလေ့တခုက ဆင်းသက်လာတာပါ။ ဒီပွဲကို မျက်မှောက်ခေတ် ကရင်အမျိုးသားတွေကတော့ ကရင်အမျိုးသားထုအတွင်းမှာ စည်းလုံးညီညွတ်မှု ပွဲတော်အနေနဲ့ကျင်းပကြတာ ဖြစ်တယ်လို့” ရှင်းပြခဲ့ပါတယ်။ (ဓာတ်ပုံ - ဧရာဝတီ)
Pages
▼
Thursday, August 11, 2011
ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ
ကရင်ရိုးရာ ၀ါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို ဒီနေ့မနက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က ဆာသူးလေ မြန်မာရွှေ့ပြောင်း အထက်တန်းကျောင်းမှာ ဒေသတွင်းရောက်နေကြတဲ့ ကရင်လူမျိုးတွေ တက်ရောက်ဆင်နွှဲကြပါတယ်။ ဒီပွဲကို ရန်ကုန် အပါအ၀င် မြန်မာနိုင်ငံထဲမှာတော့ ၀ါခေါင်လပြည့်နေမှာ ကျင်းပကြပါတယ်။ ပွဲတော်ရက်က ၀ါခေါင်လပြည့်နေ့မှာ ဖြစ်ပါတယ်။
ဒီပွဲတော်နဲ့ ပတ်သက်ပြီး ကျောင်းသားမိဘတဦး ရှင်းပြတာက “ရှေးကရင်လူကြီးတွေရဲ့ အဆိုအမိန့်အရ ၀ါခေါင်လဆိုတာ မကောင်းဆိုးဝါးတွေ ပျော်မြူးတဲ့လဖြစ်တယ်။ အဲဒီ မကောင်းဆိုးဝါးတွေရဲ့ လိပ်ပြာ (၀ိညာဉ်) တွေဟာ လူသားတွေအပေါ် ၀င်ရောက်ပူးကပ်ခဲ့မယ်ဆိုရင် မကောင်းတဲ့ အတိတ်နမိတ်တွေနဲ့ ကြုံတွေ့ရတတ်တယ်။ ဥပမာ အနာရောဂါတွေ ကျရောက်ပြီး လူတွေဒုက္ခဆိုးကျိုးတွေနဲ့ ကြုံတွေ့ရတဲ့ဘေးက ကင်းဝေးဖို့အတွက် အဆောင်အယောင် ၇ မျိုးနဲ့ စီမံထားတဲ့ ချည်ဖြုခင်တွေနဲ့ လက်ကောက်ဝတ်မှာ ချည်ဖြူဖွဲ့ပြီး အကာအကွယ်ပြုပေး လိုက်တဲ့ ရိုးရာဓလေ့တခုက ဆင်းသက်လာတာပါ။ ဒီပွဲကို မျက်မှောက်ခေတ် ကရင်အမျိုးသားတွေကတော့ ကရင်အမျိုးသားထုအတွင်းမှာ စည်းလုံးညီညွတ်မှု ပွဲတော်အနေနဲ့ကျင်းပကြတာ ဖြစ်တယ်လို့” ရှင်းပြခဲ့ပါတယ်။ (ဓာတ်ပုံ - ဧရာဝတီ)
ဒီပွဲတော်နဲ့ ပတ်သက်ပြီး ကျောင်းသားမိဘတဦး ရှင်းပြတာက “ရှေးကရင်လူကြီးတွေရဲ့ အဆိုအမိန့်အရ ၀ါခေါင်လဆိုတာ မကောင်းဆိုးဝါးတွေ ပျော်မြူးတဲ့လဖြစ်တယ်။ အဲဒီ မကောင်းဆိုးဝါးတွေရဲ့ လိပ်ပြာ (၀ိညာဉ်) တွေဟာ လူသားတွေအပေါ် ၀င်ရောက်ပူးကပ်ခဲ့မယ်ဆိုရင် မကောင်းတဲ့ အတိတ်နမိတ်တွေနဲ့ ကြုံတွေ့ရတတ်တယ်။ ဥပမာ အနာရောဂါတွေ ကျရောက်ပြီး လူတွေဒုက္ခဆိုးကျိုးတွေနဲ့ ကြုံတွေ့ရတဲ့ဘေးက ကင်းဝေးဖို့အတွက် အဆောင်အယောင် ၇ မျိုးနဲ့ စီမံထားတဲ့ ချည်ဖြုခင်တွေနဲ့ လက်ကောက်ဝတ်မှာ ချည်ဖြူဖွဲ့ပြီး အကာအကွယ်ပြုပေး လိုက်တဲ့ ရိုးရာဓလေ့တခုက ဆင်းသက်လာတာပါ။ ဒီပွဲကို မျက်မှောက်ခေတ် ကရင်အမျိုးသားတွေကတော့ ကရင်အမျိုးသားထုအတွင်းမှာ စည်းလုံးညီညွတ်မှု ပွဲတော်အနေနဲ့ကျင်းပကြတာ ဖြစ်တယ်လို့” ရှင်းပြခဲ့ပါတယ်။ (ဓာတ်ပုံ - ဧရာဝတီ)
No comments:
Post a Comment