Pages

Thursday, September 1, 2011

ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးကွဲလို့ ၇ ဦးသေ

ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးတလုံး (ဓာတ်ပုံ - the2012londonolympics.com)

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သဲချောင်းရွာမှာ ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးပေါက်ကွဲလို့ မနေ့က ၇ ဦး သေဆုံးသွားပါတယ်။

“ရွာနားက ပင်လယ်ကမ်းခြေမှာ ပေါ်နေတဲ့ ဗုံးကို ဖယ်ရှားဖို့ ကြိုးစားရင်းနဲ့ မဆော်တဆ သေဆုံးရတာပါ။ သူတို့က ဗုံးမှန်းလည်း သိပုံမရဘူး” လို့ အစိုးရအရာရှိတဦးကို ကိုးကားပြီး AFP မှာ ရေးထားပါတယ်။

သေဆုံးသူ ၇ ဦးစလုံးက အမျိုးသားတွေပါ။

ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးတွေ မြန်မာပြည်မှာ ဘယ်လောက်များများ ကျန်နေတယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး။

1 comment:

  1. Any idea to ask compensation from bomb maker (probably JP, US, UK,....) for those victims.

    ReplyDelete