Pages

Tuesday, September 27, 2011

ပြောင်ပြီ


ဒီနေ့ သတင်းစာမှာတွေ့ရတဲ့ သတင်းပါ။ ချင်းပြည်နယ် မြွေတောင်ဒေသမှာ သတ္ထု တူးဖော်ဖို့အတွက် ပေါက်ဖော်ကြီးတွေနဲ့ သတ္ထုဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးနေကြတာပါ။ ဟိုဘက်က ဒန်တွေဝယ်တယ်၊ ကြေးတွေဝယ်တယ် ဆိုတော့ ဒီဘက်ကလည်း ရောင်းစရာ ဘာကျန်သေးလဲ၊ ပဲလှော်နဲ့ ဘယ်ဟာ လဲစားရင်ကောင်းမလဲဆိုပြီး ဘိုးဘွားပိုင်ပစ္စည်း ကိုယ့်ပစ္စည်းလုပ် ရောင်းစားတော့မယ်။ ဦးဘုန်း (ဓာတု) ဟောပြောချက်ထဲကလို ပြောရရင်တော့ ဘိုးဘွားအမွေဆိုတာ ထိန်းသိမ်းဖို့၊ ရောင်းစားဖို့မဟုတ်ဘူး (အဲဒီလိုပြောလည်း သူတို့ကို ပြောနေမှန်း သိမယ့်ပုံလည်း မရှိပါဘူး) မြန်မာပြည် မြေပုံကြီးကို ဖဲ့ဖဲ့နေတာ မကုန်သေးလို့နဲ့တူပါရဲ့။ မိုးကုတ်ကျောက်တွင်းတွေလည်း မရှိတော့ဘူး၊ ဖားကန့် ကျောက်စိမ်းတွေလည်း ကုန်ပြီ၊ ဧရာဝတီမြစ်တောင် မချန်မှတော့ ချင်းပြည်နယ်က သတ္ထုပြောင်တာ ဘာအရေးတုန်း :(

7 comments:

  1. မပြောင်သေးပါဘူးဗျာ။
    ရွှေတိဂုံစေတီ၊ မန္တလေးတောင်၊ စစ်ကိုင်းတောင်၊ အင်းလေးကန် .............. အောင်မလေး
    အများကြီး ကျန်သေးတယ်နော်။

    ReplyDelete
  2. ဂေါဏေ န ဂေါဏော
    သာမဏေ န သာမဏော
    ဆိုတာလည်း ရှိမဟုတ်လား....
    ကျည်တောက်စွပ်လိုက်ရုံနဲ့ အထဲက ခွေးမြီးကို ဖြောင့်နေပီလို့တော့ မယူဆသင့်ပေဘူး...
    အထဲမှာရှိတာ ခွေးမြီးဆိုတာကို မမေ့သင့်ပေဘူးဗျာ...

    ReplyDelete
  3. Stupid current government will sell myanmar ladies (women) to Chinese in furture due to ladies (women) shortage in china.

    ReplyDelete
  4. ရောင်းစရာသူတို့ မိန်းမတွေနဲ့ သမီးတွေကျန်သေးတယ်..
    နောင်ဆုံးအဲဒါလေးတွေရောင်းကြအုံးမှာ

    ReplyDelete
  5. အရှက်ရှိတဲ့ကောင်တွေမှ မဟုတ်တာ။ ဦးဆောင် ဦးရွက်လုပ်တဲ့ကောင်ရော နောက်လိုက်လုပ်နေတဲ့ ကောင်တွေပါ ဦးနှောက်မရှိသလို အရှက်ကလဲ တစ်စက်မှ မရှိဘူး။ အလကား ကလေကချေကောင်တွေ...။

    ReplyDelete
  6. မြန်မြန် ကုန်အေး တယ်။ အဲဒါမှ အသစ်က ပြန်စကြမယ်။

    ReplyDelete