Pages

Saturday, September 10, 2011

အိန္ဒိယသားတွေက ရွှေတွေကို ဒီလို မြင်တယ်

'



နယူးဒေလီမြို့တော်ကြီးရောက် ကျွန်ုပ်တို့၏ သတင်းထောက် ဇာနည်မာန်ကို ဒီတပတ် မေးခွန်း ၃ ခု မေးထားပါတယ်။



၁။ အိန္ဒိယမှာ ဘာစကားတွေ ပြောကြသလဲ။ ဇာနည်မာန်တို့က ဘာစကား အသုံးများသလဲ။
အများစုပြောတာကတော့ ဟိန္ဒီ စကား။
ကာလ်ကတ္တားလို West Bangel ဖက်မှာကတော့ ဘင်္ဂါလီစကားပြောကြတယ်။
ကျမတို့ မြန်မာဒုက္ခသည်တွေနဲ့ ဒေသခံတွေ စကာြးေ
ပာတဲ့အခါကျတော့ အင်္ဂလိပ်လို ပြောတယ်၊ ဟိန္ဒီလိုပြောတယ်။
ကျမက ဟိန္ဒီလို သိပ်မတတ်၊ ဒေသခံကလည်း အင်္ဂလိပ်လို သိပ်မတတ် ဆိုရင်တော့ လက်ဟန်ခြေဟန်တွေပါ ထည့်သုံးရတာပေါ့။း)

မြန်မာ ဆိုတာကို ဘင်္ဂါလီလို মায়ানমার လို့ ရေးပြီး
ဟိန္ဒီလိုတော့ म्यांमार လို့ ရေးပါတယ် တဲ့။
ဇာနည်မာန်ပြောပြတာ မဟုတ်ပါ၊
http://translate.google.com မှာ စမ်းကြည့်တာပါ။


၂။ ဒေလီက အရပ်သားတွေ မြန်မာပြည်ကို သိကြသလား။
တော်တော်များများကတော့ မြန်မာပြည်ကို မသိသလို မြန်မာနိုင်ငံသား ဒုက္ခသည်တွေကိုလည်း မသိကြပါဘူး။ ကျမတို့ မြန်မာနိုင်ငံသားတွေက အာသံ၊ မဏိပူရ်၊ မီဇိုရမ်ပြည်နယ်ကလူတွေနဲ့ မျက်နှာပေါက်ချင်းဆင်တော့ အဲ့ဒီပြည်နယ်က လူတွေလို့ ထင်တာရှိတယ်။

နောက် - အိန္ဒိယမှာ နီပေါနိုင်ငံက တရားမ၀င် ရွှေ့ပြောင်းလုပ်သားတွေ တော်တော်ပေါတယ်။ အဲ့ဒီနီပေါလူမျိုးတွေနဲ့ မြန်မာတွေက ပုံစံဆင်တူတော့ နီပေါလူမျိုးတွေလို့ ထင်တာလည်း ရှိတယ်။


ထူးဆန်းတာ တခုက ပညာတအားတတ်တဲ့အသိုင်းအ၀ိုင်းလောက်နဲ့၊ စီးပွားရေးအရဖြစ်ဖြစ် တစုံတခု ဆက်စပ်မှုရှိတဲ့သူမျိုးကပဲ မြန်မာနိုင်ငံဟာ သူတို့ အိမ်နီးချင်းနိုင်ငံတခု ဆိုတာကို သိနားလည်ကြတယ်။

အိန္ဒိယသားတွေ တော်တော်များများက မြန်မာလို့ပြောရင် သူတို့နိုင်ငံထဲက ပြည်နယ်တခုလား၊ ဒါမှမဟုတ် ဟိုးအနောက်နိုင်ငံတခုလားလို့ ထင်ကြတယ်။

တချို့ကျပြန်တော့ သူတို့ရဲ့ ပြည်နယ်တွေတောင် သူတို့မသိကြဘူး။ ဥပမာ တို့နိုင်ငံဟာ မင်းတို့နဲ့အိမ်နီးချင်းပဲ၊ မဏိပူရ်၊ မီဇိုရမ်နဲ့ ကပ်နေတယ်လို့ ပြောလိုက်ရင် အဲဒါတွေကို သူတို့ပိုင်ပြည်နယ်တွေလို့ မထင်ဘဲ တခြားနိုင်ငံတခုလို့ ထင်တဲ့သူတွေကိုလည်း တွေ့ဖူးတယ်။

၃။ ရုပ်ရှင်တွေထဲမှာ တွေ့ရတဲ့ အိန္ဒိယ နဲ့ ဇာနည်မာန်တို့ မြင်နေရတဲ့ အိန္ဒိယ ဘာတွေ ကွာခြားသလဲ။
အိန္ဒိယရုပ်ရှင်တွေ၊ အထူးသဖြင့် အခုနောက်ပိုင်း ဘောလီဝုဒ်က ထုတ်တဲ့ ရုပ်ရှင်တော်တော်များများက တကယ့်လက်တွေ့ဘ၀နဲ့ တော်တော်လေး နီးစပ်ပါတယ်။ ဆင်းရဲမှု၊ ချမ်းသာမှု ကွာဟတာတွေ ရိုက်ပြကြတယ်၊ ဆင်းရဲသား၊ အခြေအနေမဲ့တွေရဲ့ လက်တွေ့ဘ၀နဲ့ နီးစပ်တဲ့ ဆက်တင်တွေနဲ့ ရိုက်ပြတာတွေရှိတယ်။

အော်စကာဆုရ Slumdog Millionaire ဇာတ်ကားဆိုရင် အိမ်ခြေမဲ့ကလေးတွေရဲ့ဘ၀နဲ့ တော်တော်ကို နီးစပ်တာကို တွေ့ရတယ်။

ဖြစ်သလိုဆောက်ထားတဲ့ တဲစုတ်လေးတွေ၊ ညစ်ပတ်ပေပွနေတဲ့ ပတ်ဝန်းကျင်၊ ဟွန်းသံတွေ ဆူညံ၊ ကားတွေ ကြပ်ညပ်နေတဲ့ လမ်းတွေ၊ ဖိနပ်မပါ အ၀တ်အစားမပြည့်မစုံ နွမ်းပါးပေရေနေတဲ့ စာမသင်ရတဲ့ကလေးတွေ၊ ရရာကျပန်းအလုပ်တွေလုပ်ရင်း၊ ရထားပေါ်မှာ၊ ကားဂိတ်တွေမှာ၊ ကားလမ်းတွေပေါ်မှာ ဈေးရောင်းရင်း၊ ခိုးဆိုးလုနှိုက်လုပ်ရင်း ကိုယ့်ဝမ်းကိုယ်ကျောင်းနေတဲ့ကလေးတွေ အဲ့ဒီကလေးတွေကနေ ကြီးလာတဲ့ အခြေအနေမဲ့လူကြီးတွေရဲ့ဘ၀တွေ တဖက်မှာလည်း ချမ်းသာတဲ့ လူကုံထံအသိုင်းအ၀ိုင်းရဲ့ ပုံရိပ်တွေပေါ့။ အားလုံးက ဒီ Slumdog Millionaire ဇာတ်ကားမှာ ထင်ဟပ်နေတယ်လို့ ပြောလို့ရတယ်။

နောက်တခုက အိန္ဒိယမှာ အခုထိ ရှင်သန်နေတဲ့ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုပေါ့နော်။ အဲ့ဒီစနစ်ကြောင့် လက်တွေ့ဘ၀မှာ အမှန်တကယ်ဖြစ်နေတဲ့ လူမှုရေးပြဿနာတွေကို ရိုက်ကူးထားတဲ့ ရုပ်ရှင်၊ ဗီဒီယိုတွေလည်းရှိတယ်။ မျိုးရိုးဇာတ်ဂုဏ်မတူတဲ့ မိသားစုနှစ်ခုက သမီးရည်းစားနှစ်ယောက်ရဲ့ ရိုမီယို၊ ဂျူးလိယက်ဆန်ဆန် ပြဿနာမျိုးတွေပေါ့။

အဲ့ဒီလို ဇာတ်လမ်းမျိုးက လက်တွေ့ဘ၀မှာလည်း တကယ်ရှိနေဖြစ်နေတာပါ။ တလကို အနည်းဆုံး ၂ ခေါက် လောက်ကတော့ ဒီလို မျိုးရိုးအဆင့်အတန်းမတူတဲ့ အသိုင်းဝိုင်းနှစ်ခုက သမီးရည်းစားတွေ သတ်သေကြတာ၊ မိဘစီစဉ်ပေးတဲ့သူနဲ့ မယူနိုင်ဘူးဆိုပြီး ခိုးပြေးကြ၊ လိုက်ပြေးကြလို့ မိဘက လိုက်ဖမ်းရင်း မိဘဂုဏ်သိက္ခာကျအောင်လုပ်တယ်ဆိုပြီး သားကိုသတ်တာ၊ သမီးကို သတ်ပစ်တာတွေက အိန္ဒိယသတင်းစာတွေမှာ အမြဲဖတ်ရလေ့ရှိပါတယ်။

ဒေါင်ရီလို့ခေါ်တဲ့ မိန်းကလေးဖက်က သမီးရှင်ဖက်က သားရှင်ကို သတို့သားကို တင်တောင်းရတဲ့စနစ်ကြောင့် ဖြစ်ရတဲ့ လူမှုရေး၊ မိသားစုရေး ပြဿနာတွေကို ရိုက်ကူးပြတာလည်းရှိတယ်။


ရုပ်ရှင်ထဲက မင်းသားမင်းသမီးတွေက သဘာဝမကျဘဲ အမြဲတမ်း မိတ်ကပ်မပျက်တမ်း၊ ဆံပင်မရှုပ်ပွတမ်း ကျော့ကျော့လေး အမြဲရှိနေတာမျိုး၊ လူကြမ်းသရုပ်ဆောင်တွေရဲ့ မျက်နှာထား၊ စကားပြောပုံဆိုပုံ၊ ၀တ်ပုံစားပုံ၊ သရုပ်ဆောင်ပုံတွေက ဇာတ်ကားတိုင်းလိုလိုမှာ တသမတ်တည်းလိုလိုဖြစ်နေတာမျိုး၊ သရဲကား၊ တစ္ဆေကား၊ Science Fiction လို ရုပ်ရှင်မျိုးတွေမှာ အမူအယာ ပိုလွန်းတာ၊ visual effect အားနည်းတာမျိုး စတာတွေတော့ ရှိတာပေါ့။


the end
अंत
শেষ





'

4 comments:

  1. ကေကေအိုSeptember 10, 2011 at 8:56 AM

    သူတို့နိုင်ငံ ပြည်နယ်တစ်ခုက လူတွေလဲ မဟုတ်ဘူး၊ အနောက်နိုင်ငံတစ်ခုက လူတွေလဲ မဟုတ်ဘူး၊ ပေါက်ဖော်ကြီးတို့ လက်အောက်က လူတွေပါဗျာ။ ပေါက်စီနဲ့ ချာပါတီ လဲစားရအောင်လေ။

    ReplyDelete
  2. ဇာနည်မာန်ရဲ့ 
    နံပါတ် ၂ နှင့် ၃ အဖြေက အိန္ဒိယနိုင်ငံသား မြင်တဲ့ မြန်မာပြည်မဟုတ်ပဲ မြန်မာနိုင်ငံသားမြင်တဲ့ အိန္ဒိယနိုင်ငံ အမြင် ဖြစ်နေတယ်ထင်တယ်။။
    ကျတော်သိသလောက် အိန္ဒိယနိုင်ငံသား မြင်တဲ့ မြန်မာပြည် ဆိုတာ ၄ မျိုးခွဲခြားကြည့်ရအောင် ။။
    (၁) ပထမ အမျိုးစား
    မြန်မာ (ဗမာ) ပြည်ဆိုတာ တခါမှ မကြားဘူးသူ။ ရှိမှန်းမသိသူ ။ (အိန္ဒိယနိုင်ငံရဲ တ၀က်သာသာ ဖြစ်တဲ့ ဆင်းရဲသား ပညာမဲ့ များ
    (၂) ဒုတိယတမျိုး က အသက် ၄၀ အောက်
    BURMA လို့ ပြောရင် တွေးဝေစဉ်စားနေပြီး MYANMAR ဆိုမှသိကြတယ်။။
    ခေတ်ပညာတတ် ထဲမှ စာဖတ်အားကောင်းသော လူငယ်တချို့  MYAMAR ဆိုတာ
    အိမ်နီးနားချင်းနိုင်ငံ ၊ AUNG SAN SUU KYI ရှိတဲ့နိုင်ငံ ။
    ဒီထက်ပိုသိသူတွေက မွန်ဂိုဘုရင် သျှားစဟား ကို အင်္ဂလိပ် က ဖမ်းသွားတဲ့ နေရာ။။ စသည်ဖြင့်
    သူတို့ အရွယ်တွေ လေသံမှာ မြန်မာပြည်ဆိုတာ နီပေါလ် လို ဘင်္ဂလာဒေ့ (ရှ်)လို ဘူတန်လို နိုင်ငံသေး လို့ ယူဆပြောဆိုကြတယ်။။ Dictatorship ဆိုတာမျိုးလောက်။ ဒါထက်ပိုပြီးစိတ်ဝင်စားတာ မတွေ့ ရဘူး။
    ဥပမာ ထိုင်းလို မလေးရှားလို ဘာလီ လို လည်ပတ်လိုစိတ်နှင့်  အားရပါး စိတ်ဝင်တစား မပြောဘူး ။။
    (၃) တတိယတမျိုးးက အသက် (၄၀) အထက်
    တော်တော်များများ BURMA ဆို သိကြပါတယ်။
    ပါကစ်စတန် ၊ဘင်္ဂလားဒေ့ရှ် လိုပဲ မြန်မာနိုင်ငံကို သူတို့ ဆီက ခွဲထွက်တဲ့ နိုင်ငံလို့ ပြောကြ မြင်ကြပုံပဲ။။
    ဒါမေမယ့် သူတို့ က ခွဲထွက်တယ်လို့ ဆိုတဲ့ ပါကစ်စတန် ၊ဘင်္ဂလားဒေ့ရှ် တွေအကြောင်းပြောရင်တွေ့ ရတဲ့ မုန်းတီးမှု လေသံကိုတော့ မြန်မာပြည်ကြောင်းပြောရင် မတွေ့ ရဘူး။။
    သူတို့ အရွယ်တွေထဲ က စာဖတ်တဲ့ ပညာတတ်လောက်ပဲ MYANMAR ဆိုတာ ကြားဖူး ကြမယ်။။
    (၄) မြန်မာပြည်ဖွား အန္ဒိယနိုင်ငံသား
    ဦးနေ၀င်း ပို့ လို့ လာရတဲ့  လက်လုပ်လက်စား အိန္ဒိယသားတွေပဲဖြစ်ဖြစ် ။ ဗျူရိုကရက်အနေနဲ့ နေပြီး အချိန်တန် အိမ်ပြန်ခဲ့သူ အိန္ဒိယသားတွေတွေ ပဲဖြစ်ဖြစ် မြန်မာပြည်အကြောင်းပြောရင် မြန်မာပြည်ကိုမြင်တာ ချစ်ချစ်ခင်ခင်လေးလေးစားစားပါ။။ အေးအေးချမ်းချမ်း ပျော်စရာကောင်းတဲ့မြေပေါ့ ။ လွမ်းပြီး စကားစ မပြတ်အောင်ပြောကြတဲ့ သူတွေ။။ မြန်မာပြည်ကို ဦးနုလို အစိုးရမပြောင်းသေးဘူးလား ဆိုတာတွေကြားရတတ်တယ်။။
    (လွန်ခဲ့သော နှစ်လေးဆယ်ခန့်က မြန်မာပြည်မှာနေခဲ့ကြတဲ့ အိန္ဒိယလူမျိုးများအမြင်ကိုသာ ဆိုချင်ပါတယ်)
    သူတို့ သိတဲ့ မြန်မာပြည်ဆိုတာကလည်း အောက်က လင့်မှာပါတဲ့ ကြည့်ပြီး အဲဒီခေတ်မြန်မာပြည်ကို ခန့်မှန်း အကဲခတ်နိုင်မှာပါ..
    သီးချင်းနာမည်က “ ကျမချစ်သူ ရန်ကုန်မှာ“ ဖြစ်ပါတယ်။ အိန္ဒိယကလွမ်းတဲ့ချစ်သူက ဖုန်းဆက်မေးတာ ကို
    ရန်ကုန်ကချစ်သူက ရန်ကုန်မှာနေနေရတဲ့ သဘောသဘာဝကို ပြောပြနေတာပါ။။ တချိန်က ရေဒီယိုမှာတာမည်ကြီး လူကြိုက်များခဲ့ရတဲ့သီးချင်း ။။ ခုခောတ် DJ MIX လုပ်ထားတာတောင်ရှိပါတယ်။။
    Mere piya gaye Rangoon Patanga(1949)
    “ ကျမချစ်သူ ရန်ကုန်မှာ“
    http://www.youtube.com/watch?v=NYE7ufCuAO0

    နောက်တခုက
    အိန္ဒိယမှာ ဘင်္ဂါးလ်မှာမှ မဟုတ်ဘူး. ပြည်နယ်တိုင်းမှာ သူ့ ပြည်နယ်စကားကို သာပြောကြတယ်။။
    New Delhi တခုတည်းသာလျှင် သီးသန့်  ဘာသာစကား၊ သီးသန့် လူမျိုး မဟုတ်တဲ့ ထူးခြား တိုင်း ဒေသတခုဆိုရမှာပါ။။
    Common Language ကတော့ Hindi +Urdu ရောနေတဲ့ စကားဖြစ်ပါတယ်။။
    (ကျောင်းစာနှင့် Bollywood ကြောင့်လူတိုင်း နားလည်ပြီး၊ သက်ဆိုင်ရာဒေသသံ ၀ဲဝဲနှင့် ပြောနိုင်ကြတယ်။။)
    Official Language ကတော့ English ဖြစ်နေပါတယ်။။

    ReplyDelete
  3. Actually Assam,Manipur,Mizoram state were not included in India impire before British occupied.They did not want under Burma king so happend first English Burma war 1824.That was why General Aung San had plan to occupy these state with Japanese troop.But after independent English did not give back to Burma.Also Smith Island(Port Blair) was not belong to them.same as Pakistan and Bangladesh.

    ReplyDelete
  4. commentက သတင်းထက် တောင်ပိုပြည့်စုံနေသေး။နောက်ဆိုcomment ပဲဖတ်တော့မယ်။

    ReplyDelete