Pages
▼
Thursday, September 15, 2011
ဖိတ်လည်း ဖိတ်ခေါ်၊ ထောင်ဒဏ်တွေလည်း ထပ်တိုး
မနှစ်က X2O သင်္ကြန်မဏ္ဍပ် ဗုံးကွဲမှုမှာ ဓာတ်ပုံရိုက်လို့ဆိုပြီး အဖမ်းခံရ၊ ထောင်ဒဏ် ၈ နှစ် အချခံရတဲ့ ကိုစည်သူဇေယျကို၊ အီလက်ထရောနစ် ပုဒ်မ ထပ်တပ်ပြီး ထောင်ဒဏ် ၁၀ နှစ် ထပ်တိုးလိုက်ပါတယ်။ ဖခင်ဖြစ်သူ ဦးဇေယျဟာလည်း ရှမ်းပြည်နယ် သီပေါထောင်မှာ ထောင်ဒဏ် ၁၃ နှစ် ကျနေပါတယ်။
ဟိုတလောက ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကိုလည်း အီလက်ထရောနစ် ပုဒ်မနဲ့ပဲ ထောင်ဒဏ်ချမှတ်တာ ဖြစ်ပါတယ်။
ပြည်ပကလူတွေ ပြန်လာပါဆိုပြီး ပြည်တွင်းမှာ ထောင်ကျနေသူတွေကိုလည်း မလွှတ်၊ ထပ်ဖမ်းသူတွေကိုလည်း လိုသလို ပုဒ်မတပ်ပြီး ထောင်ဒဏ်နှစ်အများကြီး ချနေဆဲ တွေ့ရတော့ စိတ်ပျက်စရာ ကောင်းပါတယ်။
အခင်းဖြစ်ပွားရာမှာ ဓာတ်ပုံရိုက်မှု၊ ပြည်ပအခြေစိုက် မီဒီယာနဲ့ ပတ်သက်မှုတွေကို အငြိုးထား ထောင်ချနေရင် သူတို့ ဖိတ်ခေါ်တာတွေကို သံသယရှိတာတော့ မလွန်ဘူး ထင်ပါတယ်။
ဒီနေ့ကတော့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဆိုပြီး ပထမဆုံးအကြိမ် နေပြည်တော်မှာ ကျင်းပနေပါတယ်။ ရှေ့ကဖုံး နောက်က ပေါ်ပေါ့။
( သတင်းအပြည့်အစုံ ဖတ်ရန် )

ိပြုပြင်ပြောင်းလဲမှုတွေလုပ်နေပါပြီဆိုတဲ့ ကြံ့ဖွံအစိုးရရဲ.ဒီလိုလုပ်ရပ်တွေဟာအတော်လေးစိတ်ပျက်ဖို.ကောင်းပါတယ် ...
ReplyDeleteလူစိတ်မရှိတဲ့၊အကြင်နာတရားမရှိတဲ့အုပ်ချုပ်သူတွေ.တရားလက်လွတ်.လုပ်ကိုင်နေကြတုန်းပါဘဲလားဟုမြင်မိပါသည်။
ReplyDeleteမတရားတဲ့အမှု့ ဆင်မှု့ တွေ မတရားတဲ့ ဥပဒေတွေ နဲ့ ပြည်သူတွေ့ ရဲ့ ခံစားချက်တွေကို
သတင်းအဖြစ်ပြောင်းလဲပေးတဲ့ လူကောင်းတွေ
ကိုဖမ်းဆီးပြီးတော့ လဘ်စားအကျင့်ပျက်စီးနဲ့ တ
ဲ့ အုပ်ချုပ်သူတွေမျက်နှာပြောင်တိုက်.အရေးမယူဘဲ.လုပ်နေတာတွေ ဟာ.တချိန်ကိုယ်အလှဲ့ ရောက်လာလိမ့်မယ်လို့ ......ပြောပါရစေ.။