Pages

Wednesday, September 28, 2011

စိုးရိမ်ရေမှတ်ကျော်သွားတဲ့ ချင်းမိုင်

....



(ဓာတ်ပုံများ - ငြိမ်းဇော်/ဧရာဝတီ)

ချင်းမိုင်ခရိုင်၊ Mae Taeng ဒေသက ရွာတရွာ တောင်ကျရေဒဏ် တညလုံး ခံလိုက်ရတယ်၊ မိသားစုဝင် ၅ ဦးထဲက ၄ ဦးရဲ့ ရုပ်အလောင်းကို ဒီနေ့ တွေ့ရတယ်လို့ ဒီနေ့ နေ့ခင်း ဘန်ကောက်ပို့စ်သတင်းစာ အွန်လိုင်းမှာ ရေးထားပါတယ်။
ကျန်တဲ့တဦးကို ရှာဖွေနေဆဲပါ။

ဒီမနက် ၁ နာရီမှာ ကြုံရတဲ့ တောင်ကျရေကြောင့် စုစုပေါင်း အိမ် ၄ လုံး ပျက်သွားတယ်လို့ ဆိုတယ်။

ခရိုင်မြို့တော် ချင်းမိုင်မှာလည်း ကျောင်းတွေ ရုံးတွေအတော်များများကို ရုတ်တရက်ပိတ်လိုက်ပါတယ်။
မြို့တွင်းလမ်းမတွေဟာ နေ့ခင်းမှာ ကားတွေဆိုင်ကယ်တွေနဲ့ ပြည့်သွားတယ်။

ရေကြီးမှုကြောင့် ဘန်ကောက်-ချင်းမိုင် ရထားခရီးစဉ်တခု ဖျက်လိုက်တယ်လို့ နေးရှင်းသတင်းစာ အွန်လိုင်းက ဆိုပါတယ်။ ခရီးသည် ၅၀၀ ထက်မနည်းကို ဘတ်စ်ကားပေါ် တင်ပေးလိုက်တယ် တဲ့။

ချင်းမိုင် နိုက်ဘဇားကိုသွားတဲ့လမ်း








ချင်းမိုင် ခရိုင်ဝန် Panadda Disakul (ကာကီရောင်ဘောင်းဘီနှင့်)

ချင်းမိုင်မြို့လယ် န၀ရတ်တံတားအနီး မဲ့ပင်းမြစ်ဘေးတနေရာ


ရေကြီးမှုကို မှတ်တမ်းတင်ပြီး facebook လို လူမှုသတင်းကွန်ရက်တွေမှာ ဖော်ပြနေကြပါတယ်



....

No comments:

Post a Comment