Pages

Sunday, October 23, 2011

ပိုစတာကိုင်ဆောင်မှုနဲ့ အဖမ်းခံရသူများ နောက်ဆက်တွဲ



ဥသျှစ်ပင်မြို့နေ ကိုသူရ (ခ) ပန်းတောင်း၊ အုတ်ဖို့မြို့နေ ကိုဝေဖြိုး (၁၈) နှစ် (သမိုင်းကျောင်းသား၊ စာပေးစာယူ ဒုတိယနှစ်) နဲ့ ပြည်မြို့နေ ကိုဇာနည်ထွန်း (၂၃) နှစ် တို့ဟာ နိုင်ငံရေး ပိုစတာများ ကိုင်ဆောင်မှုဖြင့် သြဂုတ်လက အဖမ်းခံခဲ့ရပြီး လာမယ့် ၂၇ ရက်နေ့မှာ ရုံးချိန်း ထပ်ရှိကြောင်း သိရပါတယ်။

သူတို့ဟာ အလျား ၄ပေ၊ အနံ ၆ ပေရှိ ပိုစတာမှာ “မြန်မာပြည်သူများဘက်တွင် ကမ္ဘာ့ပြည်သူများ ရပ်တည်နေသည်။ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေအကျဉ်သားများ ချက်ချင်းလွှတ်” စာတန်း၊ ရဟန်းသံဃာ ၈၄ ပါးနဲ့ နှိင်ငံရေးအကျဉ်းသား ၅၁၃ ပုံပါ FREE BURMA ပိုစတာ၊ စုစုပေါင်း ၇ ခု ကပ်မှု၊ ဆိုင်ကယ်လိုင်စင်မဲ့ မောင်းနှင်းမှုတို့နဲ့ သြဂုတ်လ ၁၂ နေ့ ညနေမှာ သဲကုန်းမြို့နယ် အင်းမမှာ အဖမ်းခံခဲ့ရတာပါ။

ကိုသူရ (ခ) ပန်းတောင်းဟာ သဲကုန်းမြို့နယ် အင်းမရဲစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ သြဂုတ်လ ၁၄ ရက်နေ့မှာ သဲကုန်းမြို့နယ် တရားရုံးမှာ ရုံးတင်ခဲ့ပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့မှာ ပြည်မြို့ထောင်ကို ကိုဝေဖြိုးနဲ့ ကိုဇာနည်ထွန်းတို့ကို ပို့ခဲ့ပြီး သြဂုတ် ၁၇ ရက်နေ့မှာ ပြည်မြို့တရားရုံးမှာ ရုံးတင်ခဲ့ပါတယ်။

FREE BURMA ဗီနိုင်းပိုစတာ ၇ ခုကို CID က စစ်ဆေးပါတယ်။

သဲကုန်းမြို့နယ်တရားရုံးက ကိုသူရ (ထွက်ပြေး)၊ ကိုဝေဖြိုးနဲ့ ကိုဇာနည်ထွန်းတို့က ၁၉၆၂ ခုနှစ် ပုဒ်မ ၁၇ (၁) ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေနဲ့ အရေးယူဆောင်ရွက်ရန် အကြံပြုသဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ပါတယ်။

ကိုဝေဖြိုးနဲ့ ကိုဇာနည်ထွန်းတို့ကို ၁၉၄၇ ခုနှစ် ပုဒ်မ ၅ (၁)၊ ၅ (၃) သွင်းကုန်ထုတ်ကုန် ကြီးကြပ်ရေး ယာယီဥပဒေနဲ့ ၁၉၆၂ ခုနှစ် ပုဒ်မ ၁၇ (၁) ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေဖြင့် ပြည်မြို့ပဲခူးတိုင်းဒေသကြီး တရားရုံးမှာ ရုံးတင်ထားပါတယ်။ ခဏခဏ ရုံးချိန်းနေပါတယ်။ လာမယ့် ၂၇ ရက်နေ့မှာ ပြည်မြို့ တရားရုံးမှာ ရုံးချိန်းထပ်ရှိပါတယ်။

HRDP လူ့အခွင့်အရေး တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနဲ့ NLD ဥပဒေ အထောက်အကူပြုရှေ့နေ မဇင်မိုးထိုက်တို့ လိုက်ပါဆောင်ရွက်နေပါတယ်။

ကိုဝေဖြိုးနဲ့ ကိုဇာနည်ထွန်းတို့ကို ဖမ်းဆီးခြင်းဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးပါ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးအပိုဒ် (၁၉) ကို ချိုးဖေါက်ခြင်းဖြစ်ပါတယ်။

(ပြည်မြို့မှ ပေးပို့ပါတယ်)





6 comments:

  1. နှစ်မျိုးမဟုတ်ဘူး။ ၆ မျိုး။
    ခုတစ်မျိုး တော်ကြာတစ်မျိုး၊
    လိုတစ်မျိုး မလိုတစ်မျိုး၊
    ရရင်တစ်မျိုး မရရင်တစ်မျိုး။

    ReplyDelete
  2. ဟောဒီမှာ နောက်တမျိုး
    "ငါ့အမျိုး"

    ReplyDelete
  3. ကောင်းလိုက်တဲ့ မှတ်ချက်လေးဗျာ။ မြန်မာပြည်မှာ အဲဒီဥပဒေ (၆)မျိုး ထုတ်ပြန်လိုက်တာ သိတောင်မသိလိုက်ဘူး။ ဟ ဟ ဟ။

    ReplyDelete
  4. The Above comment is 100% true.

    ReplyDelete
  5. I like that comments.

    ReplyDelete
  6. ၆ မျိုးမကဘူးကိုယ့်လူရေ ၈မျိုး
    ချစ်ရင်တမျိုး မုန်းရင်တမျိုး ကျန်သေးတယ်၊

    လူခင်ရင် မူပြင်
    လူမုန်းရင် မူသုံး ဆိုတာကြာကြာလှပေါ့

    လာတ်ပေးလာတ်ယူ ဒို့ ကြည်ဖြူ
    လာတ်ယူလာတ်ပေး ဒို့ အရေး သူတို့ခေတ်ရဲ့ ရောင်ပြန်စာတန်းတွေ ရေးရေးလို့ကုန်မထင်ပေါင်ကွယ်

    ReplyDelete