Pages

Sunday, October 23, 2011

NLD ပန်းချီပြပွဲ



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြန်ကြားရေးဌာနနဲ့ ပြင်ပပန်းချီပညာရှင်တွေ ပူးပေါင်းပြသတဲ့ The Portraits of Myanmar People Art Show ဖွင့်ပွဲ အခမ်းအနားကို NLD ဗဟိုအစည်းအဝေးခမ်းမမှာ ဒီနေ့ မနက်က ကျင်းပပါတယ်။

ပန်းချီပြခန်းကို ဒေါ်အောင်ဆန်းစုကြည်က ဖွင့်လှစ်ပေးပါတယ်။ NLD အဖွဲ့ဝင်များ၊ ပန်းချီပညာရှင်များ ပြည်တွင်းမီဒီယာများ အပါအ၀င် ပရိတ်သတ် ၁၅၀ ကျော် တက်ရောက်ပါတယ်။ ပြခန်းမှာ ပန်းချီ ၅၉ ကား ပြသထားပါတယ်။

ဒါ့အပြင် ဘူးသီးတောင် အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနရတဲ့ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ရေးဆွဲပြီး ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ပန်းချီကားကိုလည်း ပြသထားပါတယ်။

ပြပွဲမှာ ရောင်းချရတဲ့ ပန်းချီကားရောင်းရငွေတွေကို NLD ဗဟိုလူမှုအထောက်အကူပြုအဖွဲ့သို့ လှူဒါန်းမယ်လို့ သိရပါတယ်။






No comments:

Post a Comment