Pages

Tuesday, October 25, 2011

ရေဆန်လမ်း

.





Into The Current - ရေဆန်လမ်း လို့ အမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင်က မြန်မာပြည်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့်ထိန်းသိမ်းခံရသူများအကြောင်း ဖြစ်ပါတယ်။

ရှစ်လေးလုံး လှုပ်ရှားမှုကာလ ရှားပါးတဲ့ ရုပ်သံရိုက်ကူးချက်တွေလည်း ပါဝင်ပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်က နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း နဲ့ DVB ခေါ် ဒီမိုကရက်တစ်မြန်မာ့အသံတို့ရဲ့ မူပိုင်ဖြစ်တယ်လို့ သိရပါတယ်။

၁၉၈၈ ခုနှစ် ရွှေတိဂုံခြေရင်းမှာ သမိုင်းဝင်မိန့်ခွန်း ပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

ရှစ်လေးလုံး မြင်ကွင်းတခု

မင်းကိုနိုင်ရဲ့ ပြောဆိုချက်
Link
ရာဘကျည်ဆံထိတယ် ဆိုသူတွေ

ဒီမှတ်တမ်းရုပ်ရှင်ကို မြန်မာပြည်က DVB ရုပ်သံ ပရိသတ်များ ကြည့်ရှုခွင့်ရမှာပါ။ ဘယ်တော့ ထုတ်လွှင့်မယ်ဆိုတာ မသိရသေးပါ။

ရှေ့လ ၂၀ ရက်နေ့ တနင်္ဂနွေနေ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ရုပ်ရှင်ပြပွဲမှာတော့ ဒီမှတ်တမ်းကား ပြသမယ်လို့ ဆိုပါတယ်။
http://www.amnestyfilmfest.ca/vancouver.html
ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့မှာပါ။



မှတ်တမ်းရုပ်ရှင် နမူနာ



.

1 comment:

  1. မောင်ကောင်း (กรุงเทพฯ)October 25, 2011 at 6:11 PM

    သက္ကရာဇ် ၂၀၀၀ နောက်ပိုင်း ဒစ်ဂျစ်တယ်ခေတ်မှာ အင်မတန်နိမ့်တဲ့ ရီဇလူးရှင်းနဲ့ရိုက်ထားတဲ့ လက်ကိုင်ဖုန်းထဲက ဗွီဒီယိုဖိုင်ကိုတောင် ဖလင်ကွာလတီဖြစ်အောင် ဖလင်ပေါ်တင်လို့ရအောင် Up Res: လို့ခေါ်တဲ့ နည်းပညာနဲ့ ရီဇလူးရှင်းကိုပြန်မြင့်နိုင်တဲ့နည်းပညာရပ်ပေါ်လာတယ်၊ ဈေးအလွန်ကြီးတယ်၊အချိန်လဲတော်တော်ယူတယ် Y2K နောက်ပိုင်း ထိုင်းမှာတောင် အဲ့ဒီလိုလုပ်တဲ့ ကုမ္ပဏီတခုပဲရှိတယ် http://www.the-post-bkk.com/ တဲ့ Any DV format ကို ဖလင်ပေါ်တင်နိုင်တဲ့အထိလုပ်လာတယ်၊ Burma VJ မှာလဲ တချို့လက်ကိုင်ဖုန်းနဲ့ ရိုက်ထားတဲ့ footage တွေကို တော်တော်လေးကောင်းအောင် တချို့ up res ပြန်လုပ်ထားတာတွေတွေ့ရတယ်၊ အခု "ရေဆန်လမ်း" ဆိုတဲ့ မှတ်တမ်းကိုလဲ Up Res: သေချာပြန်လုပ်သင့်တယ်၊ အခုတော့ ဈေးနည်းနည်းသက်သာလာပြီထင်ပါတယ်၊

    ReplyDelete