ထိုင်းစစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထားသည့် ချင်ရိုင်ခရိုင် ချင်းစန် မြို့နယ် မဲခေါင်မြစ်အတွင်းမှ တရုတ်နိုင်ငံ အလံတပ်ဆင်ထားသော သင်္ဘော ၂ စီး (ဓာတ်ပုံ - ဘန်ကောက်ပို့စ်)
တလောက ထိုင်း-မြန်မာ နယ်စပ် မဲခေါင်မြစ်မှာ ကုန်တင်သင်္ဘော ၂ စင်းပေါ်က တရုတ်သင်္ဘောသား ၁၃ ယောက်ကို သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ ထိုင်း စစ်သား ၉ ယောက်က သူတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံပြီး ရဲထံ အဖမ်းခံတယ်လို့ ဒီနေ့မှာ ထိုင်းရဲဌာနက ပြောကြောင်း Reuters သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
သင်္ဘောနှစ်စင်းပေါ်မှာ တရုတ်သင်္ဘောသားများဟာ အောက်တိုဘာလ ၅ ရက်နေ့က မြန်မာ-ထိုင်း-လာအို နယ်စပ်ဆုံရာ မူးယစ်ဆေးဝါးကုန်ကူးမှုနဲ့ နာမည်ကျော်တဲ့ ရွှေတြိဂံနယ်မြေအတွင်း တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ပါတယ်။
ဧရာဝတီက တင်ပြခဲ့ဖူးတဲ့ သက်ဆိုင်ရာ သတင်းတွေကို အောက်မှာ ဖတ်နိုင်ပါတယ်။
မဲခေါင်မြစ်အတွင်း တရုတ်လူမျိုးများ အသတ်ခံရ
တရုတ်သင်္ဘောများ မဲခေါင်မြစ်သွားလာမှု ရပ်ဆိုင်း
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းဆန် ဒိစတြိတ် ရဲအကြီးအကဲက အမှုကျူးလွန်ခဲ့တဲ့ ထိုင်းစစ်သားကိုးယောက်အနက် နှစ်ယောက်ဟာ အရာရှိအဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့အကုန်လုံး စစ်တပ်ကချည်းပဲ။ သူတို့ကျူးလွန်ခဲ့တာကို ရဲစခန်းကိုလာပြီး ဝန်ခံတယ်” လို့ ရဲအကြီးအကဲ Phopkorn Kooncharoensuk က ပြောပါတယ်။ ဒါပေမယ့် အသေးစိတ် ဖြေဆိုဖို့တော့ ငြင်းဆန်သွားပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ရဦးမယ်လို့ ဆိုပါတယ်။
Source: Reuters

No comments:
Post a Comment