...
ဒါဟာ ရယ်စရာကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။
အမေရိကန်ပြည်ထောင်စု လာစ်ဗေးဂတ်စ်မြို့ (Las Vegas)နေ အသက် ၄၇ နှစ်အရွယ် အမျိုးသားရဲ့ အဆမတန်ကြီးမား ထွားကြိုင်းလာခဲ့တဲ့ ဝှေးစေ့ ကို ခွဲစိပ်ဖို့ သူ့မှာ ဒေါ်လာ တသန်းလောက် လိုအပ်နေပါတယ်။ သူရဲ့  ဝှေးစေ့ဟာ ၄၅ ကီလိုဂရမ်တောင် လေးပါသတဲ့။
အဲလောက် အင်မတန်ကြီးသွားတဲ့ အတွက် သူက သမားရိုးကျ ဂျင်းဘောင်းဘီတွေလည်း ဝတ်လို့မရ၊ လမ်းလျှောက်တဲ့ အခါမှာလည်း ဒုက္ခ၊ အိမ်သာတက်တဲ့အခါမှာလည်း ဒုက္ခ၊ ဒုက္ခမျိုးစုံ ကြုံနေရကြောင်း Las Vegas Review-Journal ကို ဖွင့်ဟထားပါတယ်။
"ဒီဒုက္ခကြီးကြောင့် အခန်းထဲမှာပဲ နေခဲ့ရပါတယ်၊ ထသွား ထလာ လုပ်ရတာလည်း မလွယ်ကူပါဘူး၊ သူများတွေလို သူငယ်ချင်းတွေလို ရည်းစားတွေ ထားချင်ပါတယ်" လို့ သူက ပြောပါတယ်။
အဆမတန်ကြီးတဲ့ သူ့ ဒုက္ခကြီးကို ခွဲစိတ်ကုသဖို့ အလှူခံနေပါတယ်။
Source: Las Vegas Review Journal
Images: Wesley Warren Jr
...
Scrotal Elephantiasis ဟာ ဝှေးစေ့ကြီးမားလာတာမဟုတ်ပါ။
ReplyDeleteဧရာဝတီဟာ ဒါမျိုးအမှားတွေခဏခဏလုပ်ပြီး၊ထောက်ပြတော့လဲမကြိုက်ပါ။