Pages

Wednesday, October 26, 2011

ဆိပ်ဖြူရောက် ရဲတိုက်ဖောင်ဒေးရှင်း

.




ရုပ်ဆောင်ရဲတိုက်
နဲ့ သူ့ရဲ့ ဖောင်ဒေးရှင်း အဖွဲ့သားများရဲ့ မကွေးတိုင်း ဆိပ်ဖြူမြို့ ရေဘေးသင့်ဒေသ ကူညီရေး ခရီးစဉ်အကြောင်း မှတ်တမ်းဓာတ်ပုံတွေ ဖြစ်ပါတယ်။
ရဲတိုက်ဖောင်ဒေးရှင်း Facebook မှာ တွေ့ရတဲ့ ဓာတ်ပုံနဲ့ အချက်အလက်တွေကို ကူးယူ ဖော်ပြလိုက်ပါတယ်
စစ်ကိုင်းတိုင်း မကွေးတိုင်း ဒေသ အများအပြားမှာ အောက်တိုဘာ ၁၉၊ ၂၀ ရက်နေ့ မိုးသည်းထန်မှုကြောင့် ရေကြီးခဲ့ပါတယ်

ရဲတိုက်ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်းများသည် ရေလွှမ်းမိုးမှု့ကိုဆိုးရွားစွာခံခဲ့ရသော ဆိပ်ဖြူမြို့နယ်မှ ကျေးရွာအချို့သို့ အောက်တိုဘာ ၂၂၊၂၃ရက်နေ့များက သွားရောက်ကာ ရေဘေးသင့်ပြည်သူများလိုအပ်နေသော ဆန်၊ခေါက်ဆွဲခြောက်၊ ရေသန့်ဆေး၊ပဲကြော်၊ရေသန့်ဘူးစသည့် အစားအသောက်များကို သွားရောက် လှူဒါန်းခဲ့ပါသည်။
ယောချောင်းနှင့်ချစ်ချောင်းစသည့် ချောင်းရေများလျှံကာ အိုးအိမ်များဆုံးရှုံးခဲ့ရကာ ထိုဆိပ်ဖြူမြို့နယ်မှ ကျေးရွာ ၂၅ရွာမှာ အကူအညီ များစွာလိုအပ်နေပါသေးသည်။
အလှူရှင်များနှင့် ပရိသတ်များ မျှဝေနိုင်ရန် အလှူခရီးစဉ်မှ ဓာတ်ပုံအချို့ကို တင်ပေးလိုက်ပါသည်။ အကူအညီများ လိုအပ်နေသေးသော ဒေသခံများ အတွက် အကူအညီများ ၊ အိမ်သုံးပစည်းများ တတ်နိုင်သလောက် လှူဒါန်းပေးကြပါရန် ရဲတိုက်ဖောင်ဒေးရှင်းက တိုက်တွန်းအပ်ပါသည်။

ရေဘေးသင့် ဆိပ်ဖြူမြို့နယ်၊ကပိုင်ကျေးရွာမှ ကျေးရွာသူ၊ကျေးရွာသားများကို တစ်အိမ်ထောင်လျှင် ဆန်၂ပြည်နှုန်းနှင့် ခေါက်ဆွဲခြောက် ၆ထုပ်၊ပဲကြော် ၅ထုပ်တို့ကို ပေးလှူခဲ့သည်။

အရှေ့ကပိုင်ကျေးရွာသူကျေးရွာသားများနှင့်


ကန်တွင်းကျေးရွာသူ၊သားများနှင့် ရဲတိုက်

ဖောင်ဒေးရှင်း၏ရေဘေးကူညီရေးပထမနေ့ခရီးတွင် လှူဒါန်းမည့်ရွာများသို့ရောက်ရှိရန် ရဲတိုက်ဖောင်ဒေးရှင်းစေတနာ့ဝန်ထမ်းများ ရွံတောထဲတွင် ခက်ခက်ခဲခဲသွားခဲ့ရသည်။

ရဲတိုက်ဖောင်ဒေးရှင်း၏အလှူပစ္စည်းများတင်ဆောင်လာသောကား သဲချောင်းအတွင်း နစ်နေသဖြင့် ဒေသခံများ ၀ိုင်းဝန်းကူညီပေးနေစဉ်။

ရေဘေးသင့်ကျေးရွာများသို့ရောက်ရှိရန် သဲချောင်းကျယ်ကြီး ကို ဖြတ်သန်းရသည်။

ရဲတိုက်ဖောင်ဒေးရှင်း၏အလှူပစ္စည်းများတင်ဆောင်လာသောကား သဲချောင်းအတွင်း နစ်နေသဖြင့် ဒေသခံများ ၀ိုင်းဝန်းကူညီပေးနေစဉ်။

ပြန်တော့မယ့် ရဲတိုက်ကို နှုတ်ဆက်နေတဲ့ ရေဘေးသင့် တောင်ရွာမကျေးရွာသူ၊ရွာသားများ
တောင်ရွာမရွာသည် ရေဘေးကြောင့် ရွာ၏၇၀ရာနှုန်း ပျက်စီးခဲ့ကာ တစ်ရွာလုံးနီးပါး နွံများဖုံးလွှမ်းခဲ့သည့် ကျေးရွာဖြစ်သည်။
ရဲတိုက်ဖောင်ဒေးရှင်းစေတနာ့ဝန်ထမ်းများက ပစ္စည်းများဝေငှနိုင်ရန် ပြင်ဆင်နေကြစဉ်။
ရဲတိုက်ဖောင်ဒေးရှင်းကသွားရောက်လှူဒါန်းခဲ့သော ဆင်နီတောင်ကျေးရွာတွင် အိမ်ခေါင်ထိနစ်မြုပ်ခဲ့သော အိမ်တစ်လုံးကို ယခုလိုတွေ့ခဲ့သည်။


ရဲတိုက်ဖောင်ဒေးရှင်း၏ပထမနေ့အလှူခရီးတွင် ဆိပ်ဖြူမြို့နယ်မှရေဘေးသင့်ရွာများဖြစ်သော ဆင်နီတောင်၊ဒေါင်းသာ၊ချင်းငယ်စသည့်ရွာများသို့သွားရာ လမ်းကြမ်းလွန်းသဖြင့် ကားဖြင့်မသွားနိုင်ဘဲ နွားလှည်းများငှားရမ်းကာ ပစ္စည်းများသယ်ဆောင်ရသည်။




.

13 comments:

  1. well done "ye tike"
    most of the actor and actress should have u attitude.
    great job

    ReplyDelete
  2. အင်း သူလိုအနုပညာရှင်တွေ များများပေါ်ပေါက်လာပါစေ

    ReplyDelete
  3. this is real our burmese/myanmar idol. the rest of actor and actress should be ashame. GOOD ON YOU, YE TIKE..........

    ReplyDelete
  4. မောင်ကောင်း (กรุงเทพฯ)October 26, 2011 at 7:20 PM

    " လူသားအားလုံးကိုလေးစားပါတယ် " ဆိုတဲ့ မောင်ကောင်းတို့ ဇတ်လိုက်ကျော်ကြီး ကိုကျော်ဟိန်းတယောက်လဲ စုံးစမြုတ်စ ပျောက်နေပါ့လား ပရိတ်သတ်တွေကိုကျေးဇူးပါးစပ်နဲ့ တဝကြီးဆပ်ဆပ်နေတာ :)

    ReplyDelete
  5. လွင်မိုးကတော့ ရှက်တတ်ရင် သေဘို့ပဲ ကောင်းတော့တယ်။

    ReplyDelete
  6. သာဓု . . သာဓု . . .သာဓု . . . ဒီထက်ပို၍ ကူညီထောက်ပံ့ ပေးကမ်း လျှူတန်းနိုင် ပါစေ
    စိတ်ချမ်းသာမှု့များနဲ့ ပြည့်စုံကြပါစေ

    ReplyDelete
  7. ကိုညီညီရေ့ သရုပ်ဆောင်လွင်မိုးက မွေးကထဲက ချက်ကြိုးနဲ့ ရှက်ကြိုး မှားပြီးဖြတ်ခံရထားလို့ ပါ။ သူ့ ရဲ့ အသိဥာဏ်မှာ ငွေနဲ့ အာဏာ ရပိုင်ခွင့်တွေ ဖုံးလွမ်းနေပြီ။

    ReplyDelete
  8. Most Burmese actors, actresses and singers think about money and fame only. They never hesitate to curry favor with the repressive regime for their personal interest only. Obviously, most of them are opportunists. There are only very few like Ko Zarganar, Zayar Thaw and Ye Tite. Kyaw Hein is just a mere talker. Lwin Moe is a rhino-iguana.

    ReplyDelete
  9. Even he is an Indian Muslim, he is making something to the Nation.

    ReplyDelete
  10. ကိုရဲတိုက်ခင်မျာ


    ကျေးဇူးအများကြီးကို တင်ပါတယ်။

    လေးစားစွာဖြင့်
    ထွန်းမြင့်ဌေး

    ReplyDelete
  11.ိတူတော်မောင် မောင်ရဲထိုက် အခုလို ကူညီရေးအဖွဲ့အစည်းတွေ ရောက်ရန်ခက်ခဲတဲ့နေရာတွေမှာ့ ကိုယ်တိုင်သွားရောက် ပေးလှုဒါန်တဲ့အတွက် လွန်စွာဝမ်းသာရပြီး သာဓုခေါ်လိုက်ပါတယ်.. ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး ဆပေါင်းများစွား ပေးလှုနိုင်ပါစေ...

    ReplyDelete
  12. ပြေတီဦးတယောက် လဲ ဖောင်ဒေးရှင်း လုပ်ပြီး အလှူတွေ ခံ နေတာ သူ့ ကလေး ကို အဆင့် မြင့် မြင့် မွေးဖို့  ဘဲလားမသိပါ.. ရဲတိုက် I so proud of your kindness even religion of Indian.

    ReplyDelete
  13. အကိုရဲတိုက် အခုလိုသူတစ်ဖက်သားကို ကူညီတာ
    ကောင်းပါတယ်။ဒါပေမယ့်အကိုလှူဖို့နေရာတွေကျန်
    သေးတယ်လို့ထင်တယ်ခင်ဗျာ။ကျွန်တော်တို့မန္တလေး
    ကိုလည်းလာပြီးလှူစေချင်တယ်။
    မန်းလေးမှာမိဘမဲ့ကလေးတွေအများကြီးပါ
    အကိုလာလှူမှားကိုမျှော်နေပါတယ်

    ReplyDelete