Pages

Tuesday, October 25, 2011

မဟာချိုင်က ရေဘေးဒုက္ခသည်တွေအတွက် အလှူ

ထိုင်းနိုင်ငံ မဟာချိုင်ဒေသမှ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ရေဘေးဒုက္ခသည်တွေအတွက် သူတို့ တတ်စွမ်းသလောက် လှူဒါန်းခဲ့ကြတဲ့ ပုံတွေဖြစ်ပါတယ်။ လည်ကတုံး အင်္ကျီ နဲ့ ပုဆိုးတွေ ဝတ်ဆင်ထားတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကိုပါ ပုံထဲမှာ တွေ့နိုင်ပါတယ်။ ဓာတ်ပုံတွေကိုတော့ Human Rights and Development Foundation (HRDF) က ပို့ပေးတာ ဖြစ်ပါတယ်။


ဇူလိုင် ၂၅ ရက်က စတင်ခဲ့တဲ့ ထိုင်းနိုင်ငံက ရေကြီးမှုဟာ အဆိုးရွားဆုံး ရေကြီးမှုတခုအဖြစ် စာရင်းဝင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာနကတော့ ယခုရေကြီးမှုကြောင့် ၃၅၆ ယောက် သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ စနေနေ့က သတင်းထုတ်ပြန် ခဲ့ပါတယ်။


ဒီတကြိမ် ရေကြီးမှုကြောင့် ဆုံးရှုံးမှုတွေဟာ ထိုင်းဘတ် ၅၀၀ ဘီလီယံ ထိ ရှိလာနိုင်တယ်လို့လည်း ထိုင်း စီးပွားရေး ပါမောက္ခကြီးတွေက ခန့်မှန်းကြပါတယ်။



-----

No comments:

Post a Comment