Pages

Friday, October 28, 2011

မောင်အောင်မျိုးရဲ့ စာအုပ်သစ်

.





စာအုပ်အဖုံး

မောင်အောင်မျိုးရဲ့ စာအုပ်သစ် ထွက်နေပါပြီ
တရုတ်မြန်မာဆက်ဆံရေးအကြောင်း ရေးထားတဲ့ စာအုပ်ပါ
တန်ဘိုး S$49.90/US$45.90 ဖြစ်ပြီး
Institute of Southeast Asian Studies က ထုတ်ဝေတယ်
စာမျက်နှာ ၂၃၈ မျက်နှာ ပါဝင်ပါတယ်
အင်္ဂလိပ်ဘာသာနဲ့ ရေးတာပါ


အဖုံးအကြောင်း

စာရေးသူ့စကား

မာတိကာ


မြန်မာဘာသာနဲ့ ကိုးကားချက်များ - ၁

မြန်မာဘာသာနဲ့ ကိုးကားချက်များ - ၂

မောင်အောင်မျိုး ဘယ်သူလဲ

စာရေးသူမောင်အောင်မျိုးက မန္တလေးတက္ကသိုလ်က ဘီအေ အောင်မြင်ခဲ့သူ၊ International University of Japan (IUJ) ကနေ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်နဲ့ အမ်အေဘွဲ့၊
Australian National University ကနေ နိုင်ငံရေးသိပ္ပံ၊ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်တို့နဲ့ ပီအိတ်ခ်ျဒီဘွဲ့ယူထားသူဖြစ်တယ်

အမ်အေဘွဲ့ယူခဲ့တဲ့ IUJ မှာ အရှေ့တောင်အာရှလေ့လာရေး၊ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်တွေ ပို့ချပေးနေတယ် လို့ ဒီစာအုပ်မှာ ဖော်ပြထားပါတယ်

သူ့ရဲ့ Building the Tatmadaw: Myanmar Armed Forces Since 1948 ဆိုတဲ့ မြန်မာ့တပ်မတော် တည်ဆောက်ခြင်း စာအုပ်အကြောင်း မိတ်ဆက်ဆောင်းပါးတွေ ရေးဖူးသူ အောင်သူငြိမ်းက
RFA အသံလွှင့်ဆောင်းပါးတပုဒ်မှာ အခုလို ဆိုခဲ့ဖူးပါတယ်

မောင်အောင်မျိုးလို့ ပြောရင် ပညာရှင်နယ်ပယ်မှာတော့ မြန်မာ့တပ်မတော်နဲ့ ပတ်သက်တဲ့ စာအုပ်၊ စာတန်း ရေးသားသူ၊ ဒီကိစ္စတွေကို အထူးသိမြင် နှံ့စပ်သူ အဖြစ် မြင်ကြလေ့ ရှိပါတယ်။
အခြားသော ပညာရှင်တွေက မြန်မာ့ တပ်မတော်အကြောင်း ရေးသား ဖော်ပြကြရာမှာ Open Source လို့ခေါ်တဲ့ လူအများ လေ့လာ ဖတ်ရှုနိုင်တဲ့ သတင်း၊ စာစောင် တွေကို အခြေခံကြ ရတာပါ။
မောင်အောင်မျိုးကတော့ မြန်မာ့တပ်မတော်မော်ကွန်းတိုက်က မှတ်တမ်းတွေ၊ ဖိုင်တွေ ကြား လေ့လာ ခွင့်ရခဲ့သူ၊ သက်ဆိုင်ရာ လေ့လာမှုနယ်ပယ်ထဲမှာလဲ သေချာကြည့်မြင် လေ့လာနိုင်သူလို့ နာမည်ကြီးပါတယ်။

အခြားသတင်းတွေအရ မောင်အောင်မျိုးက နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်လို့ ခေါ်တဲ့ အဆင့်မြင့် စစ်တပ်အရာရှိကြီး တွေကို လေ့ကျင့်ပေးတဲ့ကျောင်းမှာလည်း ဆရာလုပ်ခဲ့ဖူး တယ်လို့ သိရပါတယ်




.

No comments:

Post a Comment