Pages

Thursday, October 27, 2011

ရသအလင်းရဲ့ အနုပညာပြပွဲ


စင်ကာပူက ရသအလင်း ဖောင်ဒေးရှင်းကကြီးမှူးကျင်းပတဲ့ အနုပညာပြပွဲ ဖိတ်စာ ဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာ ၂၉ ရက်နေ့မှာ မြန်မာပြည်ကနေ ရောက်ရှိနေတဲ့ အနုပညာရှင် သည်မော်နိုင်ရဲ့ အနုပညာ ခင်းကျင်းပြသမှု အစီအစဉ်များနဲ့တကွ ရသအလင်း မိတ်ဆွေများရဲ့ ကဗျာရွတ်ပွဲပါ ပါဝင်မယ်လို့ ဖိတ်စာမှာ ရေးသားထားပါတယ်။ စင်ကာပူရောက် အနုပညာ ဝါသနာရှင်များ သွားရောက်လိုတယ် ဆိုရင်တော့ ဖိတ်စာပါ မြေပုံအတိုင်း သွားရောက်နိုင်ပါတယ်။ ရသအလင်း ဖောင်ဒေးရှင်းဟာ မြန်မာပြည်က ကျန်းမာရေးချို့တဲ့သူ၊ ငွေကြေးချို့တဲ့သူ အနုပညာရှင်များကို အလှည့်ကျ ထောက်ပံ့ပေးနေပြီး အနုပညာ လှုပ်ရှားမှုများ အလျဉ်းသင့်သလို ဆောင်ရွက်နေတဲ့ စင်ကာပူအခြေစိုက် ဖောင်ဒေးရှင်းဖြစ်ပါတယ်။

No comments:

Post a Comment