Pages

Saturday, October 29, 2011

၇၀ ကျော်ရင် ဘာလုပ်မလဲ ??

.




အသက် ?0 နောက်ပိုင်း ဘာလုပ်မလဲ လို့ ကဏ္ဍအသီးသီးမှာ သူ့နည်းသူ့ဟန်နဲ့ ရပ်တည်နေသူတွေကို မေးကြည့်တော့ အဖြေတွေက ဒီလိုပါ -


ဒီမေးခွန်းကိုဖြေလိုက်ပြီထား။
ကျနော်က ၇၀ ကျော်ထိ မနေရရင် ဒီမေးခွန်းလေးက လွမ်းကျန်နေတော့မှာဗျ။
ဟုတ်ကဲ့ - ပိုလုပ်ဖြစ်မှာက စာရေး စာဖတ်နဲ့  အနုပညာလုပ်ငန်းတချို့ ပါပဲ။

ကဗျာဆရာ နေဇော်နိုင်
http://facebook.com/nayzaw.naing


အသက် ၇၀ ကျော်ရင်တော့ ကျနော့်ဇာတိ ပုပ္ပါး ပြန်မယ်
အရင်အတိုင်း မြေပဲ ပြန်စိုက်တော့မယ်။
ကျနော် မလုပ်နိုင်ရင် ကျနော့် သားတွေ၊ သမီးတွေ မြေးတွေလုပ်တာကို ထိုင်ကြည့်မယ်


လူရွှင်တော် ပန်းသီး

ဆိတ်ငြိမ်တဲ့ နေရာနဲ့ ခြံဝန်းကျယ်ကျယ်မှာ သစ်ပင် စားပင် ပန်းပင် တွေစိုက်ပြီး နေချင်တယ်

ဘလော်ဂါ ခင်မင်းဇော်

http://khinminzaw.blogspot.com/


ဟေး၊လား ယောက်ျားဘသားလေးလေ့။
မယ်ကမ္ဘာပြိုင်ပွဲကို ရှေ့တန်းက အားပေးနေချင်ပါတယ်
မယ်ကမ္ဘာနုဿတိဆိုပါတော့။


ဘလော်ဂါ မင်းဒင်
http://www.mindin.info/


မသိပါ။

Ronald အောင်နိုင်၊ စာနယ်ဇင်းသင်တန်းဆရာ
http://facebook.com/RonaldAungNaing

အသက် ၇၀ မှာ စာ ဆက်ရေးနေမယ်
ပန်းချီဆွဲမယ်။
ခရီးသွားမယ်။

ဘလော်ဂါ ဇော်မင်း
fine-leaves.blogspot.com

အသက်၇၀ကျော်ရင် သူငယ်ပြန်မယ်

ဘလော်ဂါ ပြည်ပရောက်တောအုပ်
http://blueskyforest.blogspot.com/



၇၀ ကျော် ??
အဟတ်ဟတ်။
တစ်ခါမှ မတွေးဖူးဘူး။
လေးဆယ်လောက်ဆို တော်ရောပေါ့


ဘလော်ဂါ ဥက္ကာကိုကို
http://www.oakkarkoko.com/


စာရေးစာဖတ်ပဲ ဆက်လုပ်နေဖြစ်မယ်ထင်ပါတယ်။
ဒါပဲ လုပ်တတ်တာကိုး။

ကဗျာဆရာ နှင်းခါးမိုး
http://www.nykomme.blogspot.com/

အဲ့ချိန်လောက်ဆို သေပြီထင်ပါတယ်
ခုအသက်ရှင်နေရတဲ့အချိန်လေးမှာပဲ အလုပ်သင့်ဆုံး ကိစ္စတွေကိုပဲ လုပ်ဖို့ ပဲစဉ်းစားသွားမယ်။
အသက် ၇၀ ထိတော့ စောင့်မနေတော့ပါဘူး။

ဘရဏီ၊ ဒီဗွီဘီ လူငယ့်အသံ

နေရရင်တော့ စာတွေရေးဖြစ်နေမလားပဲ။
မျက်စိလည်းကောင်း၊ ကျန်းမာရေးလည်းကောင်း ဆိုရင်ပေါ့...


ဦးခင်မောင်ထွေး (ထွေးဦးမြန်မာ)
http://htweoomyanmar.com/




.

8 comments:

  1. နေကြပါဦး ရ၀ ကျော်အထိ နေရမယ်လို့ ကိုယ့်ကိုကိုယ် ထင်လို့ လား။ ထင်ရင်လည်း ထင်ပေါ့။ လှသန်းတောင် ၄၉ နှစ်နဲ့ သွားပြီ။ ဒါတောင် သူက အနိုင်နဲ့ ဖြတ်ခဲ့တာ။

    ချိုစိမ့်

    ReplyDelete
  2. ကောင်း လှေင့် တေး ကောင်း လှောင့် တေး... သွတ် သွတ် သွတ်....
    ကွေးသော လက် မဆန့်  မီ လေး တွေ အ ရေး ကြီး တယ် ဟ...
    ဂု ရု ကွေး.. အသက် ၂၀၀၀

    ReplyDelete
  3. ဧရာဝတီblogကလူတွေက၊ခင်မောင်ထွေးကိုအမြဲတမ်းဒီလိုမျိုးပွဲထုတ်တယ်။
    သူကမင်းတို့ရဲ့အမျိုးတော်လို့လား။
    သူကစာရေးတဲ့သူလဲမဟုတ်ဘူး၊
    သူ့ထက်မေးသင့်တဲ့သူတွေဗမာပြည်မှာအများကြီး
    ရှိတယ်။
    ဒီလိုကောင်ကိုရေးကြီးခွင်ကျယ်လုပ်မနေနဲ့။

    ReplyDelete
  4. အသက် ?0 နောက်ပိုင်း ဘာလုပ်မလဲ
    it's nice.
    u guys put the question mark in the sentence.

    i never think about it in the past 30 years.
    yeah, it's a good question but not suitable for everyone because many people die before 70.

    ReplyDelete
  5. အဖြေတွေလန်းတယ်
    လှသန်းကအရက်ကိုလူလိုသောက်ရင် နောက်ထပ် အနှစ် ၂၀ ထပ် နေရမယ်ထင်တာဘဲ ဆရာချိုစိမ့်ရေ

    ReplyDelete
  6. အားလုံးပဲ..ကျွန်တော်တို့ဆီက အသက်-၇၀ ကျော် အဖိုးကြီးတွေလို လူထုကို ဒုက္ခ မပေး ကြရင်တော်ပါပြီဗျာ....

    ReplyDelete
  7. အားလုံးပဲ..ကျွန်တော်တို့ဆီက အသက်-၇၀ ကျော် အဖိုးကြီးတွေလို လူထုကို ဒုက္ခ မပေး ကြရင်တော်ပါပြီဗျာ....

    ReplyDelete
  8. ရောင်းစားလို့ရတာမှန်သှမျှအကုန်ရောင်းပြီး ကယ်တင်ရှင်ပုံဖမ်းနေမှာပေါ့ကွာ။
    ပုံ ဂျိုကုပ်ဒူးကြီး

    ReplyDelete