Pages

Friday, October 28, 2011

တကယ့် "Slumdog Millionaire"







အောင်ပွဲ ဆွတ်ခူးခဲ့သူ Kumar နဲ့ ဆုပေးသူ မင်းသားကြီး အမီတာဘဂျန်း

2008 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ အိန္ဒိယ နာမည်ကြီးရုပ်ရှင် "Slumdog Millionaire" ဆိုတဲ့ ကားကို ကြည့်ဖူးသူတိုင်း မှတ်မိနေဦးမယ်လို့ ထင်ပါတယ်.....

အဲဒီဇာတ်ကားထဲမှာတော့ ဆယ်ကျော်သက် ဆင်းရဲသား လူငယ်လေးဟာ အိန္ဒိယမှာပြုလုပ်ပေးနေကျ "Who Wants To Be A Millionaire?" ဥာဏ်စမ်းပြိုင်ပွဲကြီးမှာ နောက်ဆုံးအဆင့်အထိ နောက်မဆုတ်ဘဲ တက်ရောက် ယှဉ်ပြိုင် အောင်ပွဲ ဆွတ်ခူးနိုင်ခဲ့ပေမယ့် ရဲက သူ့ကို လိမ်လည်နေတယ် ထင်ပြီး ဖမ်းဆီးစစ်ဆေး၊ ဆင်းရဲသားလေးက သူရဲ့  အဖြေတွေဟာ သူ့ရဲ့  ဘဝနဲ့ ရင်းပြီးကြုံတွေ့ လာတဲ့ အတွေ့ အကြုံများဖြစ်တယ် ဆိုပြီး မည်သို့မည်ပုံ မှတ်မိနေတယ် ဆိုတာ ပြန်လည်ပြောပြတဲ့ စိတ်ဝင်စားဖွယ် ရုပ်ရှင်ကြီးဖြစ်ပါတယ်။
အော်စကာ (၈)ဆု ရတဲ့ ဇာတ်ကားပါ။

အခုတော့ တကယ့် Slumdog Millionaire အစစ်အမှန် ပထမဦးဆုံးအကြိမ် ပေါ်ထွက်လာခဲ့ပါပြီ...
အိန္ဒိယရဲ့  အဆင်းရဲဆုံးပြည်နယ်တစ်ခုမှ ကွန်ပြူတာပညာရှင်လည်းဖြစ်၊ ကျူရှင်ဆရာလည်းဖြစ်တဲ့၊ Bihar ပြည်နယ်သားလေး
Sushil Kumar က ဒေါ်လာ တသန်း ဆုကြီးကို ဆွက်ခူးသွားခဲ့ပါတယ်...

အသက် ၂၇ နှစ်အရွယ် Sushil Kumar ဟာ တစ်လကို အမေရိကန်ဒေါ်လာ ၁၅၀ ခန့်ရရှိသူပါ။
များမကြာမှီက လက်ထပ်ထားပြီး အကြွေးတွေ ဝိုင်းဝိုင်းလည်နေသူလည်း ဖြစ်ပါတယ်။ ဒီဆုကြီးကိုရမယ်လို့ သူ့ စိတ်ကူးထဲမှာတောင် မတွေးမိခဲ့ဘူး ဘူး တဲ့။

အခုလို့ ရရှိခဲ့တော့ အကြွေးတွေကို အရင်ဆပ်မယ်၊ ပြီးရင် မိသားစုအတွက် အိမ်အသစ်တစ်လုံး ဝယ်မယ်လို့ BBC ကို ပြောခဲ့ပါတယ်။

ပွဲစီစဉ်သူ နာမည်ကျော် မင်းသားကြီး အမီတာဘဂျန်း (Amitabh Bachchan)ကတော့ တကယ့် ကို ရင်ခုန်ခဲ့ရတဲ့ ည ဖြစ်ပါတယ်လို့ ပြောပါတယ်။

ပွဲဆုကြေးကိုလည်း ထပ်မံ တိုးမြှင့်ဖို့ရှိတယ်လို့ သိရပါတယ်။



No comments:

Post a Comment