Pages

Sunday, November 20, 2011

လွှတ်ပေးမယ် ပြောပြန်ပြီ

သမ္မတ၏ နိုင်ငံရေး အကြံပေး ဦးကိုကိုလှိုင်

နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ သမ္မတဦးသိန်းစိန်က ဆုံးဖြတ်ထားကြောင်း သမ္မတ အကြံပေး ဦးကိုကိုလှိုင်က ပြောတယ်လို့ ကျိုဒိုသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

“အကျဉ်းသားတွေ လွှတ်ဖို့က သမ္မတကြီး စိတ်ထဲမှာ ရှိပြီးသားပါ” လို့ အင်ဒိုနီးရှားမှာ ကျင်းပနေတဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲအတွင်း ဦးကိုကိုလှိုင်က ပြောလိုက်တာပါ။

အနှေးနဲ့ အမြန် လွှတ်ပေးတော့မှာပါလို့လည်း ဆိုပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ စနေနေ့က သတင်းစာရှင်းလင်းပွဲမှာတော့ သမ္မတဦးသိန်းစိန်က လွှတ်ပေးလိုက်သူတွေဟာ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေမဟုတ်ဘူး၊ ဥပဒေချိုးဖောက်လို့ ဖမ်းဆီးခံရသူတွေလို့ ဘူးခံနေပြန်ပါတယ်။

တလောက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ထောင်ပြောင်းဖို့ အစိုးရရဲ့ လူ့အခွင့်အရေးကော်မရှင်က သတင်းစာထဲ ထည့်ပြီးနောက် ဘယ်သူမှတော့ လွတ်မလာသေးဘဲ တချို့ကို ထောင်ပြောင်းတာလောက်ပဲ မြင်ရပါသေးတယ်။

နောပြီး အစိုးရက ထုတ်ပြောတဲ့ အကျဉ်းသားအရေအတွက်၊ NLD က ပြောတဲ့ အရေအတွက်တွေက ထိုင်းအခြေစိုက် အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောတဲ့ အရေအတွက် ကိန်းဂဏန်းတွေနဲ့ ကွာဟနေပါသေးတယ်။




12 comments:

  1. မောင်စိန်က ဗြောင်လိမ်..ကိုကိုလှိုင်က လိုက်ဖာ..လိမ်လိုက် ဖာလိုက် ဖာလိုက် လိမ်လိုက်နဲ့ မြန်မာနိုင်ငံလည်း ဖာသယ်တိုင်းပြည် ဖြစ်မှန်းမသိဖြစ်နေပြီ..အစိုးရဆိုသူတွေက ဖာသယ်မလို အမျိုးမျိုးပြောနေမှတော့ ..ဗိုလ်ချုပ်ပြောတဲ့အတိုင်း ဖာသည် တိုင်းပြည်ဖြစ်နေပါပြီ..။

    ReplyDelete
  2. ဦးသိန်းဂိန်ဆိုတာ ဗိုလ်သန်းရွှေရဲ့တပည့်ဆိုတာ မေ့နေကြပြီလား။
    မင်းသားခေါင်း ခဏကောက်ဆောင်းထားတာပါ။
    မကြာမီ ဘီလူးရုပ်ပေါ်လာတော့မှာပါ။
    အာစီယံမှာ သတင်းစာရှင်းတာ နားထောင်ကြည့်ကြပါ။

    ReplyDelete
  3. NLD မှတ်ပုံတင်ပြီဆိုတော့
    သူ့တို့ လေသံပြောင်းလာပါပြီး
    ကျနော် အကောင်းမြင်ထားသမျှ သဲရေကျဖြစ်သွားပြီး
    သူတို့ ခုတမျိုးတော်ကြာတမျိုးပြောနေတုန်းပဲ
    ရာဇဝတ်မှုပြောမှာပေါ့ ရယ်စရာ ဥပဒေပုဒ်မတွေ။ ဖုန်းမကိုင်ရတို့ ဒေါ်လာမကိုင်ရတို့
    ပြီးတော့ တိုင်းရင်းသားတွေကိုလဲ ဆူပူတွေလို့သုံးနေတုန်းပဲ
    ဥပဒေဘောင်တွင်းဝင်လာရမယ်တို့ အပြစ်ရပ်ကြေညာပြီး
    စကားပြောပါလား
    လူမိုက်ပြောနေတုန်းပဲ
    စိတ်ပျက်တယ်

    ReplyDelete
  4. ဆိုတော့... လွတ်ပေးတယ်ကွာ မင်းတို့ပြောတဲ့ အကျဉ်းသားတွေ... ရော့ ယူစေဗျာ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းတွေ... လာ.. တက်စေဗျာ မင်းတို့ လိုချင်တဲ့ ထိုင်ခုံတွေ... ဘာယူဦးမလဲ.. လွတ်လပ်ခွင့်လား.. ရတယ် ကြိုက်တာလုပ်.. လွယ်လွယ်လေးပါ တိုင်းပြည် တည်ဆောက်တယ်ဆိုတာ... ထင်...နေ...လို့...လာာာား... တို့တိုင်းပြည်က လူတော်မရှိဘဲ လူတတ်တွေ သိပ်များနေတော့ ခက်တယ်ကွာ... အခုဟာက လူကိုတိုက်နေတာမဟုတ်ဘူး... စနစ်ကိုတိုက်နေတာကွ... ပုဂ္ဂိုလ်ရေးတွေ စကားမပြောကြေးကွာ... နားခါးတယ်..

    ReplyDelete
  5. အောင်ခင်November 20, 2011 at 8:26 PM

    အဲ့လိုနဲ့ စိတ်ပျက်လာပြီဆိုရင်တော့ မွန်းကျပ်တဲ့ လောကီကိုစွန့်ပြီး သာသနာ့ဘောင်ထဲ ပျော်သလောက်သာ ဝင်ပါတော့လားဗျာ :)

    ReplyDelete
  6. This is your fault, not his problem, he is same as Than Shwe, now start to show his real figure, your people think NLD able to win in election?, there are no way..after register and join to election, NLD will gone, Now your people should listen Thein Sein properly..Yes Myanmar already ( Far Thael) country...

    ReplyDelete
  7. မှန်တယ်
    သိန်းစိန်ခွေးလား
    စစ်ဗိုလ်တွေပဲငတုံးတွေ
    ယောင်္ကျားမဆန်မဲလဲလိမ်သေးတယ်
    သူတို့ပဲအုပ်ချုပ်နေတာ ရာစုနှစ်တဝက်ရှိပြီ
    မြန်မာပြည်သားတွေတော်လွန်းလို့ NASA မှာ သိပ္ပံပညာရှင်တောင်ရှိတယ်
    နားခါးတဲ့ မောင်မင်းကြီးခွေးက ဘာတွေလုပ်ပြီးလို့
    ဒီလိုဒေါသထွက်တာလဲ
    ဒီမိုကရေစီအစိုးရဆိုတာ လူထုမဲ နဲ့ဖြစ်လာတာမို့ အခန့်မသင့်ရင်အဆဲခံရမယ်
    ဘုတ်ရှ်တောင် ဖိနပ်နဲ့အပေါက်ခံရသေးတယ်
    လုပ်တဲ့သူက ရာဇ၀တ်မှုမြောက်ရင် ဥပဒေအရ ခံရမှာ
    စစ်ဗိုလ်မဟုတ်ပဲ တခြားလူတွေလုပ်ခွင့်ပေးကြည့်လား
    နိုင်ငံရေးသမားတိုင်းလူတော်မဟုတ်ဘူး
    လူထုကိုစည်းရုံးနိုင်တာက ပိုအရေးပါတယ်
    ပြီးတော့သူတို့မှာလူတော်တွေကို အကြံပေးခန့်လို့ရတယ်

    ReplyDelete
  8. ဗမာပြည်မှာ ပျော်စရာ တစ်ခု မှမရှိဘူး။ ဟိုလုပ်ရင် အတားအဆီးများ၊ ဒီလုပ်ရင်အတားအဆီးများ ဆိုတော့ တကယ့် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီပါလား ဒို.နိုင်ငံ

    ReplyDelete
  9.ိလူတိုင်းက ဖြစ်ချင်တာကို ရှေ့တန်း တင်တာ သဘာဝပါပဲ ။ တကွက်မှားရင် အစားခံရမယ်ဆိုတာကို နိုင်ငံရေးက စားနေသူတိုင်းက သတိထားမိနေကြတယ် ။
    ဘုရင်က သူကို ပယ်ပြီး အစားထိုးမှာကိုတော့ သူ ဘယ်လိုလားမလဲ မိတ်ဆွေတို့ရယ် . .စိတ်ရှည်ကြပါ နော် အာဏာရှင်စနစ်ဆိုးက လွတ်မြောက်အောင် လုပ်ရသလောက် ဆက်လုပ်ကြတာပေါ့ ။ဆက်လုပ်မဲ့သူတွေ ကို အားပေးထောက်ခံကြတာပေါ့။

    ReplyDelete
  10. ဟို ... နားခါးတယ် ဆိုတဲ့ မောင်မင်းကြီးသား စကား
    ကြားပြီး ပြောချင်လို့ပါ။ မူကိုတိုက်တယ်ပဲထားပါတော့
    ဒီမူက ဒီလူတွေဆွဲထားတာပဲဟာ၊ ဒီလူတွေကိုအရင်
    ဖယ်နိုင်မှ ဒီမူတွေပြောင်းမယ်လို့မြင်ပါကြောင်း။

    ReplyDelete
  11. like all comments. I agree with all. most people think that thein sein and co, will change the system..
    1st question, how can he talk about democracy when he and co, commit crime against humanity?
    2nd question: noone is arrested for de pye yin massacre?...Why?
    Since there are a lot of questions to answer, thein sein remain kept silent. In future this kind of issues will happen again when they lose the power.

    ReplyDelete
  12. အညာသားကြီးNovember 21, 2011 at 10:20 AM

    လက်ရှိမြန်မာပြည် သမ္မတ ဆိုတာက အာဏိာ ရှုးဘုရင်ရှုးနေတဲ့ သန်းရွှေရဲ့ ငယ်မွေးခြံပေါက်ပါ.သန်းရွှေဆိုတဲ့ လူလိမ်ကြီးကသူ့တို့ မတရားစားထားတဲ့တိုင်းပြည်စည်းစိမ်တွေနဲ့ သူဌေးကြီးဘွဲ့ခံ စစ်သားငအတွေကိုကျွန်လုပ်ွနဲ့ဘုရားထူးနေကြတဲ့လူတွေကြားထဲမှာ ဘယ်လိုလုပ်ပြီးတော့ သူ့သြဇာ အာဏာ ကို လွယ်လွယ်လွတ်ရဲမလဲ.သူက လူလည်၁ယောက်လေ.မမေ့ကြပါနဲ့.သိန်းစိန်ရဲ့ သမိုင်းကြောင်းကိုလေ့လာကြည့်ရင်သူ့ဆရာအဆက်ဆက်ကိုကြောက်ချက်က ကန်းကုန်နေရော.ပုံစံကိုကြည့်ရင်စစ်သားကောင်းမဟုတ်မှန်းသိသာပါတယ်.အင်တာဗျူးမှာ ပြောနေတာကိုက 'ဂန်' နေတဲ့ပုံပဲလေ.သန်းရွှေ လက်သပ်မွေးထားတဲ့ခွေးအဆင့်လောက်ပဲရှိတဲ့သူပါ..နယ်ရုပ်လေးတွေလေ.အဓိက ဥာဏ်ချင်း ကစားရမဲ့ လက်ရင်းက နောက်ကွယ်ကနေ ကျားကွက်ကစားနေတဲ့ခောတ်သစ်ဘုရင်ရှုးသန်းရွှေ..ဒီတော့ကျုပ်အမြင်ကိုပြောရရင် အမေ့ကို ၀န်းရံရင်းနဲ့ အမေ့ရဲ့ဘေးနားမှာ ပညာတတ်မျိုးဆက်သက် လူငယ်ခေါင်းဆောင်ကောင်းတွေ ပေါ်ထွန်းလာနိုင်စေချင်တယ်..နောက်ကွယ်ကခောတ်သစ်ဘုရင်ရှုးသန်းရွှေနဲ့အပေါင်းအပါအုပ်စုကို ဥာဏ်ချင်းယှဉ်နိုင်တဲ့ခေါင်းဆောင်ကောင်းတွေပေါ်လာပြီးပြည်သူတွေပညာတတ်လာတဲ့အချိန်ကို မြန်မြန်ရောက်နိုင်အောင် ပံ့ပိုးပေးကြတာက အကောင်းဆုံး နည်းလမ်းလို့ယူဆမိပါကြောင်း...

    ReplyDelete