မရင်ငြိမ်းပွင့် (၁၉၈၉-၂၀၁၁)
စင်ကာပူနိုင်ငံ၊ Serangoon Central, Block 420 နေ မရင်ငြိမ်းပွင့်သည် ၁၇.၁၁.၂၀၁၁ နံနက်ပိုင်းတွင် သူမနေထိုင်ရာ တိုက်ခန်းမှ ခုန်ချပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း သတင်းအား နာရေးကူညီမှုအသင်း (ရန်ကုန်) မှ သိရှိလိုက်ရသောအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားများသည် များစွာအံ့သြခဲ့ရသည်။ မရင်ငြိမ်းပွင့်သည် စင်ကာပူနိုင်ငံနန်ယန်ပိုလီတက္ကနစ်မှ သူနာပြု ဒီပလိုမာဘွဲ့ရရှိခဲ့ပြီး KandangKerbau အမျိုးသမီးနှင့် ကလေးသူငယ်ဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့ကြောင်းသိရှိရသည်။
(၃၁) ဘုံတွင်ရခဲလှသော လူ့ဘ၀တွင် အို၍သေခြင်း၊ နာ၍သေခြင်းစသည့် သေခြင်းတရားများအတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အတက်နိုင်ဆုံး ကူညီဖေးမပေးလျှက်ရှိရာ ယခုကဲ့သို့ လူ့ဘ၀သက်တမ်းမကုန်ဆုံးခင် မိဘ၊ ဆွေမျိုး၊ မောင်နှမများအား လိမ္မာရေးခြားရှိစွာဖြင့် မိမိတတ်စွမ်းသောပညာရပ်ဖြင့် အလုပ်အကျွေးပြုနေရှာသော နိုင်ငံ၏ သားကောင်း၊ သ္မီးကောင်းများအချိန်မတန်ဘဲ လူ့ဘ၀မှ ထွက်ခွာသွားရခြင်းအတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းမိပါသည်။
မရင်ငြိမ်းပွင့်၏ ရုပ်အလောင်းအားစင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ၁၈.၁၁.၂၀၁၁ ရက်နေ့ ညနေပိုင်းတွင် မိဘများမှ ပြန်လည်သယ်ဆောင်လာခဲ့သည်။ လေဆိပ်သို့ ရောက်ရှိလာသောမရင်ငြိမ်းပွင့်၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ အကြောင်းကြားခဲ့၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အသင်းသားများ၊ ၀န်ထမ်းများမှ သယ်ဆောင်ပို့ဆောင်ပေးခဲ့ပါသည်။ ယနေ့ ၁၉.၁၁.၂၀၁၁ နေ့လည် (၁း၀၀) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အအေးခန်းမှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ပို့ဆောင်မီးသင်္ဂြိုလ်ပေးခဲ့သည်။ မီးသင်္ဂြိုလ်ခြင်းအခမ်းအနားပြီးဆုံးချိန်တွင် ကျန်ရစ်သူမိသားစု နှင့် ဆွေမျိုးသားချင်းများမှ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ လာရောက်၍ မရင်ငြိမ်းပွင့် အသက် (၂၂) နှစ်အတွက် ရည်စူး၍ အလှူငွေပေးအပ် လှူဒါန်းခဲ့ပါသည်။
ရောက်ရာဘုံဘ၀မှ မရင်ငြိမ်းပွင့်အားအမျှ … အမျှ … အမျှ ပေးဝေလိုက်ပါသည်။
တို့သေရတဲ့တစ်နေ့ အနှစ်မပါ ဗလာပြန်သွားရမှာကိုသာကြောက်ပါ။ အနှစ်ပါပါ ပြန်ရရင်တော့ မြေအိုးနဲ့ ရွှေအိုးလဲရတော့မယ်လို့ ၀မ်းမြောက်လိုက်ပါတော့ . . . . ။ (၀ဋ်ကြွေးတော်ပြေဆရာတော်ကြီး) (ဦးကျော်သူ၏ ဖေ့စ်ဘုတ်မှ... )
နောက်ဆက်တွဲ ...
ယခင် ဖော်ပြခဲ့သည့် သတင်း ။
ဒါကတော့ ရင်ငြိမ်းပွင့်အတွက် မန္တလေးက ရပ်(ပ်)ပါတွေ ရေးစပ်သီဆိုတဲ့ အမှတ်တရ သီချင်ပါ။ ဒီနေရာမှာ နားဆင်ပါ။
သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ကြေကွဲစွာ အမှတ်တရရေးကြတဲ့ သူငယ်ချင်းများ၊ သူ့အပေါ် ဂရုဏာထားကြသူများရဲ့ မှတ်ချက်များကိုတော့ ဒီနေရာမှာ ကြည့်ပါ ။

သိပ်မကြာခင်ရက်ပိုင်းတွေတုန်းက မောင်ကောင်း ငယ်မိတ်ဆွေ တဦးနဲ့တွေ့တယ်၊ တယ်လီဖုန်းကတဆင့်ပေါ့၊ သူက နောက်အိမ်ထောင်တိတ်တိတ်ပြုထားပြီး နောက်အိမ်ထောင်နဲ့ သာသမီးရသတဲ့ မအောင်မြင်လိုက်ပါဘူး သန္ဓေက ပျက်စီးသွားရှာတယ်၊ သူအတော်စိတ်မကောင်းဘူး ဘာမှ အလုပ်လဲ မလုပ်ချင်ဖြစ်နေသတဲ့ သူ့ကိုမှရွေးပြီး လောကကြီးက ဒုက္ခတွေ ပင်လယ်ဝေအောင် ဘာလို့များသူ့ကို ပေးတာလဲလို့ တယ်လီဖုန်းထဲကငြီးငြူုရှာတယ်၊ မောင်ကောင်း ဥာဏ်မီသလောက်လေးတော့ သူ့ကို နှုတ်၏ဖေးမခြင်းဖြင့် အားပေးမိပါတယ် - " သယ်ရင်း ဒုက္ခက မင်းကိုလာပေးနေတာ ပြဿနာရှာနေတာမဟုတ်ဘူး မင်းက ဒုက္ခအရေခြုံတွေကို သုခ အမှတ်နဲ့ တခုပ်တရ ပွေ့ပိုက်ခဲ့တာကွ... " လို့ ပြောမိလိုက်ပါတယ် သိပ်မကြာဘူး သူ က တဖက်က စကားမြန်မြန်ဖြတ်ပြီး ဖုန်းချသွားတယ် နောက်လဲ မောင်ကောင်းဆီ မဆက်တော့ဘူး .. :)
ReplyDeleteဘာတွေလဲဗျာ...ကိုယ်ဟာကိုယ် ကိုရီးယားကားတွေကြည့်ပြီးအရူးထလို့ သတ်သေတာကို...ဘာတေါလျောက်လုပ်နေကြတာလဲ....အဓိပ္ပယ်မရှိလိုက်ကြတာ....
ReplyDeleteမိန်းခလေး…..
ReplyDeleteမဖြစ်သင့်..မဖြစ်ထိုက်။မလုပ်သင့်…မလုပ်ထိုက်တာဘဲ၊
ဘာဘဲဖြစ်ဖြစ်…..စင်ကာပူမှာရှိတဲ့…အချို့ အချို့ သောမိန်းခလေးတွေလို ….တစ်ယောက်မကောင်းတစ်ယောက်ပြောင်း…..တစ်ချို့ ဆို….ပြိုင်တူတောင်ထားကြတယ်ဆိုတာကြားဘူးထားတော့…..
သ္မီးရဲ့ …သိက္ခာကိုလေးစားပါတယ်……
ဖြစ်လေရာဘ၀မှာ….ဒီလိုအဖြစ်မျိုး…ဒီလိုမိတ်ဆွေမျိုးတွေနဲ့ …မတွေ့ မဆုံမကြုံပါစေနဲ့ လို့ …ဆုတောင်းပေးလိုက်ပါတယ်။
ကောင်းရာဘုံဘ၀က…သာဓုခေါ်နိုင်ပါစေ……..အမျှ…အမျှ…အမျှ။
ကိုယ်တွေ့ဖူးတဲ့ တချို့တချို့သော သူတွေကိုပဲ မှီညမ်းပြီး စကာင်္ပူမှာရှိတဲ့ ဆိုတဲ့ အကန့်အသတ်နဲ့ အသုံးအနှုန်းကိုပဲ မသုံးပါနဲ့ KoTOE ဆိုသူရှင့်...
ReplyDeleteစကာင်္ပူရောက်မိန်းကလေးတွေထဲမှာ အလုပ်တဖက် ကျောင်းတဖက် သို့မဟုတ် မိဘအုပ်ထိန်းသူတွေရှိပြီး လိမ်မာတဲ့ မိန်းကလေးတွေလဲ ဒုနဲ့ဒေးပါ...
ဒီလိုသာ နေတဲ့နိုင်ငံပေါ်မူတည်ပြီး ပြောကြေးဆိုရင် မြန်မာပြည်က မိန်းကလေးတွေလဲ ခုလိုပဲ ရည်းစားတွေ အပြိုင်ထား ရည်းစားတွေနဲ့ လွန်ကြူး တက္ကသိုလ်က ကော်ရီဒါတွေမှာ ခြုံတွေကြားထဲမှာ ဖြစ်ချင်တာဖြစ်နေကြ တာတွေလဲ ကျွန်မပြောစရာမလိုဘူး ကိုတိုးတို့ သိမှာပါ... မြန်မာဝက်ဆိုဒ်တွေရှိပါတယ်...
တချို့ကိစ္စတွေမှာ ယောကျာင်္းလေးက သစ္စာဖောက်သွားလို့ နောက်တစ်ယောက်ကြိုက်တာရော... ဒီမိန်းကလေးက ရည်းစားများတယ်ပြောလို့ရမလား... လွန်ကြူးပြီး ကိုယ်ဝန်ရှိမှ ယောကျာင်္းလေးကတာဝန်မယူလို့ အရှက်ကွဲရတဲ့ မိန်းကလေးတွေလဲ အဲဒိအချိန်က သူတို့ချစ်သူက သူတို့ကို ယူမှာပဲလို့ ယုံကြည့်ခဲ့ကြတာပါ... ဒါဆိုရင်ရော ဘယ်သူ့အမှားဖြစ်မလဲ.. သူတို့ ဦးနှောက်မရှိတာသူတို့အမှားဆိုပင်မဲ့ ကိုယ့်ချစ်သူကိုပဲချစ်ပြီး ယောကျာင်္းတကာနဲ့ဖြစ်မနေတဲ့ ဒီမိန်းကလေးတွေကို ပျက်စီးနေတယ်လို့ပြောလို့ရမလား...
မြန်မာပြည်မှာလဲ ဒီလိုအဖြစ်မိန်းကလေးတွေ အများကြီးမြင်ဖူးတယ်...
စကာင်္ပူက မြန်မာအသိုင်းအ၀ိုင်းက ကျဉ်းတာရယ်... အင်ဖိုမေးရှင်း Sharing တွေက ပိုကောင်းပြီး မြန်တာရယ်ကြောင့် တချို့မိန်းကလေးတွေရဲ့သတင်းဆိုးတွေက မြန်မြန်ပြန့်နေတာပါ... မြန်မာပြည်မှာဖြစ်ပြီး အုပ်ထားကြတဲ့ သူတွေလဲ အများကြီးပါ...
အဲဒါကြောင့် စကာင်္ပူရောက်လို့ပျက်စီးနေတာလို့ ထင်ရမဲ့စကားမျိုး သိမ်းကြုံးမပြောပါနဲ့ ပျက်စီးချင်တဲ့သူက ဘယ်မှာနေနေပျက်စီးမှာပါပဲ...
ဒီကွန်မန့်ဟာ မြန်မာပြည်ကမိန်းကလေးတွေကို ပျက်စီးနေတယ်ပြောချင်းမဟုတ်ပါ... ပျက်စီးချင်တဲ့သူက ဘယ်မှာနေနေပျက်စီးမယ်ဆိုတာသာပြောချင်းဖြစ်ပါတယ်...
စကာင်္ပူက တချို့ပျက်စီးနေတာနဲ့ စကာင်္ပူဆိုတာကြီးကို နာမည်တတ် အကန့်အသတ်လုပ်ပြီး ပြောနေကြတာကို အင်တာနက်မှာတွေ့တွေ့နေရလို့ မနေနိုင်လို့ ပြောမိတာပါ...
…..စင်ကာပူမှာရှိတဲ့…အချို့ အချို့ သောမိန်းခလေးတွေလို why so angry he write the comment is very clearly. stupid gal
ReplyDeleteအမည်မသိ/အညတရ Lady.(စင်ကာပူ).........
ReplyDeleteရေးတဲ့ရည်ရွယ်ချက်နဲ့ ဆွဲယူတဲ့ကောက်ချက်တို့ ...တစ်သားတည်းမကျရတာ...COMMENTER ရဲ့ အားနည်းမှုပါ။
ခင်ဗျားရဲ့ ...ဗဟုသုတနှံ့ စပ်ကြွယ်ဝမှုတွေကိုလဲ...သတိပြုမိပါတယ်။
ကျွန်တော်တွေ့ ဘူးတယ်လို့ ....မပြောမိပါဘူး။
ခင်ဗျားတို့ လို...မိန်းကလေးတွေများများရှိရင်လဲ....ကောင်းတာပေါ့....ဂုဏ်ယူရတာပေါ့....ပြီးတော့....ခဏခဏ....အမျှမဝေရတော့ဘူးပေါ့ :P
she was very quite girl. i didn't believe what she did?
ReplyDeleteThe comment what Anonymous girl replied to KoToe is very shamefully. Donn't be so upset..... READ BETWEEN THE LINES...
ReplyDelete