Pages

Wednesday, November 16, 2011

မန္တလေး သံဃာများ ဆန္ဒထုတ်ဖော်ပွဲ ဒုတိယနေ့ (သတင်း/ရုပ်သံ)

ဒီကနေ့ (၁၆/၁၁/၂၀၁၁) ရက်နေ့ နေ့လည် ၁ နာရီမှာ ဆန္ဒထုတ်ဖော် ပြသတဲ့သံဃာတော်တွေ တရားဟောပွဲ စတင်၍ နေ့လည် ၂ နာရီမှာ ပြီးဆုံးသွားတယ်လို့ သိရပါတယ်။ တရားပွဲအပြီးတွင် ဆန္ဒပြဆရာတော်တွေက မစိုးရိမ်ကျောင်းတိုက်ကနေ ဘုရားကြီးရေတော်ကျောင်းသို့ ပြောင်းရွှေ့သွားပါတယ်။ လုံခြုံရေးအခြေအနေလည်း ကောင်းတယ်။ ဘုရားကြီးရေတော်ကျောင်းက ဆရာတော်တွေက စောင့်ရှောက်ပေးထားကြတယ်လို့ သတင်းရရှိပါတယ်။ (Burma VJ Network ဖေ့စ်ဘုတ်မှ ...)

နောက်ဆက်တွဲ သတင်းများ

ယနေ့ မန္တလေးမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ သံင်္ယာ ၅ ပါးရဲ့ တောင်းဆိုမှု အချက်သုံးချက်ကို နိုင်ငံတော်သံဃာနာယက အဖွဲ့ရယ် တိုင်းသံဃာနာယမှ အဖွဲ့မှ လာရောက်ဆွေးနွေးပြီး လိုက်လျောခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အချက်တွေကတော့ ဖမ်းဆီးခံရပြီးသော နိုင်ငံရေးအကျဉ်းခံနေရသူ ညီတော်နောင်တော်နှင့် သံဃာများနှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးရန်။ ဒုတိယအချက်မှာ တိုင်းရင်းသားညီအကိုမောင်နှမအချင်းချင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်ပွဲများကို ချက်ချင်းခြင်းရပ်စဲပြီး တိုင်းရင်းသားကိုယ်စားလှယ်များ အတိုက်အခံအင်အားစုများပါဝင်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရန်။ တတိယအချက်မှာ အသိပညာထွန်ကားရေးအတွက် ရဟန်းရှင်လူမြတ်များအား စာပေဟောပြောခြင်းကို ပိတ်ပင်တားဆီးခြင်းတို့ကို ပယ်ဖျက်ပြီး လွတ်လပ်စွာ ဟောပြောခွင့်ပေးရန်တို့ ဖြစ်ကြောင်း သိရှိရပါတယ်။ (ဦးဇဝန၏ ဖေ့စ်ဘုတ်စာမျက်နှာမှ ...)



























No comments:

Post a Comment