Pages

Friday, November 25, 2011

အက်ဆစ်မိုးလား သနပ်ခါးမိုးလား

~








China ... high sulphur-dioxide emissions from coal-fired power plants are contributing to smog and acid rain. Photo: Reuters (တရုတ်ပြည်က ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံတွေကြောင့် မီးခိုးတွေ၊ အက်ဆစ်မိုးတွေ ပေါ်ပေါက်လာတယ် တဲ့)


ကချင်ပြည်နယ်မှာ သနပ်ခါးရောင်မိုးရွာတယ် တဲ့။ မနေ့က ဖတ်ရတဲ့သတင်းတချို့က ဆိုတယ်။
ဘာကြောင့် ဒီမိုးရွာတယ် ဆိုတာ ပညာရှင်များ၊ သက်ဆိုင်တဲ့အဖွဲ့များဆီက သုံးသပ်ချက် ထွက်မလာသေးပါ။

ဖြစ်နိုင်ချေတွေထဲက တခုကတော့ အက်ဆစ်မိုး (acid rain) ပါ။

ကချင်ပြည်ဟိုဘက်ခြမ်း တရုတ်နိုင်ငံမှာ အက်ဆစ်မိုး ရွာတတ်ပါတယ်။ အက်ဆစ်မိုးဒဏ်ခံရတဲ့ဒေသဟာ တရုတ်ပြည်ရဲ့ သုံးပုံတပုံ ရှိတယ်လို့ အင်တာနက် စာမျက်နှာတွေမှာ ခန့်မှန်းရေးထားတာ ဖတ်ရပါတယ်။
ကချင်ပြည်နယ်နဲ့ ကပ်လျက် ယူနန်ပြည်နယ်၊ ပြီးတော့ တအိမ်ကျော်က စီချွမ်ပြည်နယ်တို့က အဲဒီ သုံးပုံတပုံထဲ ပါနေတယ်။
အက်ဆစ်မိုး ဖြစ်လာရတာက ကျောက်မီးသွေးအသုံးပြုတဲ့ ဓာတ်အားပေးစက်ရုံတွေကြောင့်ပါ တဲ့။

အက်ဆစ်မိုးက အန္တရာယ်ကြီးပေမယ့် နိုင်ငံတကာစာနယ်ဇင်းတွေက အာရုံသိပ်မစိုက်ကြဘူးလို့ သိရပါတယ်။

ဒီလ ၈ ရက်နေ့က Sydney Morning Herald
http://www.smh.com.au/business/climate-change-gets-left-out-in-the-cold-20111107-1n3uw.html
မှာ ရေးထားတာက (ကချင်ပြည်နယ်ရဲ့ ဘယ်ဘက်နဲ့ ညာဘက်မှာ တည်ရှိတဲ့) တရုတ် အိန္ဒိယ နိုင်ငံကြီး ၂ ခုက ကျောက်မီးသွေးအသုံးပြုမှု အင်မတန်များတယ် တဲ့။ စီးပွားရေး၊ ဖွံ့ဖြိုးရေးတို့အတွက် ကျောက်မီးသွေးက အားကိုးရပေမယ့် ဘေးထွက်ဆိုးကျိုးက ကြီးလှပါတယ်။

စီးပွားရေးဖွံ့ဖြိုးမှုက ကြွယ်ဝမှုကို ခေါ်လာသလို ရာသီဥတု ကမောက်ကမဖြစ်မှုကိုလည်း ခေါ်လာတာ မဟုတ်လား။

အက်ဆစ်မိုးကြောင့် စိုက်ပျိုးမြေတွေ ပျက်စီးစေတယ်လို့ သိရပါတယ်။
ကျန်းမာရေးလည်း အကြီးအကျယ်ထိခိုက်စေတာပေါ့၊ ဘာပြောကောင်းမလဲ။






~



1 comment:

  1. ဆရာတော်ညာဏိသာရတရားတော်လိုဖြစ်ကုန်ပြီထင်တယ်.
    နောက်ပိုင်းဓါးမိုးမီးမိုးတွေလာတော့မယ်ထင်တယ်..
    အဲဒါတွေက နေပြည်တော်တို့ဘေဂျင်းတို့ဖြစ်လောက်တယ်

    ReplyDelete