
မန္တလေးမြို့တွင် ပြည်သူများအတွက် စွန့်လွှတ်စွန့်စားပြီး ဆန္ဒဖော်ထုတ်နေကြသော သံဃာတော်များသို့ ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ချက်
နေ့စွဲ-၁၆-၁၁-၂၀၁၁
မန္တလေးမြို့၌ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် စွန့်စားဝံ့ကြသည့် အာဇာနည် ဆရာတော်သံဃာတော်များ၏ ၂ရက်ရှိပြီဖြစ်သော လုပ်ဆောင်ချက်သည် မြန်မာ့နိုင်ငံရေး၏ လတ်တလော ဖြစ်ပေါ်နေသောအခြေနေများကို ပိုမိုကောင်းမွန်သောဘက်သို့ ရှေးရှုသော လုပ်ဆောင်ချက်အဖြစ် သတ်မှတ်ပါသည်။ သူတို့တောင်းဆိုသော အောက်ပါအချက်အလက်များကို သက်ဆိုင်ရာအာဏာပိုင်များမှ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးပါရန် လေးလေးနက်နက် တိုက်တွန်းတောင်းဆိုလိုက်ပါသည်။
(၁) ပြည်သူလူထု တစ်ရပ်လုံး ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး၊ တရား မျှတရေးအတွက် မေတ္တာရှေ့ထားကာ ဆောင်ရွက်ကြရေး၊ ဖမ်းဆီးခံခဲ့ရသည့် အကျဉ်းကျနေသော ညီတော်၊ နောင်တော်၊ သံဃာတော်များ နှင့် ကျန်နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်။
(၂) တိုင်းရင်းသား ညီအစ်ကို မောင်နှမအချင်းချင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်ပွဲများကို ချက်ချင်းရပ်စဲပြီး တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အတိုက်အခံ အင်အားစုများ ပါဝင်သည့် စစ်မှန်သောငြိမ်းချမ်းရေး လုပ်ငန်းကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်။
(၃) လောကပါလ တရားနှင့် အသိပညာ ထွန်းကားရေးအတွက် မြတ်ဗုဒ္ဓ၏ တရားတော်များကို ရဟန်းတော်များနှင့် စာပေပညာရှင်ကြီးများ ဟောပြောရာတွင် ပိတ်ပင်တားဆီးခြင်း၊ ဟောပြောခွင့် တောင်းခံရခြင်းတို့ကို လုံးဝရပ်စဲပြီး လွတ်လပ်စွာ ဟောပြော ရေးသားခွင့်ပေးရန်။
ဖော်ပြပါတောင်းဆိုချက်များသည် တတိုင်းပြည်လုံး အေးချမ်းသာယာရေးကို ရှေးရှုသည့်အတွက် သံဃာတော်များ၊ ကျောင်းသားများနှင့် ပြည်သူများက သံဃာတော်တို့နှင့်အတူ ရပ်တည်ပြီး ပူးပေါင်းတောင်းဆိုပေးကြပါရန်လည်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
ဦးကုမာရ (မြန်မာကျောင်း၊ ပါရီမြို့၊ ပြင်သစ်နိုင်ငံ)
ဦးကောဝိဒ (မြန်မာကျောင်း၊ ဂျနီဖာမြို့၊ ဆွစ်ဇာလန်နိုင်ငံ)
ဦးပညာနန္ဒ (သန္တိသုခကျောင်၊ ယူတီကာမြို့၊ နယူးယောက်၊ အမေရိကန်နိုင်ငံ)
ဦးဇဝန (မြန်မာကျောင်း၊ မဲဆောက်မြို့၊ ထိုင်းနိုင်ငံ)
ဦးစန္ဒောဘာသ (မြန်မာကျောင်း၊ မဲဆောက်မြို့၊ ထိုင်းနိုင်ငံ)
ဦးပညာဇောတ (ရွှေဝါရောင်ကျောင်းတိုက်၊ နယူးဒေလီမြို့၊ အိန္ဒိယနိုင်ငံ)
ဘယ်သူကထောက် ခံတာလဲ? ပြည်သူတွေက တော့ထောက်ခံတယ် မကြားမိပါဘူး. ပွဲတောင်က လို့မဆုံးဘဲ ပြီးသွားပြီ. သူက ထောက်ခံတယ် လာလုပ်နေတယ်. လူတွေလဲ ကိုယ့်ဖို့ဘဲ ကိုယ်ကြည့်ကြတယ်.. ဦးနှောက်သုံး ပြီး နိုင်ငံရေး မလုပ်ကြဘူး.
ReplyDeleteဦးဇင်းတို့ ပြည်တွင်က ဦးဇင်းတွေ လုံးဝလုံးဝ မထောက်ခံပါ။ မစိုးရိမ်ဆိုတာ တကယ့်စာသင်သားတွေ စာသင်နေတဲ့နေရာပါ။ ဒီလိုနေရမှာ ကျောင်းမရှိ ကန်မရှိတဲ့ ပြည်ပြေ အ၇ှင်ဘုရားများကို လက်ခံဖို့ နေရာမရှိပါ. ခုလဲ ဦးဇင်းတို့ အားလုံးတိုင်ပင်ပြီ မစိုးရိမ်ကနေ ပြောင်းပေးလိုက်ပါပီ။ ပြည်ပကနေ ခဏပြန်လာ ပြီးရင် နိုင်ငံေ၇းခုတုံးလုပ်ပီး ပြည်ပကို ပြန်သွားတဲ့ နိုင်ငံရေးသမားဆိုသူများကို ကိုမင်းကိုနိုင်တို့ရဲ့ ပုဆိုးလောက်တောင် တန်ဖိုးမရှိပါ.
ReplyDeleteဦးဇင်း မန်းတလေး
ကြံ့ဖွတ် ဦးဇင်းတွေက တော့ ကြံ့ဖွတ်နဲ့ ပေါင်းပြီး မထောက်ခံဘူး ပြောနေတာ မဆန်းပြားပါဘူး။ ကြံ့ဖွတ် ဦးဇင်းတွေ အရောင်ဆောင် သံဃာတွေက လူထုအတွက် မပေးဆပ်ရဲပါဘူး။ လူထုအတွက် နိုင်ငံအတွက် လုပ်တယ်ဆိုရင် ပြည်သူတွေက ထောက်ခံအားပေးပါတယ်။ ပြည်သူတွေ ထောက်ခံအားပေးပါတယ်။ ကြံ့ဖွတ် ဘုန်းကြီး တွေ ပြောသလို ဘယ်သူက ထောက်ခံသလဲဆိုရင် ၁၀ ရက်လောက် စစ်အစိုးရက တရားဟောခွင့် လွတ်လွတ်လပ်လပ်ပေးကြည့်လိုက်ပါလား။ ဘုန်းကြီးတွေ သံဃာတွေ နိုင်ငံရေးမှာ ပါဝင်သင့်ပါတယ်။ ဒီနိုင်ငံထဲမှာ နေရင် ဒီနိုင်ငံအရေး လုပ်တာ အားပေးပါတယ်။ မြတ်စွာဘုရားက လူထု အရေး လူသားအရေး သတ္တဝါတွေ အရေး တန်ဖိုးထားခဲ့ပါတယ်။ နိုင်ငံရေးတရားတွေ မှန်လွန်းလို့  နအဖတွေ တရားဟောဘုန်းကြီးတွေရဲ့ တရားပွဲတွေကို ဖိန်ဖိန်တုန်အောင် စိုးရိမ်ထိတ်လန့် နေကြတာပါ။ နိုင်ငံရေးကို မျက်ကွယ်ပြုတဲ့ ဘုန်းကြီးများ အလိုမရှိ။
ReplyDeleteဒါဆိုလာလေ မစိုးရိမ်ကိုလာခဲ့. စစ်တမ်းကောက်ကြည့်လိုက်မယ်။ ငါတို့ကို စစ်အစိုး၇ကိုလဲ မထောက်ခံဘူး။ ဒေါ်လာစား နိုင်ငံေ၇းသမားဆိုရင်တော့ ခွေးချီးရွံသလိုရွံတယ်။ နဲနဲလေးဆုအောင်လုပ်။ ပီးရင် နယ်စပ်ထွက်ပြေး။ ပီးရင် နိုင်ငံရေးခိုလုံခွင့်တောင်း။ မသိရင်ခက်မယ်။ အကုန်ပြောပြရမလား။ မင်းတို့လို ရည်မှန်းချက် ခံယူချက်မရှိဘဲ အရူးချီးပန်းအော်နေလို့ စစ်အစိုးရ သက်တမ်းရှည်နေတယ်ဆိုတာကို မမေ့နဲ့။ ငါတို့မစိုးရိမ်ဘုန်းကြီးတွေ လုံးဝလုံးဝမထောက်ခံဘူး။ မင်းတို့ကိုယ်တော်တွေကိုလဲ ကျောင်းထဲမှာလက်မခံတော့ဘူး။ စာသင်သားတွေ စသာအလုပ်ပျက်တယ်။
ReplyDeleteအခုလိုပြည်တွင်းကိုပြန်ဝင်ပြီး ငြိမ်းချမ်းရေးတရားဟောတဲ့ အတွက် ဒေါ်လာဘယ်လောက်အိတ်ထဲထည့်သွားမှန်းမသိ တော့ဘူး၊ ရတာတော့အမှန်ဘဲ၊ အဲဒီလိုလုပ်တဲ့အတွက် ပြည်ပအတိုက်အခံတွေ ကပေးတာပါ။
ReplyDeleteပြောတော့စစ်အတွက်ကုန်ကျစရိတ်တွေကို ကလေးငယ်တွေပညာရေးအတွက်သုံးရင် ဘယ်လောက် ကောင်းမလဲလို့ပြောတယ်။ အခုစစ်စတိုက်တာဘယ်သူတွေလဲ၊ အစိုးရလား?၊ အစိုးရကိုအတိုက်အခံလုပ်တဲ့ သောင်းကျန်းသူလား ခွဲခွဲခြားခြားသိဘို့တော့လိုပါတယ်။ မရှိတာထက် မသိတာက ပိုပြီးခက်နေတယ်။
ဦးသောပါကနှင့်ငြိမ်းချမ်းရေးဖော်ဆောင်သူငြိမ်းချမ်းရေး
ReplyDeleteလိုလားသူသံဃာတော်အရှင်သူမြတ်များကိုလေးစားစွာ
ထောက်ခံပါတယ်ဘုရား။အရှင်ဘုရားများ၏ရဲရင့်မှုမှာ
အလောင်းတော်တို.ဖြည့်ကျင့်မြဲပါရမီပါဘုရား။လူထု
အတွက်လုပ်တာဖြစ်လို.လူထုကထောက်ခံအားပေးနေတာ
(အစိုးရကမီးဖြတ်တော့ဆီလှူတာ၊န၀ကမ္မတွေလှူပေးကြ
တာ)တွေ.ရပါတယ်ဘုရား။အဝေးရောက်နေလို.ဘာမှမပူ
ဇော်နိုင်ပေမယ့်အရှင်ဘုရားများဘုန်းကြီးလို.သက်ရှည်ပါ
စေဘုရား။
နိုင်ငံရေးက တော်တော် ကြောက်ဖို့ ကောင်းတယ်။
ReplyDeleteသူတို့ဘက် မပါတော့ ကြံဖွတ်ဦးဇင်းတဲ့။ သူတို့ဘက် ပါရင်ရော ဘာဦးပဉ္ဇင်းလို့ ပြောမလဲ။
ဒေါ်လာစား ဦးပဉ္ဇင်းလို့ ပြောမလား။
အခု အချိန်မှာ ရဟန်းတွေ စာပေသင်ကြားနေတာပဲ ကောင်းပါတယ်။
ရဟန်းတွေကို တခြားအလုပ်တွေ မလုပ်ခိုင်းပါနဲ့တော့။
နို့မို့ဆိုရင် ဟိုပြေး ဒီပြေးနဲ့ ကြည့်ရတာ စိတ်မချမ်းသာဘူး။
လူတွေလည်း ဒေါ်စုကို သဘောကျရင် ဒေါ်စုနဲ့ ပေါင်း။ ဦးသိန်းစိန်ကို သဘောကျရင် ဦးသိန်းစိန်နဲ့ ပေါင်းကြ။
ဘုန်းကြီးတွေကိုတော့ အေးအေးဆေးဆေး စာသင်ပါစေတော့နော်။ တောင်းပန်ပါတယ်..........
ကျနော့်အမြင်ကတော့ရိုးရိုးရှင်းရှင်းလေးပါပဲ။
ReplyDeleteဘုန်းကြီးတွေနိုင်ငံရေးလုပ်တာလုံးဝမထောက်ခံပါဘူး။
ဘုန်းကြီးတွေမှမဟုတ်ပါဘူးဘယ်ဘာသာမှာဖြစ်ဖြစ်
ဘာသာရေးဆိုင်ရာတွေဟာနိုင်ငံရေးမှာပတ်သတ်တာကို
မထောက်ခံပါဘူး။သို့သော်လည်းဘာသာရေးဆိုင်ရာယုံ
ကြည်မှုကိုခုတုံးလုပ်ပြီးပြည်သူများကိုနိုင်ငံရေးဆွဲဆောင်မှု
များသည်နိုင်ငံအတော်များများမှာရှိနေပါသည်။
ကျနော်အနေနှင့်ကျနော်ဦးချနေသောဘုန်းကြီးနှင့်
နိုင်ငံရေးအငြင်းမပွားလိုပါ။ကျနော်အတွက်ဘာသာရေး
စကားများကိုသာဟောကြားပေးစေလိုပါသည်။
ဘာသာရေးဆိုင်ရာများနိုင်ငံရေးတွင်ပတ်သတ်ခြင်းသည်ဘာသာရေးအနှစ်သာရများကိုဖောက်ဖျက်ခြင်းဟုခံယူပါသည်။
ွ
အကြောင်းအမျိုးမျိုးပြပြီးဘုန်းကြီးတွေနိုင်ငံရေးလုပ်ခြင်းကို
ReplyDeleteလုံးဝမထောင်ခံပါ။နိုင်ငံရေးလုပ်ခြင်းသည်ဘာသာရေးအနှစ်
သာရများကိုချိုးဖောက်ခြင်းဖြစ်ပါသည်။
ပါရာဇိကံမကျမချင်း တို့ဘုန်းကြီးပဲဟု သတ်မှတ်ပြီး
လူများလုပ်သောအလုပ်ကိုရှောက်လုပ်နေခြင်းသည်မသင့်
လျော်ပါ။(ဘုရားဟောတရားအရဆိုပါက ငြိမ်းချမ်းရေး
လိုချင်ရင်တရားအားထုတ်ဖို့သာဟောပါသည်။ဆနပြဘို့
မဟောပါ)
ှ
ဟုတ်တယ် အပေါ်ကလူပြောတာမှန်တယ်။ ဘာသာရေးနဲ့
ReplyDeleteနိုင်ငံရေးခွဲ ထားရမယ်။
ကျွန်တော်တို့လဲ ဘုန်းတော်ကြီးတွေနိုင်ငံရေးမှာ ပါဝင်ပတ်သက်တာကို သဘောမကျပါဘူး။ မြတ်စွာဘုရားရဲ့ တရားတော် ၀ိနည်းတော်မှာ နိုင်ငံရေးလုပ်ဖို့ ခွင့်ပြုချက်ပေးမထားပါဘူး။ အမေစုတို့လုပ်နေတာပဲဟာ၊ ကိုယ်ကထောက်ခံအားပေးရုံသက်သက်နဲ့အဆင်ပြေမှာပါ။ ခုချိန်ဟာ အထိမခံတဲ့အခြေအနေပါ။ စစ်အစိုးရတဖြစ်လဲ ကြံဖွတ်အစိုးရက အတိုက်အခံတွေကိုတံခါးဖွင့်ပေးနေတဲ့အချိန်ပါ။ အမေစု ရွေးကောက်ပွဲဝင်ရင် သေချာပေါက်နိုင်မှာပါ။ အဲဒီအခါကျရင် ပြည်သူတွေ လုပ်ချင်သလိုဖြစ်ချင်သလိုဖြစ်လာမှာပါ။ သမတအစိုးရကလဲ ပြည်သူတွေရဲ့စကားကို နားထောင်မယ်လို့ ကတိပေးနေတာပဲဟာ။ ဆန်ဒပြဖို့ အုံကြွအောင်လုပ်ဖို့မလိုအပ်ဘူးထင်ပါတယ်။ လိုအပ်ရင် အမေစုကိုယ်တိုင်ဦးဆောင်မှာပေါ့။ အခုဟာက အမေစုကမလိုအပ်ဘူးထင်လို့ မလုပ်တာကို နားလည်လက်ခံစမ်းပါ။နှစ်ပေါင်းများစွာ ဆန်ဒပြခဲ့တာပဲ။ အောင်မြင်ခဲ့လို့လား။ လစ်ဗျားတို့လို အစိုးရကိုတိုက်ခိုက်သတ်ဖြတ်ဖြုတ်ချဖို့မလိုအပ်ဘူးထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါဆန်ဒပြတာကိုတော့ လုံးဝမထောက်ခံပါဘူး။ လုပ်လဲမလုပ်သင့်ပါဘူး
ReplyDeleteဘုန်းကြီးတွေ ဆန္ဒပြချင်ရင် BBC ကို သွားပြပါ။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ကိစ္စကို ဘယ်ဘုန်းကြီးမှ မအော်ကြဘူး။
ReplyDeleteကိုယ့် အချင်းချင်းကို အော်မနေနဲ့တော့။
လူတွေက ပြောတယ် ဘုန်းကြီးတွေက OVER ဖြစ်နေပြီ တဲ့။
ဦးဇင်းလည်း ဒီကိစ္စကို မထောက်ခံပါဘူး မှန်တယ် ဘာသာရေး နဲ့ နိုင်ငံရေး တခြားစီဘဲ ဖြစ်သင့်တယ် ရောထွေးတာလုံးဝမကောင်းဘူး နိုင်ငံရေးခုတုံးလုပ် ဒေါ်လာလေး နှစ်ပြားတစ်ပြားမက်ပြီး ဦးဇင်းတွေ နိုင်ငံရေးလုပ်တာ လုံးဝအားမပေးပါဘူး ၀င်ပြောမိရင် အပေါ်က လူတစ်ယောက် စွပ်စွဲသလို ကြံ့ဖွတ်ဦးဇင်းလို့ ပြောမလားပဲ စစ်အစိုးရကိုလည်း မထောက်ခံသလို ဒေါ်စုကိုလည်း မထောက်ခံပါ အပေါ်က ပြောသွားတာ တစ်ယောက်ရှိပါတယ် ဘုန်းကြီးတွေက OVER ဖြစ်နေပြီ ဆိုတဲ့စကား ဖြစ်တဲ့ဘုန်းကြီးက ဖြစ်ပေမယ့် မဖြစ်တဲ့ဘုန်းကြီးတွေ အများကြီးပါ အဲဒီလိုတော့ မစော်ကားပါနဲ့ ဘုန်းကြီးတွေတိုင်းမဟုတ်ဘူး အေးအေးချမ်းချမ်းနဲ့ စာပေပရိယတ် ကြိုးစားအားထုတ်နေတဲ့ ဘုန်းကြီးတွေ မြန်မာပြည်မှာ အများကြီးရှိတယ် နိုင်ငံရေးသမားတွေရဲ့ အသုံးချခံဘုန်းကြီးတွေလောက်ကိုပဲ ကြည့်ပြီး ဘုန်းကြီးတွေ ဆိုတဲ့ အသုံးနှုန်းကို မသုံးပါနဲ့
ReplyDeleteဘုန်းကြီးတွေလို့ သုံးလိုက်ရင် ဘုရားရှင်လက်ထက်မှ ရှင်သာရိပုတ္တရာ ရဟန္တာမထေရ်မြတ်မှစပြီး ယခုခေတ် ကိုရင်လေးကအစ အကြုံးဝင်ပါတယ်
ပြီးတော့ သံဃာထုကို စော်ကားရင်တော့ ဦးဇင်း ခွေးကိုက်တာထက်နာတတ်ပါတယ်
ဒကာတော်တို့ အတွက်လည်း အပြစ်များစွာဖြစ်စေပါတယ်
အရှင်ဝရသာမိ
http://www.sbay-student.org/
i strongly agree with masoeyein sayadaw. This time no need to demostrate. wait and see. when need every citizen will come out. Demostrate cannot save our country more worse than past.
ReplyDeleteနိုင်ငံရေးမှာ ဘုန်းကြီးတွေပါလာမှာကို အာဏာရှင် အဆက်ဆက် သိပ်ပြီးကြောက်ခဲ့ကြတယ်။ အခုလည်း နိုင်ငံရေး လုပ်တဲ့ ဘုန်းကြီးတွေကို နိုင်ငံရေး မလုပ်ဖို့  စစ်တပ်က အလှူ ပစ္စည်း အမျိုးမျိုးပေး ဖြားယောင်း ထားကြတယ်။ နိုင်ငံရေး တည်ငြိမ်မှု့  ရှိမှ သာသနာ စည်ပင်ဝပြောမယ် ဆိုတာ နိုင်ငံရေးကို အကြောက်ကြီးကြောက်နေတဲ့ ဘုန်းကြီးတွေ သိဖို့ လိုပါတယ်။ ကိုယ်ပိုင်ဘဝ လွတ်မြောက်ရေးကို တကယ်လုပ်နေတဲ့ ဘုန်းကြီးတွေမှာ အငြင်းပွားဖို့  အချိန်မရှိသလို ဘယ်ကိုယ်တော် နိုင်ငံရေး လုပ်သည်ဖြစ်စေ ကြိုက်သည်မကြိုက်သည် ပြောမနေကြပါဘူး။ ကိုယ့်ဘဝ လွတ်မြောက်ရေး၊ အများအရေး နိုင်ငံ့အရေး လုပ်တဲ့ ဘုန်းတော်ကြီး များကို အစဉ်ဦးညွတ်ကန်တော့ ပါတယ်။ ရွှေဝါရောင် ဖြစ်တဲ့ အချိန်မှာ ရွှေတိဂုံ ဘုရားရင်ပြင်ပေါ်မှာ ကိုယ်တော်တွေ အထင်းသား မြင်တွေ့ ခဲ့ရတဲ့ပါတယ်။ သံဃာ လှိုင်းလုံးကြီးတွေရဲ့ ပုံရိပ်ဟာ ကြံ့ဖွတ်သံဃာတွေ အဖို့  မရှု့ မလှ ရှုံမဲ့ နေခဲ့ရပါတယ်။ စစ်အစိုးရ လှူဖွယ်ပစ္စည်းတွေ အပေါ်မှာသာ တစ်ချို တစ်ချို့ သော သံဃာ တွေ နှစ်သက်ရွှင်ပြုံးနေကြတာပါ။ သံဃာထုကြီး အများရဲ့ ပုံရိပ်ဟာ နိုင်ငံ့စာမျက်နှာမှာ ဝင့်ဝင့်ကြွားကြွား ရှိခဲ့ပါတယ်။ နှစ်ပြည်ထောင် စစ်ဖြစ်မှာ ကို မလိုလားလို့  မြတ်စွားဘုရားကိုယ်တော်တိုင် စစ်ရေးမှာ ဝင်ပြီးကြားက တားခဲ့ပါတယ်။ အခု နိုင်ငံရေးလုပ်တဲ့ သံဃာတွေကလည်း ငြိမ်းချမ်စွာ ဟောပြောပြီး တိုင်းပြည်ကောင်းဖို့ တောင်းဆိုသွားတာပါ။ တိုင်ပြည်အရေး နိုင်ငံ့အရေးကို အမျိုးဘာသာ သာသနာ စောင့်ရှောက်လိုတဲ့ သံဃာတိုင်း တက်ကြွစွာ ပါဝင်ကြပါတယ်။ ဒေါ်လာစားတဲ့ ဘုန်းကြီးတွေ ကိုယ်တော်တွေ ဆိုပြီး စွပ်ဆွဲ ခံရရင်တောင် အဲဒီဒေါ်လာတွေဟာ စစ်အစိုးရ နအဖ စစ်ဗိုလ်တွေ ရဲ့ အလှူအတန်းတွေထက် အဆပေါင်းများ စွာသန့်ရှင်း တဲ့ အကြောင်း၊ ဒီနိုင်ငံထဲမှာ နေရင် ဘုန်းကြီး ကျောင်းသား အလုပ်သမား လယ်သမား တိုင်းရင်းသား အားလုံး ဒီနိုင်ငံ အရေး နဲ့ ကင်းကွာ လို့  မရပါ။ ဒီမြေ ဒီေ၇ အရေးဟာ ဘုန်းကြီးတွေရဲ သာသနာအရေး ဖြစ်ပါတယ်။ ဗမာတွေ အစဉ်အဆက် ရွာဦးကျောင်းဆရာတော်ကြီးတွေက ရွာထဲက အရေးကိစ္စတွေမှာ လိုအပ် လိုအပ်သလို ရပ်အရေး ရွာအရေးကို လုပ်ခဲ့တာရှိပါတယ်။ ဒါဟာ နိုင်ငံရေး ရွာသူ ရွာသားအရေး မလွဲမသွေ လုပ်ခဲ့ကြရတာပါ။ တိုင်းပြည်ငြိမ်ချမ်းမှ တရားဘာဝနာ အားထုတ်ရာမှာ ဖြောင့်ဖြောင့်တန်းတန်း စိတ်ချလက်ချ သမာဓိကောင်းစွာ တည်ဆောက်အားထုတ်နိုင်ဖို့ နိုင်ငံရေး တည်ငြိမ်ဖို့ လို ပါတယ်။ နိုင်ငံရေး ညီမျှချင်း ဘာသာရေး ဖြစ်ပါတယ်။ သာသနာ အဓွန်ရှည်တည်တံဖို့  ကြံ့ဖွတ် စွမ်းအားရှင် ဘုန်းကြီးဝတ်များကို သာသနာ သန့်ရှင်းအောင်လုပ်ဖို့ လိုနေပါပြီး။ အဖမ်းဆီခံ အမျိုးသား နိုင်ငံအရေး ဘုန်းကြီးများ အမြန်ဆုံး လွတ်မြောက်ပါစေ။ SNM
ReplyDeleteအပေါ်ကလူကနိုင်ငံရေးမှာ ဘာသာရေးဆိုင်ရာတွေပါဝင်
ReplyDeleteသင့်တယ်လို နိုင်ငံရေးစကားတွေပြောတော့ ပြန်ရှင်းပြရတာပေါ့။ ဘာသာရေးနဲ့နိုင်ငံရေးရောထွေးမှုဟာ
ခုမှစခဲ့တာမဟုတ်မှာ ဥရောပမှာ အလယ်ခေတ် ကတည်း
ခရစ်ယန်သာသနာပိုင်တွေဟာ နိုင်ငံရေးအာနာ ပါပိုင်ကြ
ပါတယ်။ဘုရင်နဲ့သာသနာပိုင်အားပြိုင်ကြလို တော်လှန်ရေး
တွေဖြစ် ခရစ်ယန်သာသနာ၈ိုင်းတွေကွဲ ဒီလိုဖြစ်ခဲ့ကြတယ်။မြန်မာနိုင်ငံမှာဆိုရင်လည်းပု၈ံခေတ်လောက်မှာ အရည်းကြီးရဟန်းလို့ခေါ်တဲ့မဟာယာနအနွယ်တွေဟာ
ဘာသာရေးရောနိုင်ငံရေးမှာရောသြဇာရှိခဲ့ကြတယ်။
ဒါကြောင့်ပြည်သူလူထုရဲ့ဘာသာရေးယုံကြည်မှုကို
အခွင့်ကောင်းယူပြီ ပန်ဦးဆက်တာတွေ ဘာတွေထွန်းကားခဲ့တာပေါ့။
ခု အစ်စလမ် ဘာသာမှာလည်းနိုင်ငံရေးဆိုင်ယာ ဘာသာရေးထုံတမ်းဖြစ်တဲ့ ရှရီယာ ဥပဒေကို မူဆလင်
နိုင်ငံအချို့မှာ ဘာသာရေးအစွန်းရောက်တချို့က ကျင့်သုံးချင်ကြတယ်။
ခိုးမှု့ဆို လက်ဖြတ်ပစ်တာတို့ ။အိမ်ထောင်ရေးဖောက်ပြန်ရင်အရပ်ထဲကလူတွေ ခဲနဲ့ပေါက်သတ်ရတာတို့ဟာခုခောတ် ခုကာလနဲ့ဘယ်လိုမှမကိုက်ညီတော့တော့ဘူး။
နောက်ဆုံးတော့ဘာသာရေးဆိုင်ရာမျာ နိုင်ငံရေးမှာ
ပတ်သတ်ခြင်းဟာ ကောင်းကျိုးထက်ဆိုးကျိုးက များတယ်ဆို တာသမိုင်းတွေက သက်သေခံခဲ့ပြီးဖြစ်ပါတယ်။
ီ