Pages

Tuesday, November 29, 2011

သမီးစတာလင် ကွယ်လွန်

...







ဆိုဗီယက်အာဏာရှင်ကြီး စတာလင်ရဲ့ တဦးတည်းသောသမီး Svetlana Peters ဟာ အမေရိကန်နိုင်ငံ ၀င်ကွန်စင်ပြည်နယ်မှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၅ နှစ် ရှိပါပြီ။
အူမကြီးကင်ဆာ ခံစားနေရတဲ့ Svetlana Peters ကွယ်လွန်တာ ဒီလ ၂၂ ရက်နေ့ကတည်းကပါ။ ဒါပေမယ့် မနေ့ကမှ ဒေသခံ အာဏာပိုင်တွေ ရှေ့နေတွေ နဲ့ ဒေသခံ သတင်းရပ်ကွက်တွေက သူ့နာရေးအကြောင်း မီဒီယာတွေကို ပြောပြတာ ဖြစ်ပါတယ်။

ဘယ်နိုင်ငံကိုပဲသွားသွား သူဟာ စတာလင် ဆိုတဲ့ သူ့အဖေရဲ့ နာမည်ကြောင့် နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ရတယ်လို့ Svetlana Peters က ၀င်ကွန်စင်ပြည်နယ်ဂျာနယ်အင်တာဗျူးမှာ ပြောခဲ့သူဖြစ်ပါတယ်။

Svetlana Peters နဲ့ သူ့ကို စာကလေးပေါက်စ လို့ ခေါ်တဲ့ ဖခင် စတာလင်

အထောက်တော်လှအောင်ကလည်း သူ့အကြောင်းကို သမီးစတာလင် ဆိုပြီး ဘာသာပြန်ရေးသားဖူးပါတယ်။
http://www.myanmarbookshop.com/MyanmarBooks/BookDetails/11323 စာအုပ်ကြော်ငြာမှာ အခုလို ဆိုထားပါတယ် -

အမေရိကန်တွင် နိုင်ငံရေးခိုလှုံခွင့် ယူလိုက်သော ဆိုဗီယက် အာဏာရှင် စတာလင်၏ သမီး စဗက်လာနာ အယ်လီလူယီဗါ၏ ငယ်ဘ၀ မှတ်တမ်းဖြစ်သည်။ စတာလင်အပါအ၀င် ဆိုဗီယက်ခေါင်းဆောင်များ၏ အတွင်းရေး၊ စိတ်နေသဘောထား၊ စတာလင် အိမ်တွင်းရေး၊ ဆိုဗီယက် ခေတ်ပြောင်းတော်လှန်ရေး၏ ကောင်းမှု၊ မကောင်းမှု၊ အောင်မြင်မှု၊ မအောင်မြင်မှုများ၊ စတာလင်အနီးမှ ကပ်ဖားများနှင့်တကွ သူမ ကြုံတွေ့ခဲ့ရသော ဘ၀၊ ရုန်းကန်ခဲ့ရသော ဒုက္ခ၊ စံစားခဲ့ရသော သုခ၊ ခံစားခဲ့ရသော ရလဒ်၊ ကျင်လည်ခဲ့ရသော ထောင့်၊ ချစ်သူနှင့် ရစ်ပတ်ရသည့် ကိလေသာနှောင်ကြိုးပါမကျန် ဖွင့်ချရေးသားထားသော စာအုပ်လည်းဖြစ်သည်။





...

No comments:

Post a Comment