Pages

Saturday, November 26, 2011

ရွှေဘိုမှ ရေသန့်ဘူးများ

~






မြတ်စွယ်တော် ကိန်းအောင်းစံပယ်နေတဲ့ စေတီပုံဟာ ရွှေဘိုက ပလပ်စတစ် ရေပုလင်းတွေမှာ ထူးထူးဆန်းဆန်း တွေ့နေရတယ်လို့ ဒီကနေ့ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။





~

12 comments:

  1.ိနေရောင်ကြောင့်ဖြစ်တာပါ သေချာလေလာပြီးမှယုံကြပါ
    လေးထောင်တွေမှာပဲရတယ်တဲ့လေ

    ReplyDelete
  2. ပုလင်းပုံစံ ဒီဇိုင်းအရ နေရောင်/ ဓါတ်မီးနဲ့ ထိုးကြည့်ရင် မြင်ရပါတယ်
    အရင် မြကျောက် ရေသန့်ပုလင်းတွေမှာလဲ ဒီလိုပါပဲ

    ReplyDelete
  3. ဗုဒ္ဓဘုရားရဲ့ တန်ခိုးတော်က အံ့ဖွယ်ပါပဲဗျာ

    ReplyDelete
  4. ထင်ယောင်မှားဖြစ်ပါတယ်။စန်းစစ်စဉ်းစားကြပါ။

    ReplyDelete
  5. ယုံကြည်မှုမှာ မျက်စိဖွင့်ပြီးမှ ယုံပါ။ ဘုရားရှင်ကိုယ်တော်တိုင်မှ သူဟောတဲ့တရားတွေကို သေချာလေ့လာပြီးမှ ယုံကြည်ပါလို့ဟောခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ် ခုလို နိုင်ငံတော် အဆင့် သတင်းစာကတောင်ရေးတယ်ဆိုတော့ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားမသိဘူး။ သတင်းစာအယ်ဒီတာ ရဲ့ အရည်အချင်းက ဒါပဲလား။ ခေတ်မှီဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတော်ကြီးတည်ဆောက်ချင်ပါတယ်သာ အော်နေတယ်။ ပြည်သူတွေကို ဝါဒမှိုင်းတိုက်ဖို့တော့ ခုချိန်ထိလုပ်နေတုန်းပဲ။ ဗျိုး...ပြန်ကြားရေးဝန်ကြီး အလှူငွေများများလိုချင်လို့ ဒီလိုဖန်နေတာလား။

    ReplyDelete
  6. ကျနော်လည်း ဗုဒ္ဓဘာသာဝင်တယောက်ပါ။ အခုလို ရေသန့်ဗူးတွေမှာ ပုံပေါ်တယ်ဆိုတာ စိတ်ထဲမှာ ထင်လို့ဖြစ်မှာပါ။

    ကျနော့်အသက် ၃၃ နှစ်လုံးလုံးနေလာခဲ့တဲ့ သက်တမ်းတလျှောက် ကြားဖူးတာတွေကို ပြောပြမယ်နော်။ ဘုရားဆင်းတုတော်က ဆံပင် ပေါက်တယ်ဆိုတာလည်း လူတွေပြောခဲ့ကြတယ်။ တော်ကြာ ဆင်းတုတော်က လက်သည်းတွေရှည်ထွက်လာပြန်ပြီ။ တော်ကြာ ဗိုက်ပူလာပြန်ပြီ။ ဂျစ်ကားပေါ်မှာ ဘုရားဆင်းတုတော် တင်ထားတာ၊လူမရှိပဲ ကားက ဘီးလိမ့်နေတယ်ဆိုတာတွေ။ အဲဒါတွေအကုန်လုံး အစိုးရသတင်းစာတွေထဲမှာ ဖတ်ခဲ့ရတယ်။ အခုလည်း သောက်တော်ရေခွက်မှာ ပုံတော်ပေါ်ပြန်ပြီ။ ရေသန့်ဗူးမှာ ပေါ်လာပြန်ပြီ။ အို...ရှုပ်ရှပ်ကို ခတ်နေကြတာ။ လူတွေကလည်း စိတ်ဝင်တစား သွားကြည့်ကြတယ်။

    အဲဒီတော့ ဟုတ်ပါပြီ။ မေးချင်တာက မြတ်စွားဘုရား ရုပ်ထုတွေက အသက်ပြန်ဝင်လာတယ်လို့ ဆိုလိုချင်တာလား။ ဒါမှမဟုတ် ဂေါတမ မြတ်စွာဘုရားရဲ့(ခရိယာန်တွေပြောသလိုဆို) ၀ိညာဉ်တော်က ရှင်ပြန်ထမြောက်လာတယ်လို့ ဗုဒ္ဓဘာသာဝင်တွေက အမှတ်မှားနေတာလား။

    ခရိယာန်ဘာသာမှာ ဘုရားသခင်က "ရှင်ပြန်ထမြောက်သွားတယ် (အသက်ရှင်လျှက်ရှိသေးတယ်)" ပြောကြတာကို ဘာမှ ပြောစရာမရှိပါဘူး။ ဒါက ခရိယာန် ကျမ်းစာမှာကိုက ဖော်ပြထားတာကိုး။

    ဗုဒ္ဓဘာသာမှာက တခါတည်းဟောထားပြီးသား၊ အဆူဆူပွင့်ခဲ့ဘူးတဲ့ ဘုရားတွေ အကုန်လုံး ပရိနိဗ္ဖာန်စံခဲ့ကြတယ်။ ပြန်ရှင်လာတယ်တို့၊ အသက်ဝင်လာတယ်တို့ ကြားဖူးလို့လား။ ဘုရားတွေ ပရိနိဗ္ဗာန်စံပြီးတဲ့အခါမှာ နောက်တစ်ခန္ဓာ ထပ်မဖြစ်တော့ဘူး။ ရုပ်လည်းချုပ်ငြိမ်း၊ နာမ်လည်း ချုပ်ငြိမ်းသွားပြီ။

    အဲဒါကို လူတွေက လျှောက်ပြောနေကြတယ်။ ပေါက်ကရတွေ။ ဘုရားကပဲ အသက်ပြန်ရှင်လာသလိုလို။ ဟိုမှာ ပုံတော်ပေါ်တယ်၊ ဒီမှာ ပုံတော်ပေါ်တယ်နဲ့ သူများပြောရင် ဘာမှ မစဉ်းစားဘူး။ လွယ်လွယ်ကူကူ နဲ့ လိုက်ပြီးယုံကြတယ်။ ဟုတ်၏၊ မဟုတ်၏၊ ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစားကြဘူး။

    သွားဖူးကြတယ်ဆိုတဲ့လူတွေကို မေးချင်တာက ကိုယ့်အိမ်က ဘုရားတောင် ကိုယ် နပ်မှန်အောင် ဖူးကြရဲ့လားလို့ပါ။

    အဲဒါ ဗုဒ္ဓဘာသာဝင် (အားလုံးကို မဆိုလိုပါ) တွေရဲ့ အားနည်းချက်ပဲ။ ကြည့်ကြပ်လည်း တွေးခေါ်၊စဉ်းစားကြပါဦးလို့ ပဲ ပြောချင်ပါတယ်။

    ကျနော်လည်း ဗုဒ္ဓဘာသာဝင် တယောက်ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ဘာသာအပေါ် သူများဘာသာဝင်တွေထင်ယောင်ထင်မှား မဖြစ်စေရအောင်၊ အပြောလွတ်အောင် ဆင်ခြင်ပြီးနေနေရတာ။

    ReplyDelete
  7. ဖြစ်နိုင်ပါတယ်။ ဖြစ်ရမှာပေါ့ ဒါမြန်မာပြည်လေ။ စကားပုံတောင်ရှိသေး။ ဘာတဲ့ ညောင်ဦးကမ်းပါးပြိုတာ စမ္ပန္နဂိုကနွားမ ပေါင်ကျိုးသတဲ့။ စိတ်ရှိလက်ရှိ ယုံလိုက်ကြစမ်းပါ။ ယုံ..ယုံ..ယုံ

    ReplyDelete
  8. Impossible..this government killed monks and blocked (Tayar Pwae), then how can be happening this, thinking first, don't be stupid...

    ReplyDelete
  9. All right. Buddha statues were
    besieged by water months long in Thai.LOL!

    ReplyDelete
  10. သူတို့အစိုးရရဲ့ဝါဒဖြန့်ချီရေးကိုဖြည့်စွက်ဖို့လူတချိုရဲ့ဗုဒ္ဓတရားရဲ့စစ်မှန်တဲ့ဆုံးမတရားကိုနားမလည်ဘဲအယူသည်းမှုကိုခုတုံးလုပ်တယ်ပြီးဒီသတင်းကိုဖေါ်ပြတယ်လို့ထင်ပါတယ်။ လောလောဆယ်မှာဝါဒဖြန့်နေတာက သူတို့အစိုးရက အပြောင်းအလဲတွေလုပ်နေလို့ ကောင်းတာတွေဖြစ်လာနေတယ်၊ဆိုပါတော့၊ ဆွေးနွေးပွဲတွေလုပ်နေတယ်၊လွှတ်တော်ကြီးပေါ်လာတယ်၊ဆင်ဖြူတွေရလာတယ်ပေါ့၊ ဟောအခုလဲရေသန့်ဘူးမှာဗုဒ္ဓစွယ်တော်ပုံရိပ်ပေါ်တာမဖြစ်နှိုင်မှန်းသိရက်နဲ့သတင်းထဲထည့်ပေးတယ်။ကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာလူအထင်သေးစရာဖြစ်ပါတယ်။သူတို့ဖေါ်ဆောင်နေတဲ့ပြုပြင်ပြောင်းလဲရေးဆိုတာလဲရေသန့်ဘူးထဲကဗုဒ္ဓစွယ်တော်ရိပ်လိုဘဲအစစ်မှန်မဟုတ်တဲ့ယုံတမ်းပုံပြင်တပုဒ်ဘဲဆိုတာသိသာလာနေပါပြီ။

    ReplyDelete
  11. ယုံခြင်းမယုံခြင်းထက် အသင်တို့ ဘာသာရေးလုပ်သလား ကောင်းမှုရှိသလား ဘုရားကိုရိုသေလား ကြည်ညိုလား သင်တို့ဘာများအားထုတ်နေသလဲ သူ့အတွက်လုပ်နေသလား ကိုယ့်အတွက်လုပ်နေသလား ဘုရားကလည်း ဒါတွေအဓိကဟောထားတာပဲ
    ဘုရားရှိစဉ်ကာလမှာတောင် ယုံကြည်သူမယုံကြည်သူ လက်တွေ့လုပ်နိုင်သူ မလုပ်နိုင်သူတွေရှိကြတယ်
    ဒီကိစ္စထက် အရေးကြီးတာက တကယ် တရားအစစ်အမှန်ကိုသင်တို့ လုပ်ဖြစ်ရဲ့လား
    အဓိကနဲ့သာမည ကွဲစေချင်တယ် ယုံခြင်းမယုံခြင်းထက်

    ReplyDelete
  12. don't believe at all.

    ReplyDelete