Pages

Thursday, November 24, 2011

အရှေ့အလယ်ပိုင်းပြဿနာနောက်ဆက်တွဲ

~








မနေ့က မောက္ခ http://www.maukkha.org/index.php?option=com_content&view=article&id=1994:2011-11-23-10-56-11&catid=120:2010-10-11-07-37-22&Itemid=374 မှာ တင်ထားတဲ့၊ အင်မတန်အရေးပါတယ် ဆိုတာကို ဘယ်သူမှ မငြင်းနိုင်တဲ့ အကြောင်းအရာက သာယာသောအိမ် အကြောင်း ဖြစ်ပါတယ်။ "ကမ္ဘာ့ပေါ်ရှိ လူဦးရေ ၄၀ ရာခိုင်နှုန်းက ကနေ့အထိ အိမ်သာကိုအသုံးမပြုဘဲ မစင် စွန့်နေကြတုန်း ဖြစ်တယ်" ဆိုပြီး CNN ကို ကိုးကားပြီး စွန့်ထား အဲ - ရေးထားပါတယ်။

ဖတ်သင့်ကြောင်း ညွှန်းဆိုပါတယ်။

ဒါကတော့ အိမ်သာရှိတယ်၊ ဘယ်အိမ်သာက ဘယ်လိင်အမျိုးအစားအတွက် ဖြစ်တယ် ဆိုတာကို ပြဆိုတဲ့ နိုင်ငံတကာ အမှတ်အသား ဖြစ်ပါတယ်။ ဂါဝန်ဝတ်ထားသူရဲ့ပုံနဲ့ ၀တ်မထားသူရဲ့ပုံပါ။

ဒါကတော့ ဟိုအထက်ကပုံကို စုတုပြုထားတာပါ။
ပုရိသတချို့ရဲ့ စရိုက်ကို ဖော်ညွှန်းတဲ့ပုံဖြစ်ပါတယ်။


ဒါလည်းထိုနည်းလည်းကောင်းပါပဲ။
အိမ်သာလို့တော့ ရေးထားလေရဲ့။

ဒီပုံမှာ တွေ့ရတဲ့ ခြုံတွေဟာလည်း အိမ်သာ ဖြစ်နိုင်တာပါပဲ။

ရှုခင်းသာပုံဖြစ်ပါတယ်။ ရထားလမ်းဆိုတာလည်း မြို့အများအပြား၊ နိုင်ငံအများအပြားမှာ အိမ်သာအဖြစ် အသုံးတော်ခံကြရပါတယ်။
အရှေ့အလယ်ပိုင်းပြဿနာကို ဖြေရှင်းလိုသူအများအပြား ရထားလမ်းကိုသွား၊ သံလမ်းပေါ် ဆောင့်ကြောင့်ထိုင်ပြီး ပြဿနာကို စိမ်ပြေနပြေ ဖြေရှင်းတတ်ကြပါတယ်။
ပုံထဲက ရထားတွဲဟောင်းကလည်း ပြဿနာကို လုံလုံခြုံခြုံ ရှင်းလိုသူတွေ အားထားရာ ဖြစ်နိုင်ပေတာပေါ့။






~

No comments:

Post a Comment