Pages

Saturday, November 26, 2011

Kotka မြို့မှ ရှမ်းနှစ်သစ်ကူးပွဲ







ပြီးခဲ့တဲ့ စနေနေ့မှာ ဖင်လန်နိုင်ငံ Kotka မြို့မှာ ရှမ်းအမျိုးသားနှစ်သစ်ကူးပွဲတော်ကို ကျင်းပပါတယ်။ ဖင်လန်နိုင်ငံသို့ ခေတ္တရောက်ရှိနေတဲ့ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့၊ မဲဆောက်ရုံး၏ တာဝန်ခံဆရာတော် ဦးဇဝနကလည်း တက်ရောက်ချီးမြှင့်ပါတယ်။

ဖင်လန်နိုင်ငံ ဗုဒ္ဓဓမ္မရံသီ ကျောင်းဆရာတော်နဲ့ အတူ တက်ရောက်တာဖြစ်ပြီး နှစ်သစ်ကူး မင်္ဂလာတရားကိုလည်း ဟောပြောချီးမြင့်ခဲ့ပါတယ်။

ဧရာဝတီရဲ့ ပင်တိုင်ဆောင်းပါးရှင်လည်း ဖြစ်တဲ့ ဆရာတော်ဦးဇဝနက “မိမိတို့အမျိုးသားများ၏ အစဉ်အလာကို ထိမ်းသိမ်းရှောက်စောင့်ခြင်းသည် ဝံသာနု ရက္ခိတ တရားဖြစ်ကြောင်းနဲ့ နိုင်ငံအသစ်၊ နယ်မြေအသစ်မှာ အမျိုးဘာသာ သာသနာအတွက် စောင့်ရှောက်သော စိတ်ဓာတ်ကို လူငယ်သားသမီးတို့၏ ရင်ထဲသို့ ပါထည့်သွင်းပေးခြင်းအပြင် ဘာသာခြားတို့၏ အမြင်တွင်လည်း ကိုယ့်ဘာသာတရား အဟဉ်အလာကို သိရှိသဘောပေါက်အောင် နေထိုင်ပြတာဖြစ်ပြီး အဓိပ္ပါယ်ရှိသော အလုပ်ဖြစ်ကြောင်း မိန့်ကြားသွားပါတယ်။




No comments:

Post a Comment