Pages

Wednesday, November 30, 2011

US ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြမည်

...









Rally in Chiang Mai!

မြန်မာပြည်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် သွားရောက်နေချိန်နဲ့ကိုက်ပြီး ပြုလုပ်မယ့် ဆန္ဒပြပွဲတခုကတော့ ချင်းမိုင်မြို့ အမေရိကန်ကောင်စစ်ဝန်ရုံးရှေ့မှာ ဖြစ်ပါတယ်။
နက်ဖြန်မနက် ၁၀ နာရီမှာ ဆန္ဒပြကြမယ် လို့ http://www.thebestfriend.org/2011/11/29/urgent-rally-in-chiang-mai-thursday-at-10-a-m/ မှာ ဖော်ပြထားပါတယ်။

ရည်ရွယ်ချက်ကတော့ - တိုင်းရင်းသားဒေသတွေအတွင်း အနိုင်ကျင့်မှုတွေကို ချက်ချင်း ရပ်ဆိုင်းရေး၊ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံး ချက်ချင်းလွှတ်ပေးရေးအတွက် မြန်မာ အစိုးရကို ညှိနှိုင်းနေတဲ့ အမေရိကန်နဲ့ တခြားနိုင်ငံတွေကို တောင်းဆိုတာပါ တဲ့။









...

5 comments:

  1. အရူးတွေပဲဟ မဆီမဆိုင်သူများသံရုံးရှေ့သွားလုပ်ရအောင်။

    ReplyDelete
  2. အကွက်ကပြောင်းပြန်ဖြစ်သွားပြီ။ဆနပြသူတွေရဲ့
    နောက်ကွယ်မှာတရုပ်ရှိနေပြီ။

    ReplyDelete
  3. Anonymous ပြောတာ မှန်တယ်လို့ပဲ ပြောရတော့မှာ။ ဘာဖြစ်လို့လဲသိလား။ ဟိုတုန်းက အဲလိုဆန္ဒပြတယ်ဆိုရင် လုပ်ရပ်မှန်တယ်လို့ပြောရမယ်။ ဟိုတုန်းက အခြေအနေ နဲ့ ဟိုတုန်းကလုပ်ရပ်။ အခု ဆန္ဒသွားပြရင်တော့ အခုအခြေအနေနဲ့ ဟိုတုန်းက လုပ်ရပ်က မကိုက်တော့ဘူး။

    နိုင်ငံရေးမှာ အတွေးအခေါ်တခုက အမြဲတမ်းမမှန်နိုင်သလို၊ အမြဲတမ်းလည်းမမှားနိုင်ဘူး။ အတွေးအခေါ်နဲ့ လုပ်ကွက်ကို ကျားရွေ့သလို ပြောင်းပြီး ကစားပေးရတယ်။ နိုင်ငံရေးကို သချာင်္မှာ ကိန်းဂဏန်းတွေ ဖော်မြူလာထဲထည့်တွက်သလို တွက်လို့မရဘူး။ ပုံသေနည်းမရှိဘူး။

    ဒေါ်အောင်ဆန်းစုကြည် အကွက်တွေ ဒီလောက် ရွှေ့ပြနေတာကိုတောင် အရိပ်ပြလို့ အကောင်မမြင်တတ်ကြဘူး။ ငတုံးတွေ။ အရိပ်သုံးပါးနားမလည် ချေသူငယ် ကျားစာဖြစ်တော့မှာပဲ။

    အခုလို ယူအက်စ်ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြတာမျိုးက ဟိုတုန်းက မှန်တယ်။ အခုတော့ မမှန်တော့ဘူး။ ဦးနှောက်....ဦးနှောက်။

    ကျနော်က ဘာမှတော့မဟုတ်ပါဘူး။ တက်ကြွလှုပ်ရှားသူလည်း မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံရေးကို စိတ်ဝင်စားလွန်းလို့ ဘယ်တော့မှ မျက်ခြေ အပျက်မခံဘူး။ မြန်မာ့အရေးကျွမ်းကျင်သူမဟုတ်ပေမယ့် အမြဲတမ်းသတင်းတွေကို စောင့်ဖတ်၊ လေ့လာတဲ့သူဆိုတော့ "စောင့်ဖတ်လေ့လာသူ" ပေါ့ဗျာ။ ပီအောင်ရွတ်နော် "စောင့်ဖတ် လေ့လာသူ"

    ReplyDelete
  4. ပြောလည်းမပြော ချင်တော့ပါဘူး။ ကျနော် တိုင်းရင်းသား တစ်ယောက်အနေနဲ့ ဒီအချိန်မှာ တိုက်မယ် ခိုက်မယ် ဆန့်ကျင်မယ် ဆိုတာတွေကို ဘာမှ စိတ်မ၀င်စားဘူး။ တိုင်းရင်းသားတွေ နာမည်နဲ့ လုပ်စားနေတဲ့ နိုင်ငံရေးသမား တွေကိုလည်း အထင်မကြီးဘူး။ တကယ်တော့ တိုင်းရင်းသားပြည်သူတွေ အားလုံးက ငြိမ်းချမ်းပြီးသားပါ။ ပြည်တွင်းစစ်ဖြစ်နေတယ်ဆိုတာကလည်း လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ကလည်း သူ့အလိုလိုက် အစိုးရကပြောင်း လဲဖို့ကိုစောင့်နေတာ။ အစိုးရကလည်း သူ့အလိုလိုက် တော်လှန်ရေးအဖွဲ့တွေ ပြောင်းလဲဖို့ကို စောင့်နေကြတာ။ တကယ်တော့ နှစ်ဘက်လုံး ပြိုင်တူ ပြောင်းရမှာပဲ။ ပြည်သူ့ အတွက် ဆိုရင် နှစ်ဘက်လုံးက ဘာလို့ တင်းခံနေကြပြီး မပြောင်းလဲရဲ ကြတာလဲ။ သူတို့ နှစ်ဘက်ကြားက တိုင်းရင်းသား ပြည်သူတွေက ဓားစာခံတွေပါ။ မြင်တတ်အောင် ကြည့်ကြပါ။

    ReplyDelete
  5. look lie irrawaddy to get some pocket money from ngo lah thats why they will go there

    ReplyDelete