Pages

Tuesday, December 20, 2011

မိုးကောင်းမြို့ ပေါက်ကွဲမှု

မြန်မာ့အလင်း သတင်းစာမှာ ဒီကနေ့ ဖော်ပြထားတဲ့ သတင်း။

ဒါနဲ့ ပတ်သက်ပြီး KIA နဲ့ နီးစပ်တဲ့ စာဖတ်သူတယောက်က အခုလို ပြောပြပါတယ်။

"ရထားလမ်းသတင်းက ရိုးနေပြီ၊ နေ့တိုင်းလိုလို KIA ကဖျက်နေတာ။
စစ်တပ်တွဲတွေအများကြီးမို့။ လက်နက်လည်းရထားနဲံ့သယ်တာလေ။
အခုလည်း ကိုက် ၅၀၀ တိုင်းကင်းပုန်းဝပ်နေတဲ့ကြားက ခွဲတာ။ တပ်တွေ ဗြောင်ချထားတာလည်းရှိတယ်။
အခုသူတို့အထိတအားနာနေပြီ.. နယ်မြေမကျွမ်း လူထုပူးပေါင်းမှုမရှိတော့ ပြောက်ကျားတိုက်တိုင်း ဒီဖက်ကတယောက်ဆို သူတို့ ၅၀ ပဲ"

တပ်မတော်ဘက်က စစ်သားတချို့ အသက် အရမ်းငယ်တယ်လို့ ဆိုပါတယ်။

"ဆိုးတာက ကလေးစစ်သားတွေကို ရှေ့ကတင်ပြီးတိုက်တယ်
ကလေးတွေက ပစ်ချင်ရာပစ်တာဘဲ"

အစိုးရ မီဒီယာတွေမှာ သတင်းတွေကို ပြည့်ပြည့်စုံစုံ မတင်ပြတာကိုလည်း သူက အခုလို ဝေဖန်ပါတယ်။

"ဘာကြောင့်ဖျက်တယ်လို့မပြောဘဲ ကေအိုင်အေကိုပုံချနေတာကိုက သူတို့မရိုးသားတာ
သူတို့ သမတအမိန့်ကို မသိရအောင် ဘာလုပ်ထားလဲ"

ထိုးစစ်ရပ်ဖို့ နေပြည်တော်က အမိန့်ပေးတာကို အခုထိ မလိုက်နာတာကိုလည်း သူက ထောက်ပြ ပြောဆိုသွားပါတယ်။

"ဒုတိယကမ္ဘာစစ်ကြီးတောင် ရပ်ဆို ချက်ချင်း ရပ်သွားခဲ့သေးတာ"








~

No comments:

Post a Comment