~
ဂျပန်နိုင်ငံခြားရေး ၀န်ကြီး ကိုအိချိယိုဂမ်းဘ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ဒီကနေ့ တွေ့ဆုံပါတယ်။ (ဓာတ်ပုံများ - ဧရာဝတီ)
တွေ့ဆုံပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ ကောက်နှုတ်ချက် -
ဒေါ်အောင်ဆန်းစုကြည်
“စီးပွားရေးရင်းနှီးမြုပ်နှံရေးနဲ့ ဥပဒေစိုးမိုးရေက ဆက်နွယ်တဲ့အကြောင်း ကျမ ထောက်ပြပါတယ်။ ဒီမိုကရေစီ အဆောက်အအုံတွေ ခိုင်မာမှ စီးပွားရေး တိုးတက်မှုတွေလည်း ခိုင်မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ ကျမတို့ကို လူသားချင်းစာနာမှုနဲ့ ပတ်သက်လို့၊ ဖွံ့ဖြိုးမှုနဲ့ပတ်သက်လို့၊ စီးပွားရေးနဲ့ ပတ်သက်လို့ ကူညီတဲ့အခါမှာ ဒီမိုကရေစီ အဆောက်အအုံ ခိုင်မာရေးကို ထည့်သွင်း စဉ်းစားသွားမယ်လို့မျှော်လင့်တယ်”ဂျပန်နိုင်ငံခြားရေးဝန်ကြီး
“ဂျပန်နိုင်ငံသည် မြန်မာ့ဒီမိုကရေစီအရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မှုများအပေါ် တန်ဖိုးထားပြီး တတ်နိုင်သမျှ ၀ိုင်းဝန်းကူညီလို၊ သမ္မတဦးသိန်းစိန်ကို လာမည့် ၂၀၁၂ ခုနှစ် ဂျပန်နိုင်ငံတွင် ကျင်းပမည့် ဂျပန်-မဲခေါင်ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားမည်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂျပန်နိုင်ငံလာရောက်ရန် ဖိတ်ကြား”~
No comments:
Post a Comment