Pages

Sunday, December 18, 2011

ပါဝါ ၅၄ နဲ့ ပါဝါနီ တွေ့မည်

~






Greater Mekong Sub-region (GMS) တက်ဖို့ မြန်မာနိုင်ငံသွားမယ့် ထိုင်းဝန်ကြီးချုပ် ယင်လပ်က အင်္ဂါနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

နိုင်ငံရေး အပါအ၀င် တခြားအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အမြင်ခြင်း ဖလှယ်ကြလိမ့်မယ်လို့ ထိုင်းအစိုးရရုံးသတင်းရပ်ကွက်ကို ကိုးကားပြီး ရေးသားနေကြပါတယ်။

မဲခေါင်မြစ်နဲ့ ထိတွေ့နေတဲ့ နိုင်ငံများကတော့ မြန်မာ ထိုင်း လော ကမ္ဘောဒီးယား ဗီယက်နမ် တရုတ် တို့ ဖြစ်ပါတယ်။ အဲဒီတိုင်းပြည်များက ခေါင်းဆောင်များလည်း ဆွေးနွေးပွဲ တက်ကြမှာပါ။

ခုချိန်ထိတော့ ယင်လပ်ကလွဲလို့ တခြားခေါင်းဆောင်များ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြုံတုန်းကြုံခိုက် တွေ့မယ့်သတင်းတွေ ထွက်မလာသေးပါ။

ဒီတွေ့ဆုံမှုဟာ ယင်လတ်အတွက် အကျိုးရှိမှာပါ။ နိုင်ငံရေးမှာ သူငယ်တန်းကျောင်းသူဘ၀ကနေ ဘီအေကျောင်းသူဘ၀ကို ၀ုန်းခနဲ ခုန်တက်သွားတဲ့ ယင်လတ်တွေ့ဆုံရမယ့် နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်နိုင်ငံရေးမှာ အရေးအပါဆုံးပုဂ္ဂိုလ်၊ ကမ္ဘာမှာလည်း ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ သင်္ကေတတခု ဖြစ်နေလို့ပါပဲ။

ထိုင်းဝန်ကြီးချုပ်ဟာ အာဆီယံနိုင်ငံတွေကိုလှည့်လည်သွားလာပြီး အထင်ကရတွေနဲ့ တွေ့ခဲ့ပြီးပါပြီ။ ရန်ကုန်မြို့တွေ့ဆုံပွဲကတော့ သူ့အတွက် အမှတ်တရ ပိုဖြစ်နိုင်သလို၊ သူ့နိုင်ငံသားတွေကလည်း အမှတ်တရ ပိုဖြစ်မှာပါ။

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဖြစ်တာကြောင့် နိုင်ငံရေးနယ်ထဲ ရောက်တာနဲ့ လူထုက အလုံးအရင်းနဲ့ ထောက်ခံကြပါတယ်။ ဗိုလ်ချုပ်လိုပဲ ရိုးသား၊ ထက်မြက်မှုတွေကြောင့် ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ခေါင်းဆောင် ဖြစ်နေပါတယ်။

ယင်လပ်လည်း သူ့အစ်ကို သက်ဆင်ရှင်နာဝပ်ကြောင့် နိုင်ငံရေးနယ်ထဲ ရောက်တာနဲ့ သက်ဆင်ရဲ့ နိုင်ငံတ၀န်း ပရိသတ်က အလုံးအရင်း ထောက်ခံပါတယ်။ သူ့ရဲ့ထက်မြက်မှုတွေကိုတော့ အများက ရှာကြည့်နေတုန်းပါပဲ။

ရန်ကုန်မှာ တွေ့ကြတဲ့အခါ ယင်လပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီအရေး ကြိုးပမ်းမှုအတွက် ချီးကျူးစကား ဆိုကောင်း ဆိုနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုင်းနိုင်ငံရောက် စစ်ပြေးဒုက္ခသည်တွေ၊ ဒီမိုကရေစီကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ ရပ်တည်ချက်ကို ချီးကျူးစကား ဆိုကောင်း ဆိုနိုင်ပါတယ်။






~

6 comments:

  1. နိုင်ငံရေးမှာ သူငယ်တန်း ကျောင်းသူဘ၀ကနေ ဘီအေကျောင်းသူဘ၀ ၀ုန်းခနဲ ခုန်တက်သွားတဲ့ ယင်လတ်နဲ့ သူငယ်တန်းကျောင်းသူ ဘ၀ကနေ ပါမောက္ခဘ၀ ၀ုန်းခနဲ ခုန်တက်သွားတဲ့ ဒေါ်စု ၀ုန်းနှစ်ဝုန်း တွေ့ကြမည်ဖြစ်ပါသည်။

    ReplyDelete
  2. အင်း..နိုင်ငံရေးမှာ..သူငယ်တန်းပြီးသူငယ်တန်း..သူငယ်တန်းပြီးသူငယ်တန်း..သူငယ်တန်းဘ၀က..မတက်နိုင်သေးတဲ့သူက..ဘီအေကျောင်းသူ..ပါမောက်ခ..တွေကို..၀ုန်းနှစ်ဝုန်း..ဆိုပြီး..လှောင်ပြောင်နေချင်နေမှတော့..မခက်ပေဘူးလား..အဟတ်..ဟတ်..အင်း..မရှိတာထက်..မသိတာခက်..မသိတာထက်..မသိချင်တာ..ပိုခက်၏။..ကျွတ်..ကျွတ်..ကျွတ်..

    ReplyDelete
  3. အကို ဖြစ်သူစီပွားရေးသမား၊ ပြည်ဝင်ခွင့်ရဖို့  နိုင်ငံရေးလောကထဲ ရောက်လာတဲ့ ယင်လပ် နှင့်  အမျိုးသားခေါင်းဆောင်၊ နိုဘယ်ငြိမ်ချမ်းရေးဆုရှင် တစ်ယောက်နဲ့ ယှဉ်ထိုးပြီး ပြောဖို့  မထိုက်တန်ပါဘူး။ ယင်လပ်ဆိုတာ ကလေး တစ်ယောက်ပမာ အတော်နုနယ်ပါတယ်။ ပြီးခဲ့တဲ အခေါက်က အချိန်မရလို့ ဆိုပြီး အကြောင်းပြသွားတယ်။ အကို ဖြစ်သူ တပ်ဆင်က မီးစိမ်းပြလိုက်လို့  ဒီတစ်ခေါက် မသွားတွေ ခဲ့ရင် ရုပ်ဆိုးသလို ဖြစ်မှာဆိုလို့ ၊ မီဒီယာတွေရှေ့ မှာ အဖြေရှိအောင် သူလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါတယ် ဟန်သဘော ပြောချင်လို့  သွားတွေတာပါ။ ကျန်တဲ့ ကမ္ဘာခေါင်းဆောင်တွေ နိုင်ငံတကာ ခေါင်းဆောင်တွေ ဗမာပြည်လာပြီးဒေါ်အောင်ဆန်းစုကြည်နှင့် တွေတာ ဗမာပြည်သူတွေအရေး လာတွေတာပါ။ ထိုင်ကတော့ သူနိုင်ငံ အကျိုးစီပွား၊ ထိုင်းကုန်သည်ကြီးတွေ အကျိုးစီပွားတစ်ခုတည်းအတွက် လာတွေတယ်လို့ မြင်ပါတယ်။

    ReplyDelete
  4. အစိုးရက nld ရဲ့ မှတ်ပုံတင်ကို အတည်ပြုပြီးမှ အန်အယ်ဒီ တရားဝင် ဖြစ်သွားပြီဆိုမှ တရုတ်သံအမတ်နဲ့ ယင်လတ်တို့ တွေ့ဖို့ ဆုံးဖြတ်ကြတာမို့ အရင်တုန်းက မြန်မာအစိုးရအပေါ် မိတ်ဆွေနိုင်ငံတွေ အဖြစ် စည်းထားတဲ့ သဘောလို့ ထင်ပါတယ်..

    ReplyDelete
  5. ယိုဒယားတို့ရဲ့ အောက်လမ်းအတတ်တွေနဲ့
    ဒေါ်စုကို ပြုစားသွားအုံးမယ်၊
    ယုံရတာမဟုတ်ဘူး

    ReplyDelete
  6.့ မြန်မာတွေ အာချောင်တာ ကလွဲပြီး ဘာမှမလုတ် တက်ကြဘူးနဲတူတယ်။

    ReplyDelete