Pages

Thursday, December 22, 2011

မှန်းချက်နဲ့ နှမ်းထွက်


စပိန်မော်ဒယ် တဦးက ရင်သားကို ခွဲစိတ်ပြီး အတွင်းမှာ လျှိုဝှက်ထည့်ယူလာတဲ့ ကိုကင်း ၂.၅ ကီလိုဂရမ်ကို အီတလီ လေဆိပ်ရဲများက ဖမ်းဆီးရမိခဲ့ပါတယ်။

ဘရာဇီးနိုင်ငံမှ အီတလီနိုင်ငံ ရောမသို့ ပျံသန်းလာသော လေယာဉ်ပေါ်မှ ဆင်းလာသော အသက် (၃၃) နှစ် အရွယ်ရှိ စပိန်မော်ဒယ်ဟာ သူမရဲ့ခန္ဓာကိုယ်ကို ကျပ်ကျပ်ထုပ်ထုပ်လေး ဖြစ်နေအောင် ဝတ်ထားကာ လှသွေးကြွယ်နေအောင် ပြင်ဆင်ပြီး လေဆိပ်ရှိ အစောင့်များရဲ့  အမြင်အာရုံကို ဆွဲဆောင်ဖို့ ရည်ရွယ်ထားပါတယ်။

ရောမမြို့ လူဝင်မှုကြီးကြပ်ရေးဌာနကို အဖြတ်မှာ လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိက သူမကို ဘာကြောင့် ရောမကို အလည်လာတာလဲလို့ မေးတာကို သေသေချာချာ အဖြေမပေးနိုင်တာနဲ့ အမျိုးသမီးရဲမေ နှစ်ယောက်က ခန္ဓာကိုယ် တကိုယ်လုံး ရှာဖွေရေး လုပ်ဆောင်ရာကနေ ဖမ်းမိတာ ဖြစ်ပါတယ်။

တနှစ်ထက် တနှစ် မရိုးနိုင်သော နည်းလမ်းပေါင်းစုံတွေနဲ့ မူးယစ်ဆေးဝါးများဟာ အီတလီနိုင်ငံ ရောမမြို့ကို ဝင်ရောက်လေ့ရှိတယ်လို့ လေဆိပ်ရဲ အရာရှိတွေက ပြောပါတယ်။

Source: Agencies





No comments:

Post a Comment