Pages

Sunday, December 18, 2011

မို့မို့ရဲ့ ဖော်ပြခြင်း

ဝါရင့်မင်းသမီးကြီး မို့မို့မြင့်အောင် အကြောင်း နဲ့ ရုပ်ရှင်လောက လတ်တလောဖြစ်ရပ်များကို မစပ်စုက စပ်စပ်စုစု ပြောပြထားပါတယ်။
ဧရာဝတီ သတင်းစာမျက်နှာ http://burma.irrawaddy.org/archives/3729 မှာ ဖတ်ရှုနိုင်ပါပြီ။


4 comments:

  1. ရွံစရာကြီးပါဗျာ။ ဒီအသက်အရွယ်ကြီးရောက်မှ။ သူရဲ့ နောက်မှာ အနုပညာမျိုးဆက်တွေ ဘယ်လောက်ခြားသွားပြီလဲ။ သူ့ထက် အလန်းလေးတွေအများကြီးပဲ။ ဟော့ တယ်ဆိုတာ အရွယ်နဲ့လိုက်အောင်တော့ ဟော့ပေါ့။ မေသန်းနုတို့ကြည့်ပါလား။ သူ့အသက်အရွယ် နဲ့သူ၊သူ့ပွဲ နဲ့သူ ၀တ်တတ်၊ စားတတ်တယ်။ ကြည့်ရတာ ကျက်သရေရှိတယ်။

    ဒေါ်မို့တို့က ဒီအသက်အရွယ်ရောက်မှ စပုတ်တံလောက်ရှိပြီး၊ အရည်တွန့်နေတဲ့ သူ့ သလုံးသားတွေကို ဖော်ပြလို့ ပရိသတ် ဖီလင်မလာဘူး။ မီးဖုတ်ပြီး သရဲကို ခေါပစ် တာတောင် သရဲ စားမယ့် ရုပ်မဟုတ်ဘူး။ စိတ်ညစ်ပါတယ်။

    ကဲ...ကဲ၊ ဧရာဝတီရေ ၀ိုင်းစုခိုင်သိန်း မွှေကြော် နဲ့ မိုးဟေကို ဖိုးသိုးဖတ်သက် ကြော်လေး တပွဲလောက်စီ လုပ်ပါဦး။ မျက်စိ အစာကြွေးချင်လို့ပါ။ ဟဲ....ဟဲ။

    ReplyDelete
  2. တရုတ်မင်သမီး ဂေါင်းလီ အော်စကာပွဲမှာ
    လုပ်သလို လိုက်လုပ်တာ၊
    အသက်မှ အားမနာ

    ReplyDelete
  3. မို့မို့မြင့်အောင် စကပ် ဘယ်လိုခွဲတယ်၊ ဘယ်လိုဝတ်တယ် ရေးထားတာ ဖတ်ရတယ်၊ မို့မို့မြင့်အောင် ဘာပဲလုပ်လုပ် စိတ်မ၀င်စားပါဘူး၊ ဒါပေမယ့် အဲ့ဒီ့ကနေ ဆင့်ပွား အတွေးတွေ ပေါ်လာတာနဲ့ ရေးရတာပါ၊

    ဗမာအမျိုးသမီးတွေကို လုံခြုံစွာ ၀တ်စားဆင်ယင်သင့်တယ်ဆိုတဲ့ ဗမာ့ယဉ်ကျေးမှုအောက်မှာ ထည့်ထားတဲ့ကိစ္စကို တွေးမိတာပါ၊ ၂၁ ရာစုခေတ်ကြီးမှာ ခေတ်မှီစွာ ၀တ်စားတာဟာ ပြသနာ တရပ် မဟုတ်ဘူးလို့ထင်ပါတယ်၊ နောက်တချက်ကလဲ သူတို့ရဲ့ ခန္ဓာကိုယ် သူတို့ သဘောပဲ ဖြစ်သင့်ပါတယ်၊ ဒါပေမယ့် အဲ့ဒီလို ခေတ်မှီစွာ ၀တ်ဆင်မှုကို နှောင့်ယှက်လာခဲ့ရင် ဒီအမျိုးသမီးတွေကို ကာကွယ်ပေးနိုင်မယ့် ခိုင်မာတဲ့ ဥပဒေတရပ်ရှိအောင် လုပ်ပေးရမယ်၊
    အဲ့ဒီ့ဥပဒေရဲ့ အထက်မှာ ငွေကြေးတံဆိုးလက်ဆောင် ရှိလို့ မရအောင် လုပ်သင့်တယ်၊
    အမျိုးသမီးလေးတွေကို ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ တိုင်းနေမယ့်အစား ထိုဗမာအမျိုးသမီးလေးတွေ မတရားတဲ့ အမိန့်အာဏာတွေကို တော်လှန်ရဲအောင် မဟုတ်တာကို ငြိမ်မခံနေတတ်အောင် အမှန်တရားကို ပြောရဲအောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးတက်လာအောင် အတန်း ပညာတွေ ကိုသင်ယူခွင့်ရအောင် လုပ်ပေးရမယ်၊ လှုံဆော်ရမယ်လို့ထင်ပါတယ်၊

    ReplyDelete
  4. အသက်ကြီးပေမယ့်မပျက်စီးသေးဘူး..

    ReplyDelete