Pages

Tuesday, December 20, 2011

ဧရာဝတီမြန်မာပြည်ထဲရောက်နိုင်ရေးအတွက် ကူညီကြပါရန်

~





စာဖတ်ပရိသတ်များခင်ဗျာ

ဧရာဝတီဟာ အမြတ်အစွန်းကို ဦးတည်တဲ့ စီးပွားရေးအဖွဲ့ မဟုတ်ပါဘူး၊ အဖွဲ့အစည်းတွေ၊ တသီးပုဂ္ဂလ အလှူရှင်တွေရဲ့ ငွေကြေးအကူအညီ၊ လှူဒါန်းမှုတွေနဲ့ ရပ်တည် ဆောင်ရွက်နေတဲ့ မီဒီယာအဖွဲ့တခုဖြစ်ပါတယ်။ ကျနော်တို့ရဲ့တာဝန်က မြန်မာပြည်နဲ့ အရှေ့တောင်အာရှဆိုင်ရာကိစ္စတွေမှာ မှန်ကန်တိကျပြီး ဘက်လိုက်မှုမရှိတဲ့ သတင်းတွေ၊ အချက် အလက်တွေကို တင်ပြဖို့ဖြစ်ပါတယ်။

ကျနော်တို့အနေနဲ့ ကမ္ဘာတလွှားက ကျနော်တို့စာဖတ်ပရိသတ်အတွက် နောက်ဆုံးပေါ်သတင်းနဲ့ နက်နက်ရှိုင်းရှိုင်း လေ့လာသုံးသပ်ချက်တွေကို မိနစ်နဲ့အမျှ တင်ပြနိုင်ခဲ့ပါတယ်။ ဒီအတွက် ကျနော်တို့ ဂုဏ်ယူမိပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာလည်း မြန်မာပြည်ထဲက စာဖတ်ပရိသတ်ဦးရေကို ပိုပြီးချဲ့ထွင်လာနိုင်ခဲ့ပါတယ်။ ဒီလိုဆောင် ရွက်လာနိုင်တာဟာ စိတ်လှုပ်ရှားဖွယ် ပြည်တွင်းမီဒီယာ ဆင်ဆာ အပြောင်းအလဲကြောင့် ဖြစ်ပါတယ်။

အခုဆိုရင် ပြည်တွင်း စာဖတ်ပရိသတ် အနေနဲ့ ၁၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဧရာဝတီကို တရားဝင် လက်လှမ်းမှီနိုင်ပါပြီ။ အဲဒီလို တရားဝင် လက်လှမ်းမှီလာတာနဲ့အမျှ ကျနော်တို့ ပြည်တွင်း စာဖတ်ပရိသတ်ဦးရေဟာလည်း အရင်ကထက်စာရင် လေးဆလောက် မြှင့်တက်သွားပါပြီ။

မြန်မာပြည်မှာ အခုလို အပြောင်းအလဲဖြစ်လာတဲ့ အချိန်မှာ ကျနော်တို့ အလုပ်အတွက် ငွေကြေး ထောက်ပံ့ကူညီမှုဟာလည်း တစထက်တစ အပြောင်းအလဲ ဖြစ်လာနေပါတယ်၊ လျော့နည်းလာနေပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ အမှီအခိုကင်းတဲ့ ဝင်ငွေတွေ ပိုရရှိလာအောင် အွန်လိုင်းကြော်ငြာ ထည့်တဲ့နည်းကို စမ်းသပ်တဲ့ နည်းနာအသစ်တခု အဖြစ်နဲ့ အသုံးပြုလျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ခြင်းဟာ မြန်မာပြည်နဲ့ နိုင်ငံတကာမှာရှိတဲ့ ကျနော်တို့ စာဖတ်ပရိသတ် အတွက် ဘက်လိုက်မှုမရှိတဲ့ သတင်းအချက်နဲ့ တခြားမီဒီယာအစီအစဉ်တွေ ဆက်လက် တင်ပြနိုင်ဖို့ ကြိုးစားရာမှာ အထောက်အကူ ဖြစ်စေတဲ့ နည်းလမ်း အသစ်အဆန်းတခု ဖြစ်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။

လက်ရှိအချိန်မှာတော့ ဧရာဝတီအနေနဲ့ နိုင်ငံတကာက ကျနော်တို့ စာဖတ်ပရိသတ်ရဲ့ ဖြူစင်တဲ့ ငွေကြေးအထောက် အပံ့အပေါ်မှာလည်း မှီခိုနေရဆဲပါ။ ဒါကြောင့် ပြည်တွင်းပြည်ပက ကျနော်တို့ရဲ့ သတင်းထောက်တွေကို ထောက်ပံ့နိုင်ဖို့ အတွက် ဧရာဝတီကို ငွေလှူဒါန်းကြဖို့ စဉ်းစားစေလိုပါတယ်။ ဒါမှမဟုတ် http://irrawaddystore.com မှာ မြန်မာ စာတမ်းပါတဲ့ ခရစ်စမတ်လက်ဆောင် တခုခု ဝယ်ယူ အားပေးပြီးတော့လည်း ကျနော်တို့ကို ကူညီနိုင်ပါတယ်။

ဧရာဝတီဆက်လက်ရှင်သန်နိုင်ဖို့နဲ့ မြန်မာပြည်အပြောင်းအလဲအတွက် ကူညီထောက်ပံ့မှုတွေအပေါ် ကျေးဇူးတင်ပါတယ်။

ဧရာဝတီ

PAYPAL ကနေတဆင့် ငွေကြေး လှူဒါန်းလိုသူတွေအနေနဲ့ အောက်မှာပါတဲ့ လင့်ကို နှိပ်လိုက်မယ် ဆိုရင် ဘယ်လို ဆက်လက် ဆောင်ရွက်ရမယ် ဆိုတာကို လမ်းညွှန်ပေးပါလိမ့်မယ်။

Link: http://irrawaddy.org/donations.html





~

10 comments:

  1. ကြော်ငြာထည့်တာနဲ့ ပတ်သက်ရင် ကျွန်တော်ကတော့ ထူးပြီး ကန့်ကွက်နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်တွင်းစာဖတ်ပရိသတ်ကို တကယ် ရည်ရွယ်ရင် ကြော်ငြာကို နည်းနည်း လျှော့သင့်ပါတယ်။ အဲလိုမှ မဟုတ်ရင် ပေ့ခ်ျတခု ဖွင့်လိုက်ရင် ကြော်ငြာအတွက်ပါ စောင့်နေရတာ ပိုပြီး ကြာပါလိမ့်မယ်။

    ReplyDelete
  2. ပထမတော့လှူမလို့ပဲ၊မင်းတို့ကငါ့ကွန်မန့်ကိုမတင်ပေးလို့မလှူတော့ဘူး။

    ReplyDelete
  3. Burma Media Wash said...

    ဗျို့ အပေါ်က ဆြာ-
    ခင်ဗျား ပြောတာ ဟုတ်တော့ ဟုတ်တယ်။အဲ..ဒါပေမယ့်
    ဧရာဝတီကိုယ်တော်များရဲ့နေရာမှာနေကြည့်ပြီးမှပြောရင်
    ကောင်းမယ်။ကြော်ငြာကြောင့်အနှောက်အယှက်ဖြစ်ရရင်
    ခင်ဗျား..ငွေလှူပါ။
    ပြီးတော့ ခင်ဗျား ကို ရဲဘော်ရဲဘက်လိုသဘောထားပြီးပြောမယ်။ခင်ဗျား..တိုင်းပြည်နဲ့လူမျိုးအတွက်ဘာလုပ်နေသလဲ။ဘာတွေပေးဆပ်နေသလဲ။ဘာတွေအနစ်နာခံနေသလဲ။
    ကျနော်လည်း ကျရာတာဝန်ကိုထမ်းပါတယ်။ခင်ဗျားလည်းဝိုင်းပြီးထမ်းပါဗျာ။

    ReplyDelete
  4. လွတ်လပ်တဲ့မီဒီယာတခုဇြစ်ဖို့အတွက် ကိုယ်ပိုင် ၀င်ငွေရှိဖို့လိုတာ လက်ခံပါတယ်၊

    ReplyDelete
  5. ပြောရမှာတော့ စိတ်တော့ မကောင်းဘူးပေါ့ဗျာ။ ကျနော်ကျတော့ ဧရာဝတီ ဘလော့ဂ် နဲ့ မြန်မာပိုင်း ဆိုဒ်က ကြော်ငြာတွေကြောင့် စာဖတ်ဒုက္ခသည်ဖြစ်နေရတာ ကြာပါပြီဗျာ။ ဒါပေမယ့် ငွေကြေးကလည်း မတတ်နိုင်တော့ လှူချင်ပေမယ့် မလှူနိုင်ဖြစ်နေရပါတယ်။ ဒါကြောင့်....

    အရပ်ကတို့ရေ....ကျနော် ဧရာဝတီကို လှူဖို့အတွက် ငွေလိုနေလို့ ကျနော့်ကို နည်းများမဆို အလှူငွေလေးများ သနားကြပါလို့ ဧရာဝတီ ဘလော့ဂ်မှ တဆင့် အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည် ခင်ဗျာ။

    ReplyDelete
  6. ကျနော့်မှာ လှူချင်ပေမယ့် မလှူနိုင်လို့ပါ။ ဧရာဝတီကို ဖတ်လာတာလည်း ပြည်ပကိုရောက်ကတည်းက ၇ နှစ်ကျော်၊ ၈ နှစ်လောက်ရှိပါပြီ။ ပြည်ပမှာနေပေမယ့် အခုထိ လုပ်လုပ်လက်စား ဘ၀ နဲ့ ရုန်းကန်နေရတုန်းပါပဲ။

    ဧရာဝတီပေါ်က ကြော်ငြာတွေကြောင့် ဒုက္ခရောက်နေရတယ်ဆိုတဲ့ထဲမှာ ကျနော်လည်းပါတာပေါ့လေ။ ကိုယ်ကလည်း မလှူနိုင်တော့ ဘယ်လိုလုပ်ရမလဲဆိုတာ သွားစဉ်းစားမိတယ်။ မြန်မာပိုင်း နဲ့ ဘလော့ဂ်ပေါ်မှာ ကြော်ငြာတွေက အင်္ဂလိပ်ဆိုဒ်မှာထက်ပို များတယ်လို့ ထင်တယ်။ ဒါကြောင့် မြန်မာပိုင်းကို လုံးဝမဖတ်တော့ပဲ အင်္ဂလိပ်ပိုင်းကိုပဲ ဖတ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ အင်္ဂလိပ်လိုတော့ ကောင်းကောင်း ဖတ်တတ်ပါတယ်။ ဒါပေမယ့် မြန်မာတယောက်ဖြစ်တဲ့အတွက် မြန်မာသတင်း ၅ ပုဒ်ဖတ်လို့ ပြီးလောက်တဲ့အချိန်မှာ အင်္ဂလိပ်သတင်း ၃ ပုဒ်လောက်ပဲ ဖတ်နိုင်တော့မှာပေါ့။ မြန်မာစာလောက်တော့ မြန်အောင် ဘယ်ဖတ်နိုင်မလဲ။

    အဲဒီတော့ အဆိုးတွေထဲက အကောင်းကိုပဲ ရွေးပြီးပြောရမယ်ဆိုရင်တော့ အင်္ဂလိပ်သတင်းတွေ အဖတ်များလေ၊ အင်္ဂလိပ်လို ပိုပြီးတိုးတက်လေလို့ပဲ မှတ်ထားလိုက်မယ်။

    ReplyDelete
  7. ကြော်ညာတွေက လှပါတယ်ဗျ...အရောင်စုံသား

    ReplyDelete
  8. ဧရာဝတီဆိုတဲ့ အမည် အနက်နဲ့လိုက်ဖက်အောင် ပြင်စရာတွေအများကြီးရှိပါသေးတယ် ဥပမာ comment ဖေါ်ပြတာတောင် ကိုယ်နဲ့အလှမ်းသင့်တဲ့ဟာကို ရွေးချယ်ဖေါ်ပြနေတာ သမာသမတ်ရှိတဲ့ သတင်းမီဒီယာ မဟုတ်သေးဘူးဆိုတာ ထင်ရှားနေပါတယ် အများစုက သတိပြုမိကြတယ် ဒါကြောင့် စေတနာတွေ လျှော့ပါးသွားတယ်ဗျာ

    ReplyDelete
  9. သုတေသီ။December 21, 2011 at 8:52 AM

    ဧရာဝတီရဲ့ တန်ဖိုးကိုနားလည်မှ ထိန်းသိမ်းတတ်မှပါ။မြန်မာ
    ပြည်မှာဧရာဝတီမြစ်ကြီးမခမ်းခြောက်စေချင်သလို သတင်း
    လောကမှာလည်းဧရာဝတီကိုမကွယ်ပျောက်စေလိုပါ။

    ReplyDelete
  10. ဧရာဝတီကတင်ပြတာ ကောင်းပါတယ်.. ကျေးဇူးလည်း တင်ပါတယ်... ကူဘို့ လဲ ကျနော့်မှာ ပိုက်ဆံ မရှိပါ.. ဆက်လက်ပြီးတော့လဲ အားပေးနေပါအုံးမယ်.. အကြံပဲ ပေးနိုင်ပါတယ်.. လခလေး လျှော့ယူလိုက်ကြရင် အဆင်ပြေသွားမလားပဲလေ...

    ReplyDelete