
၂၀၁၁ ကို ပြန်ကြည့်တော့ ဧရာဝတီသတင်းဌာနအတွင်း အဖြစ်၊ အပျက် အတော်များများကို သတိထားမိပါတယ်။ အဲဒီထဲက တချို့ အတွင်းရေးများကို နှစ်သစ်မှာ ဖွင့်ချလိုက်ပါပြီ။
အောင်မြင်မှု
း) မြန်မာပြည်တွင် သတင်းလွတ်လပ်မှု ဆက်ပိတ်ထား၍ ဧရာဝတီ ဆက်ပြီး ရည်တည်နိုင်ခဲ့။
း) ဧရာဝတီ စာမျက်နှာများကို ၂၄/၇ ကြည့်ရှုနိုင်ရန် ၀က်မာစတာများ စီမံနိုင်ခဲ့။
း) ဂျစ်ကန်ကန်လုပ်တတ်သော ရုံးသုံး ပရင်တာကြီးကို အစွမ်းကုန် သည်းခံပြီး သုံးနိုင်ခဲ့။
း) မတ်လမှာ ၀က်ဆိုက် အဟက်ခံရသော်လည်း ထပ် အဟက်မခံရအောင် နောက်ပိုင်း ၉ လ လုံးလုံး ကာကွယ်နိုင်ခဲ့။
း) ဧရာဝတီသတင်းထောက်များ မူလ ရေးသားဟန်ကို မပြောင်းကြဘဲ ဆက်ပြီး ထိန်းနိုင်ခဲ့။

ဆုံးရှုံးမှု
း( ဝက်မာစတာတယောက် ဆိုင်ကယ်မှောက်
း( သတင်းထောက် တယောက် မပေါက်တဲ့ထီလက်မှတ်တွေ လတိုင်းဝယ်
း( အယ်ဒီတာ တယောက် ဖုန်းပျောက်
း( ၀က်မာစတာ တယောက် ကားတိုက်မှုမှာ ဘတ် ၄၀၀၀ ($တရာကျော်) လျော်ရ
း( စာပေစိစစ်ရေးဌာနနှင့် ဆက်ဆံခွင့် မရခဲ့

ဖြစ်ထွန်းမှု
း) သတင်းထောက် ၂ ယောက် ၂၀၁၂ မင်္ဂလာပွဲအတွက် ရက်ရွေး (သီးခြားစီဆောင်ကြမည်)
း) သတင်းထောက် ၁ ယောက် လက်ထပ်
း) စာတည်း ၂ ဦး တို့ရဲ့ ဇနီးများ ကိုယ်ဝန်ရ
း) အလုံးတလုံးကို လူ ၂၀ ကျော် လိုက်လုခြင်းအကြောင်း ဧရာဝတီ မြန်မာပိုင်းမှာ ပုံမှန် ဖော်ပြ
း) သတင်းထောက် xxx ရည်းစား (အနည်းဆုံး ၁ ဦး) ထပ်ရ

ပျက်ကွက်မှု
း( ဦးသိန်းစိန်က ဖိတ်သော်လည်း ပြည်တော်ပြန်ကြရန် ပျက်ကွက်
း( ဧရာဝတီ ၀န်ထမ်းများအား လစာ တိုးပေးရန် ပျက်ကွက်
း( ကင်ဂျုံအီးလ်နာရေးသို့ ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပို့ရန် ပျက်ကွက်
း( ဧရာဝတီရုံးအနီးရှိ တရုတ်သံရုံးသို့ ခရစ်စမတ်ကတ် ပို့ရန် ပျက်ကွက်
း( ဦးသိန်းစိန် သမ္မတဖြစ်စဉ်က ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့ရန် ပျက်ကွက်

ဧရာဝတီ နှင့် ဧရာဝတီ ၀ိုင်းတော်သားတို့၏
၂၀၁၁ ထိပ်တန်းလျှို့ဝှက်ချက်များ
ဤတွင်ပြီး)
၂၀၁၁ ထိပ်တန်းလျှို့ဝှက်ချက်များ
ဤတွင်ပြီး)
ခုချိန်က ဒါတွေရေးပြီး ပေါတောတောလုပ်နေရမယ့်အချိန်မဟုတ်တော့ဘူး
ReplyDeleteဒိုနာတွေကို အားနာပါ
အဲ့ဒီ့ သတင်းဌာနက ဦးအောင်ဇော် ဆိုတဲ့ အယ်ဒီတာ ချုပ် ပါ တစ်ခါတည်း အနိစ္စ ရောက်သွားသင့်တာ။ ဘာတွေ လျှောက်တင်နေမှန်း မသိလို့။ အဓိပ္ပါယ် မရှိတာတွေ မလုပ်ပါနဲ့ဗျာ။ မြန်မာ ပြည်သူပြည်သားတွေက နိုင်ငံတကာမှာ ထမင်းအိုးထဲ ထမင်းအပြည့်နဲ့ စားသောက်ဖွယ်ရာ အစုံအလင်နဲ့ အားအား ယားယား စာတွေ ထိုင်ဖတ်နေကြ တဲ့ လူတွေ လို့ များထင်နေကြလား မသိပါဘူး။
ReplyDeleteတကယ့်လျောက်ရူးတွေဘဲ. အင်တာနက်ဆိုင်မှာပိုက်ဆံပေးပြီး တကူးတကာ့ လာဖတ်ရတဲ့ ပြည်သူတွေကို အားနာပါအုံး အခုမှသိရတော့တယ် သတင်းထောက်.သတင်းရေးတဲ့သူတွေက ခပ်ကြောင်ကြောင်တွေဘဲ.. ဦးနှောက်သိပ်မမှန်တော့ယင်လည်း ဆရာဝန်တွေနဲ့ပြကြည့်အုံး ပိုဆိုးသွားမှာ စိုးရိမ်းလို့ပါ
ReplyDeleteဧရာဝတီကို စိတ်ဝင်စားတာမဟုတ်ပါ။ ဧရာဝတီက တင်တဲ့ သတင်းအချို့ ကိုပဲ စိတ်ဝင်စားတာပါ။
ReplyDeleteဧရာဝတီက သတင်းထောက်တွေကလည်း celebrity တွေမဟုတ်ပါ။ ဒါကြောင့် ဘယ်သူ လူပျို၊ ဘယ်သူအပျို၊ ဘယ်သူ ဘယ်တော့ မင်္ဂလာဆောင်မယ်ဆိုတာလည်း စိတ်မ၀င်စားပါ။ အဲဒါက စာဖတ်သူတွေ သိရမယ့် ကိစ္စလည်းမဟုတ်ပါ။
ဧရာဝတီ အောင်မြင်နေတယ်၊တိုးတက်နေတယ်ဆိုတဲ့ သတင်းကိုကြားရရင်တော့ စာဖတ်သူအနေနဲ့ ၀မ်းသာနေမှာပါ။ ဒါပေမယ့် အခုလို ဟာမျိုး အရည်မရ၊ အဖတ်မရတွေ တင်တာဟာ ဧရာဝတီ ဇောက်ထိုးဆင်းနေတယ်လို့ မြင်မိပါတယ်။
တချိန်မြန်မာပြည်ထဲကို ပြန်ဝင်မယ့် ဧရာဝတီအနေနဲ့ ကိုယ့်သတင်းထောက်တွေကို ဒါမျိုးတွေ ရေးတဲ့အကျင့်မျိုးမရှိအောင် အခုကတည်းက ကြိုတင် လေ့ကျင့်ပေးထားသင့်ပါသည်။ မြန်မာပြည်ထဲမှာက ဂျာနယ်ပေါင်းမြောက်များစွာ။ ပြီးတော့ အပြောင်းအလဲဖြစ်လို့ သတင်းစာထုတ်ဝေခွင့်တွေ၊ ပုဂ္ဂလိက ပိုင် ရုပ်မြင်သံကြားတွေ လုပ်ခွင့်ရလာတဲ့တနေ့ ဧရာဝတီက ပြည်တွင်းမှာ အခုလို ပေါတောတောတွေ လျှောက်ရေးနေပုံနဲ့တော့ ဟူး....ရင်လေးမိပါတယ်။
တချိန် အားလုံးပြည်တွင်းထဲကို ပြန်ဝင်ကြတဲ့အချိန်မှာ ဧရာဝတီကို နိုင်ငံခြားမှာ အခြေစိုက်ခဲ့တဲ့ သတင်းဌာနတခုအနေနဲ့ရော၊ နိုင်ငံခြားအတွေ့အကြုံတွေရှိထားတဲ့ ဧရာဝတီ သတင်းထောက်တွေအနေနဲ့ရော ပြည်တွင်းက မီဒီယာတွေကြားမှာ လက်မထောင်နေတာကိုပဲ မြင်ချင်ပါတယ်။ အခုလို ပေါက်ကရတွေ လျှောက်မရေးပါနဲ့လို့ပဲ အပြုသဘောဆောင်ပြီး အကြံပေးချင်ပါတယ်။
အဓိပ္ပါယ်မ၇ှိ၊အေ၇မ၇ အဖတ်မ၇တာတွေ အွန်လိုင်းပေါ်ကျေးဇူးပြု၍ မတင်ပါနဲ့ခင်ဗျာ....အချိန်ကုန်၊
ReplyDeleteငွေကုန်၊စက်နာလို့ပါ၊ကျွန်တော်တို့မှာ ကိုယ့်အလုပ်နဲ့ကိုယ်တောင် မအားတဲ့အတွက် လိုင်းပေါ်ကို
အချိန်လုတက်နေကြ၇တာပါ.....ဧ၇ာဝတီက ပုဂ္ဂိုလ်များကို
တော့ အားကျမိပါတယ်....အားလပ်ချိန်တွေ တော်တော်များများ
ပိုင်ဆိုင်ကြလို့ပါ.....
လူတွေကပဲ အဆိုးမြင်ကြသလား
ReplyDeleteဟာသကို ဟာသလို မဖတ်တတ်ကြတော့ဖူး ထင်တယ်
ဟာသ ကို ဟာသလို့ ဘယ်ဖတ်တတ်မလဲဗျ အိပ်ရစားရပျက်တဲ့ ဘလော့တခု နိုင်ငံတော်ဘတ်ဂျက်နဲ့ဖွင့်ထားပြီး အဆိုးမြင် ဂွ တိုက်တာတွေချည့်လိုက်ရေးဖို့ အပုလေးကမြှောက်ပေးထားတဲ့ ကောင်တွေကိုးဗျ
ReplyDeleteမင်းတို. အဘတွေလို တစ်အိမ်တစ်ယောက် လုပ်အားပေးနဲ့ ဧရာဝတီကို လာဖတ်ခိုင်းတာမဟုတ်ဘူး။ ဘာလုပ်လုပ် မျက်မှောင်ကြုံ့ ကြည့်နေတတ်ရင်တော့ ဂျပု တပည့်တွေပဲဖြစ်ရမယ်။ ရသအစုံ မခံစားတတ်ရင် မင်းတို့ ထမင်းစားဦးမယ်ဆို ထမင်းပဲစား ဟင်းမစားနဲ့။
ReplyDeleteကျနော်ကတော့ ကြိုက်တယ်။ အပေါ်က ကောမဲန့်ဆရာ 5 ယောက် ဘာဖြစ်လို့ လေးတာကြီးတွေပဲ လိုချင်နေကြတာလဲဗျ။ ကျနော်တို့ နေ့တဓူဝ လေးတာကြီးတွေပဲ ထမ်းနေရတဲ့ဘ၀မှာ ဒီလိုပေါ့ပေါ့ပါးပါး ပြုံးစရာလေးတွေကို ဖတ်ရင်းနဲ့ စိတ်အလေးတွေ လျှော့ချကြတာပေါ့။ မဟုတ်ဘူးလား
ReplyDeleteThis comment has been removed by the author.
ReplyDeleteကို ပွကြီး နဲ့ Vannz တို့ရေ
ReplyDeleteဟာသ ကြည့်ချင်မှတော့ www.burmeseclassic.com လိုမျိုး ၀က်ဘ်ဆိုဒ်ကိုသွားမှာပေါ့။ အဲဒီမှာ ဟာသ၊ အငြိမ့်ဗွီဒီယို အစုံအလင်ရှိတယ်။ Youtube မှာလည်း မြန်မာသီချင်းတွေ၊ အငြိမ့်တွေရှိတာပဲ။ ကြော်ငြာပေးနေတာမဟုတ်ပါ။
ဟာသကို ဖတ်ချင်တယ်ဆိုရင်တော့ www.crazyvilla.org လို ဟာသဆိုဒ်တွေကို သွားမှာပေါ့။ ဧရာဝတီဆိုဒ်ကိုတောင် လက်အညောင်းခံပြီး (ခြေထောက်မညောင်းပါ၊ click ရလို့ လက်ညောင်းပါသည်။) လာစရာ မလိုဘူး။
ဧရာဝတီ၊ မဇ္ဈိမ၊ DVB, RFA, VOA ဆိုဒ်တွေကို ဘယ်သူကမှ ဟာသနှောဖို့ သွားမှာကြည့်မှာမဟုတ်ဘူး။ ကိုယ့်တိုင်းရေးပြည်ရေး အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ သိချင်လို့ လာကြတဲ့ သူတွေချည်းပါပဲ။ ဒီကိုရောက်တော့မှ သတင်းမဟုတ်ပဲ ပေါက်ကရတွေ လျှောက်ရေးထားတာတွေ့တော့ စိတ်ကုန်တယ်။
"တော်ပြီး နောက် ဧရာဝတီကို လာမဖတ်တော့ဘူး" လို့လည်း မရေးချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲလိုရေးလိုက်မိတိုင်း ကိုယ့်ကောမန့်လေးကို ၀က်မာစတာ တင်မှတင်ပေးပါ့မလားဆိုပြီး နောက်တခေါက် လာကြည့်ရတာက တမျိုး၊ ၀က်မာစတာက တင်ပေးလိုက်ပြန်တော့လည်း ကိုယ့်ကို ချေပတဲ ကောမန့် ဘယ်နှစ်ခုလောက်ရှိနေမလဲဆိုပြီး နှစ်နာရီတခါလောက် လာကြည့်ရတာတမျိုး။ အချိန်တွေလည်း ကုန်ပါတယ်။ စိတ်လည်းညစ်ပါတယ်။
This comment has been removed by the author.
ReplyDeleteအားလုံးသို့ ၊
ReplyDeleteဧရာဝတီမှာ ဝက်ဆိုက် ၃ခု ရှိတယ်လေ။
1. irrawaddy.org
2. bur.irrawaddy.org
3. irrawaddyblog.com
ဘလောက်ဆိုက် ကတော့ ပိုပြီး ပေါ့ပါး မြန် ဆန်တာတွေတင်တာ တွေ ရပါတယ်။ လေးနက်တဲ့ သတင်းတွေ ဖတ်ချင်ရင် အပေါ်က ဆိုက် ၂ခုကို အဓိကထားပြီးဖတ်ပေါ့ဗျာ။ ဒါဘဲဗျာ.....
This style is vibrant. Like it.
ReplyDeleteThose who get annoyed of such style don't visit this blog.
Don't waste yr time on such unholy or unnecessary comments.
ဒါဆို ဧရာဝတီဘလော့က သတင်းဘလော့မဟုတ်ဘူးပေါ့နော်
ReplyDeleteဟာသဘလော့ကြီးလား