
တစ်နှစ်တာ အတွင်း ထူးချွန် မှု အရှိဆုံး ပုဂ္ဂိုလ် အဖြစ် ဒေါ် နော်အုံးလှ ကို ရွေးချယ်
တစ်နှစ်တာ အတွင်း ထူးချွန် မှု အရှိဆုံး ပုဂ္ဂိုလ် (Person of the Year) အဖြစ် Freedom
News Group ၏ အယ်ဒီတာ အဖွဲ့ မှ ဒေါ်နော်အုံးလှ နှင့် နိုင်ငံ ရေး အကျဉ်းသား လွတ်မြောက်
ရေး အင်္ဂါ ၀တ် ပြု ဆုတောင်း အဖွဲ့  ကို ရွေးချယ် ချီးမြင့် ပေး အပ် လိုက်သည်။ Freedom News Group မှ ဒေါ်နော်အုံးလှ အား Person of the Year ဆု အတွက်
ရွေးချယ် ပေးအပ် ချီးမြှင့်ရခြင်း မှာ သူမ ၏ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ၊ ပြည်
တွင်း ငြိမ်းချမ်းရေး ၊ မြစ်ဆုံ ရေကာတာ ဆည် တည်ဆောက် မှု ရပ်တန့် ရေး တို့  အတွက်
စွမ်းစွမ်း တမံ ဆောင်ရွက် မှု များ ကြောင့် ပေး အပ်ရခြင်း ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး အတွက် အင်္ဂါနေ့တိုင်းဆုတောင်းလှုပ်ရှားမှု ကို ဦး
ဆောင် သူ ဒေါ်နော်အုံးလှသည် ယခု နှစ် မေလ ၁၇ ရက်နေ့ တွင် ဖမ်းဆီးထားရာ အကျဉ်း
ထောင်တွင် ထောင်ဒဏ် ၂ နှစ် ချမှတ် ထားရာ မှ ပြန်လည် လွတ် မြောက်လာခဲ့ သည်။
ပြန်လည် လွတ်မြောက် ပြီး နိုင်ငံ ရေး အကျဉ်းသား လွတ်မြောက်ရေး ဆုတောင်း ပွဲများ ကို
ဦးဆောင် လှုပ်ရှား ခဲ့ ပြီး ယခုနှစ် စက်တင်ဘာ လ ၂၆ ရက်နေ့ တွင် မြစ်ဆုံဆည် တည်ဆောက်
မှု ရပ်တန့် ရေး နှင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး တို့  အတွက် လူ ၂၀၀ ကျော်
ခန့် ပါဝင်သည့် ဆန္ဒပြ တောင်းဆို မှု ပြုခဲ့ သည်။
‘This is Our Contribution to Our Country’
ဒေါ်နော်အုန်းလှသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ချခံထားရ စဉ် ကာလက သူမ
လွတ်မြောက်ရေး အတွက် အင်္ဂါနေ့တိုင်း ၀တ်ပြုဆုတောင်း နေသူဖြစ်သည်။
၂၀၀၉ ခုနှစ် အောက်တိုဘာလ တွင် ကမ္မ၀ါစာ တွေ့ ရှိမှု ဖြင့် ဖမ်းဆီး ခံရ ပြီးနောက်
ထောင် ဒဏ် ချမှတ် ခံရခြင်း ဖြစ်သည်။
Mizzima News: Naw Ohn Hla severely injured in car accident
ကရင် တိုင်း ရင်းသူ တစ်ဦး လည်း ဖြစ်သူ ဒေါ် နော် အုံး လှ သည် သူမ ၏ တက်ကြွစွာ
လှုပ်ရှား မှု များ ကြောင့် ၁၉၈၉၊၁၉၉၀၊ ၁၉၉၂၊ ၁၉၉၅၊၁၉၉၈ နှင့် ၂၀၀၇ ခုနှစ် များ တွင်
ဖမ်းဆီး ထိမ်း သိမ်းခြင်း ခံ ခဲ့ ရသည်။
ယမန် နှစ်က FNG မှ ချီးမြှင့် သည့် တစ်နှစ်တာ ထူးချွန်မှု အရှိ ဆုံး ဆု ကို အင်္ဂလန် နိုင်ငံ
တွင် နေထိုင်သည့်မဝေနှင်းပွင့်သုန် က ရရှိခဲ့ သည်။
ညွှန်း - မိုးမခ - http://moemaka.blogspot.com/2012/01/friend-of-moemaka-2011-daw-naw-ohn-hla.html?spref=fb
Freedom News Group - http://freedomnewsgroup.com/2011/12/19/person-of-the-year-2/
မှတ်ချက် -
ဒေါ်နော်အုန်းလှကို ဧရာဝတီရဲ့ ၂၀၁၁ ထူးခြား ထင်ရှားသူများမှာလည်း ဖော်ပြထားပါတယ်။ ကူးယူဖော်ပြလိုက်ပါတယ်။
နိုင်ငံရေး အကျဉ်းသား လွတ်ရေး အင်္ဂါဆုတောင်းပွဲ ဦးဆောင်သူ
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံနေစဉ် အတွင်း ဒေါ်အောင်ဆန်း စုကြည်နှင့် အတူ အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ၊ ရွှေဝါရောင် တော်လှန်ရေးကြောင့် ဖမ်းဆီးခံ သံဃာတော်များ ပြန်လည် လွတ်မြောက်ရေး အတွက် အင်္ဂါဆုတောင်းပွဲကို အပတ်စဉ် ဦးဆောင်ခဲ့သူ တဦးဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ မှော်ဘီမြို့နယ် စည်းရုံးရေးမှူး အဖြစ်မှ၂၀၀၅ ခုနှစ်တွင်ရပ်စဲခံခဲ့ရကာ ပါတီဝင်တဦးအဖြစ် ဆက်လက် ရပ်တည်ခဲ့သည်။
အင်္ဂါဆုတောင်းပွဲ ပြုလုပ်ခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုတို့ကြောင့် မကြာခဏ ဖမ်းဆီးထိန်းသိမ်းခံရကာ ၎င်းနေထိုင်ရာ မှော်ဘီမြို့နယ်၏ အပြင်သို့ သွားလာခွင့် ကန့်သတ်ခံခဲ့ရသည်။
ဒေါ်နော်အုံးလှ၏ နိုင်ငံရေးအန်တုမှုဆိုင်ရာ လှုပ်ရှားမှုများသည် NLD ပါတီ၏ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်မှုများနှင့်သိသိ သာသာကွဲပြားခဲ့သည်။ မကြာသေးမီလများက နော်အုံးလှနှင့်လုပ်ဖော်ကိုင်ဖက်များ၏ လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း ဒေါ်နော်အုံးလှက ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံခြင်း မရှိခဲ့ကြောင်း သိရသည်။
NLD ပါတီအား တရားဝင်အဖြစ်ပြန်လည် မှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်မည်ဟု မကြာခင်ရက်ပိုင်းအတွင်း သတင်းများ ထွက် ပေါ်ခဲ့ပြီးနောက် ထိုကိစ္စကို တနိုင်ငံလုံးရှိ အဖွဲ့ဝင်များ ပြည်သူများ၏အသံကို နားထောင်ပြီးမှသာ ပါတီကိစ္စ ဆုံးဖြတ်သင့်ကြောင်း နော်အုန်းလှ အပါအဝင် ပါတီဝင် ၃၂ ဦး က ကန့်ကွက်ခဲ့ကြသည်။
မိမိ၏ ယုံကြည်ချက်များကို တားဆီးနေမှုများကြားမှ အစဉ်တစိုက် လုပ်ဆောင်နေသူ နော်အုန်းလှသည် နိုဝင်ဘာ ၁၈ ရက်နေ့က NLD ရုံးချုပ်အတွင်း ပါတီမှတ်ပုံတင်ရန် ဗဟိုအလုပ်အမှုဆောင်းများ ဆွေးနွေးနေစဉ် ရုံးရှေ့၌ ပါတီမှတ်ပုံတင်ခြင်း ကန့်ကွက်ကြောင်း စာများကို ဖြန့်ဝေခဲ့သည်။

မိုးမခ ကလည်း ရန်တိုက်တတ်သားဘဲ ...မဆိုးပါဘူး ဒေါ်စုကိုတိုက်ခိုက်တဲ့ သူတွေ ပြည်ပမှာ အများကြီးဘဲ ထပ်ပေးအုံးပေါ့
ReplyDeleteဒီမိုကရေစီ အစစ်အမှန် ရရှိရေးအတွက် မိမိယုံကြည်ချက်အတိုင်း အစဉ်တစိုက် ရဲရဲရင့်ရင့်ပြတ်ပြတ်သားသား ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ ဒေါ်နော်အုံးလှကို ဂုဏ်ပြုပါတယ်။ လမ်းခုလပ်မှာ သွေးပျက်ပြီး ရည်မှန်းချက်ပျောက်သွားသူကိုတော့ မထောက်ခံလိုတော့တာအမှန်ပါခင်ဗျာ။
ReplyDelete