Pages

Tuesday, January 3, 2012

လွတ်ငြိမ်းချမ်းသာခွင့်ကို ဒီလို မြင်ကြတယ်



ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ဟောဒီလို သြဘာပေးထားကြပါတယ် -

ဦးဝင်းတင်ရဲ့ ဘီဘီစီနှင့်အင်တာဗျူးတွင် ပြောကြားချက် -
ပြည်သူလူထုကို နားလှည့်ပြီးပါး ရိုက်တယ်လို့ ကျနော် အဲဒီလိုပဲပြောချင်ပါတယ်။ ရှင်း၇ှင်းပြောရရင်တော့ မလွှတ်ဘူး လို့ပြောလိုက်တာပါပဲ။ ကျနော်ပြောချင်တာက ဘယ်လောက် စက်ဆုတ်နှုံချာတဲ့အစိုးရလဲ ဆိုတာ သိနိုင်တာပေါ့။

အဲဒါက အီးမေးအုပ်စုတခုဖြစ်တဲ့ 8888peoplepower@yahoogroups.com မှာ တွေ့ရတာပါ။

အောက်ဖော်ပြပါ မှတ်ချက်များကိုတော့ Facebook ပေါ်က ကျနော်နှစ်ခြိုက်မိသည့် မှတ်ချက်များ - (၂.၁.၂၀၁၂) ဆိုတဲ့ ခေါင်းစဉ်နဲ့ ၀င်လာတဲ့ အီးမေးတစောင်မှာ ဖော်ပြထားတာပါ။


Min Naing
‎1/1/2012 Take Action For Release All Political Prisoners In front of White House Washington DC.

Aung Myin Oo
သေဒဏ်ကို တစ်သက်ရွှေ့ 
၃၀ ကျော်က ၃၀ ခံ
၃၀ အောက်က ၂၀ စံလို့ 
၂၀ တွေ ၅ နှစ် ကျန်မယ့်
လွတ်/ငြိမ်းတု ထုတ်ပါတဲ့
လူရေခြုံ သမ္မတဂျီး
နွားကျလေခြင်း ။

Nan Wut Yi
အဲဒါ ပြစ်ဒါဏ်လျှော့ပေါ့လို့ ခေါ်တယ် ဦးသိန်းစိန်ရေ... လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘူး ...

Linn Way Khat
အမြော်အမြင်မရှိတဲ့ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်
ဒီကနေ့ ညနေ ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ကြည့်လိုက်ရင် သမ္မတဦးသိန်းစိန်ဟာ အမြော်အမြင်မရှိသလို၊ တိုင်းပြည်အပေါ်မှာ၊ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ စေတနာ မရှိဘူးဆိုတာ အထင်အရှားပြလိုက်တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
မြန်မာပြည်သူပြည်သားများနဲ့ ဒီမိုကရေစီဘက်တော်သားများ လိုချင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်က နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွတ်ပေးဖို့ပါ။ ဒါပေမယ့် တစ်သက်လုံးစစ်တပ်မှာနေ၊ စစ်သားလိုကျင့်ကြံခဲ့တော့ နည်းနည်းလေးပေးပြီး နာမည်ကောင်းယူချင်တဲ့အကျင့်က ဖျောက်မရဖြစ်နေတာရယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာရယ်၊ အမြော်အမြင်မရှိတာရယ်၊ ဥာဏ်နည်းပါးရယ်တွေရယ်ရောပြီး လွတ်လပ်ရေးနေ့ကိုအကြောင်းပြ လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ပါတယ်။ ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြည့်လိုက်ပြန်တော့လည်း အထင်ကရ icon တွေ ဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ တစ်ယောက်တလေမှ မပါနိုင်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန်ထားတယ်။ ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လောလောဆယ် အကျဉ်းဦးစီးဌာနက လူတွေ အလုပ်ရှုပ်မယ်။ စာရင်းဇယားတွေ ပြန်လုပ်ရမယ်။ အပြင်က နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေ အလုပ်ရှုပ်မယ်။ ပြည်သူတွေက ဟိုလူပါမလား၊ ဒီလူပါ့မလားှေမျှာ်လင့်ကြမယ်၊ ထောင်ထဲက နိုင်ငံရေးအကျဉ်းသမားတွေက ငါတို့များပါမလား မျှော်လင့်ကြမယ်။ မပါတော့ဘူးဆိုတာ သေချာရင် (ဘယ်လောက်ပဲ စိတ်ဓာတ်ခိုင်မာသည် ဖြစ်စေ)နည်းနည်းတော့ စိတ်ဓာတ်ကျမယ်။ မျှော်လင့်နေတဲ့ မိသားစုတွေက အခုပဲ ၀မ်းသာ၊ အခုပဲ ၀မ်းနည်းဖြစ်ရမယ်။ လွန်ခဲ့တဲ့ ၆၄ နှစ်က လွတ်လပ်ရေးပေးတဲ့နေ့ အလံတင်/အလံချ အခမ်းအနားကို အမြော်အမြင်မရှိ မနက်အစောကြီး လုပ်ခဲ့တော့ အင်္ဂလိပ်အရာရှိတစ်ယောက်က မနက်အစောကြီး အိပ်ရာထရတော့ ကြိုက်သလိုလုပ်ကြကွာ၊ ငါတို့က တစ်ခါပဲ အိပ်ရေးပျက်တာ၊ မင်းတို့ဗမာတွေက တစ်သက်လုံး အိပ်ရေးပျက်ရမှာ လို့ပြောခဲ့တာကို ပြန်တွေးမိရင်း အခုလည်း သမ္မတဦးသိန်းစိန်ရဲ့ အမြော်အမြင်မရှိ ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ရှုံ့ချလိုက်ပါတယ်။

Zaw Myo
လွတ်ငြိမ်းချမ်းသာခွင်လို.ခေါင်းစဉ်တတ်ပြီး နိုင်ငံအတွတ်ကောင်းကျိုးမပေးတဲသူခိုး ကြမ်းပိုးတွေကို အားပေးတဲ့လွတ်ငြိမ်းချမ်းသာခွင့်လို.ကျွန်တော်ထင်ပါတယ် ဘယ်မှာလဲလူသားချင်စာနာစိတ် ဒါလားပြည်ထောင်စုသမ္မတနိုင်ငံ အပြစ်တစ်စုံတစရာမလုပ်ခဲ့ဘဲလိုအပ်ချက်တွေကိုတောင်းဆိုတဲ့သူတွေကိုကျတော့ထောင်သွင်းအကျဉ်းချထားတယ် မိုက်ရိုင်းလိုက်တဲ့ဥပဒေ ဘယ်တော့မှအယုံအကြည်မရှိဘူး ကြ့ဖွတ်သမ္မ ငါတို.ကတောအချိန်တိုင်းတောင်းဆိုနေဦးမှာဘဲ ကိုမင်းကိုနိုင်နှင့်နိုင်ငံရေးသမားအားလုံးလွတ်ပေးပါ

Nge Lay
ပြောင်းကြီးတို့ပေးသမျှ လွတ်ငြိမ်းချမ်းသာခွင့်ကတော့ မှတ်ကျောက် တင်လောက်တယ်ဟေ့..၁ခါပေးလဲ ဒီအတိုင်း ၂ခါပေးလဲဒီအတိုင်း ထောင်ထဲမှာ လူဆိုး သခိုး မုဒိန်းကောင်တွေ၊ လူသတ်ကောင်တွေ ကျန်ကြသေးရဲ့လား.. အပစ်မရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုကြတော့ဖမ်းထားပြီး တိုင်းပြည်ကို လူဆိုး၊ သခိုးတွေသောင်းကျန်းအောင်။မုဒိန်းမူတွေပိုများအောင်၊ လူသတ်မူတွေပိုများအောင်လုပ်နေတယ်။

Zaw Linko
ငါတို့ လွှတ်စေခြင်တာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်လိုက်တာက ပြည်သူကို အန္တရာယ်ပြုတဲ့ ရာဇ၀တ်သားတွေ.........သူတော်ခြင်းသတင်းလွေ့လွေ့ဆိုတဲ့ စကားအတိုင်းလား..

Ko Htike
သတင်းကြေငြာတဲ့ အသံကို နားထောင်ရတာ ပိုပြီး အော့နှလုံး နာတယ်။ သူတို့လောက် ကြင်နာသနား စာနာထောက်ထားတဲ့ လူတွေပဲ မရှိတော့သလိုလို အကျဉ်းသားတွေကို လျော့ပေးပါတယ်ဆိုပြီး .. ပြောဆို ကြေငြာသွားတာ ရွံဖို့တောင် ကောင်းသေးတယ်။

Htet Hninse
ဦးသိန်းလိမ်တို့အစိုးရ အရှက်နည်းပုံက.. နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ရဲပုံများ.. သူတို့လှည့်စားလို့ ရမယ့်သူတွေ မဟုတ်မှန်းသိလို့ နေမယ်... နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ဘဲနဲ့ ဦးသိန်းလိမ်ကတိကို ယုံစားပြီး နေဖို့ မသင့်တော့ပါဘူး အန်အယ်လ်ဒီ.. တခုခုတော့ လုပ်သင့်နေပါပြီ...

Myo Myint
နိုင်ငံရေးအကျဉ်းသားတွေကိစ္စနဲ့ စိတ်တွေစနိုးစနောင့်ဖြစ်နေတုန်း တယောက်က "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အထူးကြေညာချက်ထုတ်တယ် ဖတ်ကြည့်ပါဦး" ဆိုတာနဲ့ ဘာများပါလိမ့်ဆိုပြီး အပြေးအလွှားဖတ်လိုက်တော့ ဒါ..ဖြစ်နေတယ်ဗျာ။ အဲလိုမှန်းသိရင် နောက်မှဖတ်ပါတယ်။ မျိုးမြင့်ချို


Just Do It against Military Dictatorship
‎2012 ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်း မွေး နေ့  မှ စတင်ကာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက် ရေး အရေး တော်ပုံ ကြီး ကို စတင်မည် ဟု အသိပေးကြေငြာအပ်
ပါသည်။ ပြည်သူ တစ်ရပ် လုံး ရောက်ရာ နေရာ က နေ ပါဝင်ဖို့  ဖိတ်ခေါ် ပါသည်။

7 comments:

  1. ယဉ်ယဉ်ကျေးကျေးပဲ ပြောလိုက်ပါတယ် အခုလိုလုပ်တာ စိတ်ပျက်မိတယ် ယုံကြည်ဖို့ဆိုတာ ပိုဝေးသွားတယ် ရှက်ဖို့ကောင်းတယ် ဘာတဲ့လဲဗျာ။

    ReplyDelete
  2. I never trust dictators around the world espectially in burma.They did
    magitian show to the world very often.They not really true election
    democracy goverment just still
    dictatorship.

    ReplyDelete
  3. ဟုတ်ပါ့ဗျာ၊ လွမ်းငြိမ်းချမ်းသာခွင့်နဲ့ ပြစ်ဒဏ်လျှော့ပေါ့တာ ၀မ်းနဲ့လေနဲ့မကွဲတဲ့အစိုးရပါလား။ လျှော့ပေါ့တာကလည်း ပြည်သူတွေကို သူတို့နဲ့အတူဝိုင်းပြီးနှိပ်စက်မယ့်သူတွေချည်းပဲ။ သူတို့ကြောက်တဲ့ လူကောင်းသူကောင်းတွေကိုချန်ထားတာ။ အဲလိုလုပ်လေ ကျန်ခဲ့တဲ့နိုင်ငံရေးသမားတွေ ရိုးတက်လေပေါ့ဗျာ။ ဟီလာရီလည်း နဖူးရိုက်နေလောက်ပြီ။ လာသွားတဲ့ ဧည့်သည်တွေ ပေးလိုက်တဲ့ကတိတွေအားလုံးက စာမျက်နှာတွေပေါ်မှာတင်ကျန်ခဲ့ပြီ။ ဟား ဟား အပြောင်းအလဲလုပ်ဦးမယ်ဆိုပြီး ကြွာထားတဲ့သူတွေ စောင့်ကြည့်ဦးမယ်။ မြစ်ဆုံဆိုတဲ့ မေးခွန်းကြီးတစ်ခုဖြေနိုင်ရုံနဲ့ ဂုဏ်ထူးထွက်မယ် အောင်မယ်မထင်နဲ့ဦးနော်။ ကျန်တဲ့ မေးခွန်းကြီးတွေရှိသေးတယ်၊ ဥပမာ- တိုင်းရင်းသားအရေးနှင့် နိုင်ငံရေးအကျဉ်းသားများအရေးကို သင်မည်သို့အောင်မြင်စွာဖြေရှင်းပြမည်နည်း (၂၀+၂၀ မှတ်)။ အချိန်တွေက တဖြေးဖြေးကုန်နေပါတယ်။ မကြာခင်မှာ တစ်ကျော့ပြန်ရွေးကောက်ပွဲရောက်လာဦးမှာပါ။ ကိုယ့်အရည်အချင်းကို ကိုယ် အခွင့်ရေးရတုန်းမှတ်ကျောက်မတင်ထားရင် ကြံ့ဖွတ်လမ်းဘေးရောက်လိမ့်မယ်။ ရာဇ၀င်မှာ စစ်အုပ်ချုပ်ရေးအလွန် အရပ်သားအစိုးရ၏ ကျရှုံးခန်းကို ကလေးတွေအော်ကျက်တိုင်းအရှက်ရရလိမ့်မယ်နော်။ အိမ်ကမြေးလေးတွေ၊မြစ်လေးတွေက အော်ကျက်မှာဗျ။

    ReplyDelete
  4. စစ်အုပ်ချုပ်ရေးက ဖန်တီးပေးသော အရပ်သားအစိုးရ ကျဆုံးသွားလျှင် ဗိုလ်သန်းရွှေ မပူပါ။ စစ်အုပ်ချုပ်ရေးပြန်လုပ်လိုက်ယုံသာပေါ့၊ Bozar ရယ်၊ အခုလည်း နဲနဲ ရှော့ပေးထားတဲ့ စစ်အုပ်ချုပ်ရေးပါဘဲလေ၊

    ReplyDelete
  5. ယုံကြလေ-ယုံကြည်ကြပေါ့
    ဆက်ပြီးတော့ယုံကြလေဘ၀တွေပြီးဆုံးတဲ့အထိပေါ့

    ReplyDelete
  6. thar gong gyi than shweJanuary 4, 2012 at 11:32 AM

    I don't believe this government same as military government indeed.thane sein can not return to military because of he will be thrown to the trash bin of Burmese people.

    ReplyDelete
  7. ပြောင်ကြီးတို. လူယုတ်မာတစ်စု သူတော်ကောင်းယောင်ဆောင်
    ကြာကြာမဆောင်နိင်ပါဘူး
    သမိုင်းကြောင်းမှာ လူယုတ်မာက လူယုတ်မာပါဘဲ

    ReplyDelete