Pages

Wednesday, January 4, 2012

နခွန်စ၀မ် ယာဉ်တိုက်မှုတွင် မြန်မာ တဦး သေဆုံး







တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ နခွန်စ၀မ် (Nakhon Sawan) မြို့နယ် ယာဉ်မတော်တဆ ဖြစ်ပွားမှု တခုမှာ မြန်မာပြည်သား ၁ ယောက်နဲ့ ကားဒရိုင်ဘာ ထိုင်းအမျိုးသား သေဆုံးပြီး မြန်မာပြည်သား ခရီးသည် ၁၂ ယောက် ဒဏ်ရာရရှိသွားပါတယ်။

ကားက နောက်ဘီးပေါက်ပြီးတော့ အဆောက်အအုံ တခုကို ၀င်တိုက်မိတာလို့ ဆိုပါတယ်။

ဒဏ်ရာရသွားတဲ့ သူတွေကို နခွန်စ၀မ် ဆေးရုံကြီးမှာ ကုသမှု ပေးထားကြောင်း သိရပါတယ်

ယာဉ်တိုက်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရဲတွေက ထပ်ပြီး စစ်ဆေးနေဆဲ လို့ ဆိုပါတယ်။

ဒီ ခရီးသည်တွေ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှာ ယာယီနိုင်ငံကူး လက်မှတ် သွားလုပ်ပြီး အပြန်မှာ အခုလို ဖြစ်ရပ်နဲ့ ကြုံရတာပါ။


ဒီဇင်ဘာလ ၁၄ ရက်နေ့က နခွန်စ၀မ်မှာ အလုပ်လုပ်နေတဲ့ မြန်မာ နိုင်ငံသားတွေ မဲဆိုင်မြို့နယ်မှာ ယာယီနိုင်ငံကူး လက်မှတ် သွားလုပ်ပြီး အပြန် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီတုန်းက ကားထဲမှာ မြန်မာနိုင်ငံသား အယောက် ၅၀ ကျော်ပါဝင်ပြီး သူတို့ထဲက ထက်ဝက် ဒဏ်ရာရရှိသွားပါတယ်။

သန်းထိုက်ဦး

ညွှန်း - http://www.dailynews.co.th/crime/5671








2 comments:

  1. အဲလိုကားကို အယောက် ၅၀ စီးလို့ ရပါ့မလားဗျ

    ReplyDelete
  2. အယောက်100ရတယ်လေ..:)စာသေချာဖတ်တတ်ပါတယ်နော်..ညီလေးရဲ့...

    ReplyDelete