Pages
▼
Saturday, January 14, 2012
တရားဘက်ပဲ လိုက်တော့မယ်ဆိုတဲ့ စစ်ထောက်လှမ်းရေး ဗမခ ဟောင်း မြင့်ဇော်
မကြာမီကမှ လွတ်မြောက်လာသည့် နယ်စပ်ဒေသဆိုင်ရာ ဌာနကြီးမှူး စစ်ထောက်လှမ်းရေး ဗိုလ်မှူးချုပ်ဟောင်းမြင့်ဇော်ကို ဘီဘီစီမှ ဦးကိုကိုအောင်က ဆက်သွယ်မေးမြန်းထားတာပါ။
မြင့်ဇော် ။ ။ ကျနော်ကို သူတို့ ချမှတ်တာတော့ အမှုပေါင်းအားလုံး ၁၆ မှုကနေ ၉၉ နှစ်ပြစ်ဒဏ်ပေးတယ်၊ ပြီးတော့ သာယာဝတီထောင်မှာ ပြစ်ဒဏ်ကျခံရတယ်၊၊
ဘီဘီစီ ။ ။ အခုပြန်လွတ်ပေးတဲ့အခါမှာရော ထောက်လှမ်းရေးကနေ ၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ထိန်းသိမ်းခဲ့စဉ်တုန်းက အတူတူ ထိန်းသိမ်းခံရတဲ့ပုဂ္ဂိုလ်တွေ အားလုံးလွတ်ပြီ လား၊ ဒါမှမဟုတ်ကျန်တဲ့သူများရှိပါလား။
မြင့်ဇော် ။ ။ ကျန်အုံးမယ်ဗျ အကုန်လုံးတော့ မဟုတ်သေးပါဘူး။
ဘီဘီစီ ။ ။ ဘာကြောင့် ကျန်တယ်ဆိုတာရောသိရလား။
မြင့်ဇော် ။ ။ကျနော်တို့ထင်တာတော့ သူတို့လွှတ်ပေးဖို့ စိစစ်တဲ့အခါမှာ အသုတ်လိုက် အသုတ်လိုက် စိစစ်တယ် လို့ အဲဒီလိုပဲ ယူဆပါတယ်။ ဒါကြောင့် စိစစ်ပြီးတဲ့လူကို လွှတ်တယ်၊ နောက်ဟာဆက် စိစစ်ပြီးတော့ လိုက်လာလိမ့်မယ်လို့ပဲ မျော်လင့်တယ်တာပေါ့လေ။
ဘီဘီစီ ။ ။ အကျဉ်းထောင်မှာနေတုန်းကတော့ရော ထောင်ကအတွေ့အကြုံကရော ဘယ်လိုရှိလဲ။
မြင့်ဇော် ။ ။ထွေထွေထူးထူးမရှိ ပါဘူး၊ ထောင်ကလည်း သူ့စည်းမျဉ်းစည်းကမ်းအတိုင်း သူတို့လည်း ဆောင် ရွက်တာပဲ ကျနော် တို့လည်း ဒီတိုင်းလိုက်နာပြီး နေခဲ့တဲ့ အနေအထားပဲဖြစ်ပါတယ်၊ သို့သော်လည်း ကျနော်တို့ကို သီးသန့် အခန်းနဲ့ ထားပြီးတော့ သီးသန့်အကျဉ်းသားတွေ ဆက်ဆံတဲ့နည်းတူပဲ ကျနော်တို့လည်း ဒီတိုင်းပဲဆက်ဆံတာပါပဲ။
ဘီဘီစီ ။ ။သီးသန့်အကျဉ်းသားဆိုတာ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း သီးသန့် အကျဉ်းသားအနေနဲ့ ခွဲခြား ပြီးတော့ ထားတာမျိုးလည်းသိရတော့ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့များ တွေ့ခဲ့တာ ရှိလား။
မြင်ဇော် ။ ။အခုလွတ်လာတဲ့အထဲမှာ ကျနော်အဖွဲ့က ၁၅ ယောက်ပေါ့လေ၊ ကျန်တဲ့လူက ၁၀ယောက်ပါပါတယ်၊
ဘီဘီစီ ။ ။ ကျန်တဲ့သူဆိုတာက ဒီမိုကရေစီအရေးအတွက်လှုပ်ရှားလို့ ဖမ်းဆီးခံရတဲ့သူ တွေကို ဆိုလိုတာလား။
မြင့်ဇော် ။ ။တချို့ပါတီဝင်တွေလည်း ဖြစ်နိုင်ပါတယ်၊ လုပ်ငန်းလုပ်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။
ဘီဘီစီ ။ ။ ထောင်ထဲမှာတွေ့တော့ သူတို့နဲ့ရော စကားပြောဆက်ဆံတာတွေရှိလား။
မြင့်ဇော် ။ ။ကျနော်တို့ကတော့ ဒါအတူတူချင်း လူလူချင်းဆိုတဲ့ အနေအထားမျိုးပါပဲ၊ ဘာ မှသိပ်ခွဲခြားထားတာမရှိပါဘူး၊ တော်တော်လည်း ရင်းနှီးပါတယ် ဒီအဖွဲ့တွေနဲ့၊ တိုက်ဆိုတာက အခန်း ၁၀ခန်း၁၂ခန်းရှိကြတာပေါ့လေ- အဲဒီမှာကျနော်တို့ တယောက်တခန်းစီနေကြတဲ့အခါကျတော့ အခန်းချင်းကပ်ရက် နေ့တဓူဝမြင်နေတဲ့ အဖွဲ့တွေပါပဲ။
ဘီဘီစီ ။ ။ ကျနော်ဆိုလိုတာက တချိန်တုန်းက ဆန္ဒပြတဲ့သူတွေဟာ ထောက်လှမ်းရေး တပ်ဖွဲ့ရဲ့ ဖမ်းဆီးတာ၊ အရေးယူတာ၊ နိုပ်စက်တာတွေ ခံခဲ့ရတဲ့ အခါကျတော့ သူတို့ရဲ့နာကျည်းမှုတွေ ကြားရတယ်လေ။ အခုကတော့ တိုင်းပြည်ရှေ့ဆက်မယ် သင်ပုန်းချေကြမယ်၊ ခွင့်လွတ်ကြမယ်ဆိုတဲ့ အနေအထားမျိုးရှိမယ်လို့ ယူဆလား။
မြင့်ဇော် ။ ။ ဖြစ်နိုင်ပါတယ်၊ ကျနော်တို့နဲ့ နေလာတဲ့ဟာမှာလည်း တော်တော်ကို ရင်းရင်းနှီးနှီး မိသားစုလို နေကြတာပါ။
ဘီဘီစီ ။ ။ အခုအပြင်ကိုရောက်လာတဲ့အခါမှာ နိုင်ငံရေးလုပ်ဖို့ အစီအစဉ်ရောရှိလား။
မြင့်ဇော် ။ ။မရှိပါဘူး၊ ကျနော်အဲ့ဒါကို ပြီးပြတ်အောင် ဖြေရရင်တော့လေ၊ ကျနော်တို့ ထောင်ထဲမှာ ဆရာကြီး ဦးဂိုအင်ကာ ရဲ့ တရားစခန်းဝင်ခဲ့ပါတယ်၊ အဲဒါကို တော်တော်နှစ်ချိုက်ပြီး တော့ အဲဒီဘက်မှာပဲ အားသန်နေတဲ့ အနေအထားပါ၊ ကျနော်တို့ တရားလုပ်ငန်းကလွဲရင် ကျန်တဲ့ ဟာတွေ ကျနော်လုပ်ဖို့အစီအစဉ်မရှိပါဘူး။
အင်းးးဗိုလ် ခင်ညွန့် အဖွဲ့တွေ ထောင်ထဲ က ပြန်ထွက် လာတော့ တော်တော် သဘောပေါက်ပြီး တရားစခန်းဝင်တော့မယ်ပဲ ပြောသံ တွေ ကြားရတယ်...တရားပေါက်ကုန်ကြပြီ....ဘာ ခုမှ ပေါက်ပါပြီလဲ...ဘာ..ခုမှ ကြေက်ပါပြီလဲ...
ReplyDeleteBurma Media Wash ၏ စေတနာစကား-
ReplyDelete(၁)ထောင်ထဲမှာတရားအလုပ် လုပ်ခွင့်ရလို့ ၀မ်းသာပါတယ်။တကယ်လည်းလုပ်ခဲ့တာသိရတော့ ၀မ်း
မြောက်ဝမ်းသာ သာဓု အကြိမ်ကြိမ် ခေါ်ပါတယ်။
(၂)ကျွန်တော်လည်း တရားအလုပ် လုပ်ပါတယ်။တရား
အလုပ်ကို လွတ်လွတ်ကျွတ်ကျွတ် လုပ်ချင်တယ်ဗျာ။အား
ကြီးကိုလုပ်ချင်ပါတယ်။ဒါပေမယ့်..
(၃)တကိုယ်တော်လွတ်မြောက်ရာကိုမသွားရက်ဘူးဗျာ။
နိုင်ငံနဲ့လူမျိုးအတွက် လုပ်စရာတွေက တပုံကြီးရှိနေလေတော့၊လုပ်ရဦးမယ်။နိုင်ငံသားတယောက်ရဲ့တာဝန်ကကိုယ်စီရှိကြတယ်လေ။
(၄)ဒါကြောင့် တိုင်းပြည်အတွက်ဝိုင်းလုပ်ပါဦးဗျာ။
အထူးသဖြင့်ခင်ဗျားတို့ဘာတွေလုပ်ခဲ့ကြတယ်။ဘာတွေ
ဖြစ်ခဲ့ကြတယ်ဆိုတာတွေကို နောင်လာနောက်သားတွေ
သင်ခန်းစာယူနိုင်ဖို့ မှတ်တမ်းတင်ပေးစေချင်တယ်ဗျာ။
(၅)စာရေးပြီးမှတ်တမ်းတင်ပေးရင်လည်းရပါတယ်။သို့မဟုတ် oral biography တဲ့။နှုတ်ပြောအတ္ထုပ်ပတ်တိ ဆိုတာ လုပ်ပါ့လားဗျာ။
အဲဒါမျိုးလုပ်နေတဲ့လူငယ်လေးတွေရှိပါတယ်။ဆက်သွယ်
ပေးပါ့မယ်။အဲဒါက ကိုယ်ပြောပြနေတာတွေကို ဗီဒီယိုသဘောမျိုး အသံရော အရုပ်ရော မှတ်တမ်းတင်မှာပါ။ကိုယ်လုံးမပြချင်ရင်ကျွန်တော်တို့နှစ်
ယောက်ရှေးဟောင်းနှောင်းဖြစ်တွေထိုင်ပြောကြမယ်ဗျာ။
အဲဒါတွေကိုကျွန်တော်စာနဲ့မှတ်တမ်းတင်ပေးပါ့မယ်။
အနာဂါတ်တိုင်းပြည်နဲ့လူမျိုးကောင်းရာကောင်းကျိုးအ
တွက်ရည်ရွယ်လုပ်ဆောင်တာမို့ ကုသိုလ်လုပ်ငန်းတစ်
မျိုးပါ။ကုသိုလ်ပြုခဲ့ပါဗျာ။
( )အချုပ်ပြောချင်တာက ခင်ဗျားတို့ လက်နက်ကိုင်အာဏာပိုင်တွေကို တကယ်တော့ မုန်းခဲ့
ပါတယ်။ရွံခဲ့ပါတယ်။စက်ဆုပ်ခဲ့တယ်။အော့နှလုံးနာခဲ့
တယ်။အဲဒါကြောင့် အာဏာရှင်စနစ်ကျဆုံးရေးအတွက်
ခင်ဗျားတို့ကို စုတ်ပြတ်သတ်အောင်ကို ဧရာဝတီဘလော့ဂ် ကနေေ၇းခဲ့တယ်။အဲဒီလိုေ၇းတိုင်း
ကျွန်တော် စိတ်မကောင်းဘူးဗျာ။စိတ်ထိခိုက်တယ်။
ကျူးကျော်လာတဲ့ရန်သူကိုမတိုက်ရပဲ၊ကိုယ့်ညီအစ်ကို
မောင်နှမချင်းလည်လှီးနေရတာလားဗျာ။
( )အချုပ်လို့ပြောခဲ့ပေမယ့် ပြောချင်သေးယ်ဗျာ။တိုင်း
ရင်းသားပြည်သူတွေအားလုံးအာဃာတမထားပဲ
သဘောထားကြီးကြီးထားပြီးခွင့်လွှတ်သည်းခံညီညွတ်စွာချစ်ခင်စွာလက်တွဲပြီး နိုင်ငံရေးကုသိုလ်ကိုလုပ်ရင်းနဲ့
ဓမ္မအလုပ်ကိုလည်းလုပ်ကြရအောင်ဗျာ။
( )လူချင်းလည်းတွေ့ချပ်ပါတယ်။ဧရာဝတီဘလော့ဂ်
မာစတာ ကိုဇာနည် နဲ့ ကိုကျော်စွာ ကိုခက်ထန် တို့မှတဆင့် ပြန်လည်ဆက်သွယ်ပါလို့မေတ္တာရပ်ပါတယ်။
( )အီးမေးလိပ်စာတွေက ; ပထမလိပ်စာကသေချာပါတယ်။ဒုတိယလိပ်စာက မမှန်
ဘူးထင်တယ်။ကျွန်တော်မှာ အမေ့ကြီး မေ့တဲ့ ရောဂါ
ဖြစ်နေတယ်ဗျာ။
( )ကဲဗျာ.ကျွန်တော့်အီးမေးလ်လိပ်စာကိုပဲပေးပါတော့
မယ်..။
( )လူချင်းတွေ့ချင်လိုက်တာဗျာ။အမျိုးသားပြန်လည်
သင့်မြတ်ရေး၊ရင်ကြားစေ့ရေး ဆိုတာတွေလုပ်ကြရအောင်ဗျာ။ဓမ္မလည်းလုပ်ကြတာပေါ့
ကျန်းမာချမ်းသာ၍နှလုံးစိတ်ဝမ်းအေးချမ်းပါစေ..
အမြင်မှန်ရပြီး ဘုရားတရားနဲ့ချည်းသက်သက်မနေပါနဲ့
ReplyDeleteကိုယ်လုပ်မိတဲ့အမှားကြောင့်အဖြစ်မဲ့ပြည်သူဒုက်ခရောက်၊ ဘ၀ပျက်သူတွေကိုဝန်ချ
တောင်းပန်းပြီးနောင်လာနောင်သားတွေ(တပည့်များ)
ကိုအာဏာဆိုတာတခဏပါလို့ကိုယ်တွေ့
ဖြစ်ရပ်ကို ဥပမာပေးဆုံးမ ပေးစေလိုပါတယ်။
Burma media wash ရဲ့ comment ကိုထောက်ခံပါတယ်။
နိုင်ငံအကျိုးကို ဆက်လက် ဆောင်ရွက်နေသူ တစ်ဦးပါ။ မကောင်းမူရှောင် ကောင်းမူဆောင် ဖြူအောင် စိတ်ကိုထား ဆိုတဲ့ ဘုရားဟောတဲ့ တရားကို လိုက်နာပြီး ပြည်သူ့ အကျိုးကို ဆောင်ရါက် သွားနိုင်ပါတယ်။
ReplyDeleteburma media ပြောတာမှန်ပါတယ်...ပြီးခဲ့ တဲ့ အကြောင်းအရာတွေအပေါ်မှာ...ပြည်သူကိုပြန်လည်ပညာပေးသင့် ပါတယ်..အဲဒီအဖွဲ့ တွေကလူတော်တွေပါ..နိုင်ငံအတွက်အများကြီးအလုပ်တွေလုပ်နိုင်ပါသေးတယ်..ကြိုဆိုမှာပါပြည်သူတွေက..အားလုံးကိုပွင့် လင်းမြင်သာအောင်သာ..ဖြေရှင်းပေးလိုက်ကြပါ....
ReplyDeleteအခုမှ ဘာသာရေးတကယ်လိုက်စားနေသူကြီးပေါ့ . . . မသေခင်လေး ခင်ဗျားတို့ တန်ခိုးထွားခဲ့စဉ်က မတရားဖိနှိပ်ခဲ့တာ၊ နှိပ်ကွပ်ခဲ့တာလေးတွေလည်း ပြန်ဝေငှခဲ့ပါအုန်း။ ကျုပ်တို့ကို ကျောင်းထဲက မြက်ခင်းထဲမှာ ဖမ်းခါနီး ထိုင်ခိုင်းပြီးမှ စိန်ခေါ်ခဲ့တဲ့ ခင်ဗျားတို့ သတ္တိကို ဘယ်တော့မှ မမေ့ဘူး။ ကျုပ်ကတော့ 88-RIT မျိုးဆက်တယောက်အနေနဲ့ ဘယ်တော့မှ ခင်ဗျားတို့ လုပ်ခဲ့တာတွေကို မမေ့ဘူး . . . ။ ခင်ဗျား မသေခင်အထိ ညတိုင်း စိတ်ဖြောင့်ဖြောင့် အိပ်နိုင်ပါစေ . . . ။ အိမ်မက်ဆိုးတွေ ကင်းဝေးပါစေ . . .။
ReplyDeleteWell, he is the one who is responsible for killing a lot of people . No thanks for him!
ReplyDeleteThe Diary of A MI Dog!
ReplyDeleteWell many a good person's life has been destroyed cos of them! nw wt a remorse!
ReplyDeleteThey must pay what they have done to the people!
ဥာဏ်နီဥာဏ်နက်များတဲ့သူမရှိပဲ တိုင်းပြည်မတိုးတက်နှိုင်ပါဘူး ဘယ်လိုနည်နဲ့တိုင်းပြည်ကောင်းအောင် လုပ်မလဲလို့ ဥာဏ်နီဥာဏ်နက်ထုတ် ကြိုးစားတဲ့ လူတိုင်းကိုတော့ ကြိုဆိုရမှာပါ သေချာတာက ဘယ်သူမှ 100 % ပြည့်အောင်မလုပ်နိုင်ကြပါဘူး။ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် ။ မြင်းစီးသားအဖ ကို ဝေဖန်ကြသလိုမျိုးတော့ ဘာပဲလုပ်လုပ် အားလုံးအမြင်မှာ မှန်နိုင်ကြမှာမဟုတ်ပါဘူး ။ အနှစ်ချုပ်က လက်ရှိအခြေအနေဟာ အရင်ကထက်အများကြီး တိုးတက်လွတ်လပ်လာတယ်ဆိုတာ အားလုံးလက်ခံကြမှာပါ။ နဲနဲလေးတော့ လွဲတာရှိမယ် ၊ကောင်းတာလေးတွေရှာကြံတွေး။ တွေးရုံသက်သက်ပါ ။ ဘယ်သူနဲ့မှ ဘာမှပါတ်သက်မှုမရှိတဲ့ သာမန်လူသက်သက်ပါ။
ReplyDelete