ယနေ့ ၁၃.၁.၁၀၁၂ ရက်နေ့ နံနက် ၁၀.၃၀ နာရီတွင် ကော့သောင်းအကျဉ်းထောင်မှ ထောင်ဒါဏ် ၆၅ နှစ် ကျခံခဲ့ရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုးံချို၊ အလုပ်သမားအသင်းအဖွဲ့ မှုဖြင့်ကျခံခဲ့ရသည့် ကိုမျိုးမင်း၊ ဖောက်ခွဲမှုဖြင့် ကျခံခဲ့ရသည့် ကိုဇော်မင်းလေး နှင့် ကိုအောင်မျိုးမင်းပိုင်တို့ လေးဦး လွတ်မြောက်ခဲ့ပါတယ်။ သူတို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကော့သောင်းမြို့နယ်မှ သွားရောက်ကြိုဆို ပို့ဆောင်ခဲ့ကြပြီး အာဏာပိုင်များက ၄င်းတို့ လေးဦးအား လေယာဉ်ခရီးဖြင့် လွတ်သည့် နေ့တွင်ပင် ပြန်လည်ပို့ ဆောင်ပေးပါတယ်။ လေယာဉ်ချိန်မှာ နံနက် ၁၀.၃၀ နာရီဖြစ်ပြီး ရန်ကုန်သို့ ညနေ ၃.၀၀ နာရီတွင် ရောက်ရှိနိုင်ကြောင်း ခန့်မှန်းရပါတယ်။ လွတ်မြှောက်လာသူ လေးဦးလုံး ကျမ်းမာ ရွှင်လမ်းစွာဖြင့် တွေ့ရှိပြောဆိုခဲ့ရကြောင်းပါ ခင်ဗျာ။
ကော့သောင်း ထောင်ကလွတ်လာတဲ့ ကိုအောင်မျိုးပိုင် ( ဖောက်ခွဲမှု့) မဟုတ်ပါ။
ReplyDeleteတကယ်မသိဘဲနဲ့ရမ်းမရေးစေချင်ပါ။
တဖက်လူနှစ်နာဒါပေါ့။
၁။ ၁၇(၁) မတရား အသင်းမှု့
၂။ ၁၃(၁) လဝက
၃။ ၅၀၅(ခ)
ထိုပြစ်မှု့များသာဖြစ်သည်။