Pages

Sunday, January 22, 2012

တရုတ်နှစ်ကူးကြို ပင်နီဆူလား

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က စင်္ကာပူနိုင်ငံရောက် မြန်မာပြည်သားများ ဆုံဆည်းရာ ပင်နီဆူလားပလာဇာမြင်ကွင်းတွေ ဖြစ်ပါတယ်။ (ဓာတ်ပုံများ - ဧရာဝတီ)


နှစ်ကူးအလှဆင်ပစ္စည်း မီးပုံးနီတွေနဲ့


ဗျောက်အိုးတွေ လှလှပပ ချိတ်ဆွဲထားပါတယ်။
ဗျောက်အိုးတွဲတွေ ဒီည ဖောက်လိုက်ပြီလား၊ နက်ဖြန်မှ ဖောက်မှာလား မသိရသေးပါ။


တရုတ်လူမျိုးအများအပြား နေထိုင်တဲ့ ဒေသ ဖြစ်တဲ့အတွက် တရုတ်နှစ်ကူးချိန်မှာ ဒီလို တွေ့ကြရတာပါ


မြန်မာပြည်သားတွေ စုဝေးတတ်တဲ့၊ မြန်မာပြည်ထွက်ပစ္စည်း အစားအစာ စုံလင်အောင် ရနိုင်တဲ့အတွက် ပင်နီဆူလားဟာ မြန်မာပြည်အသေးစား ဖြစ်နေပါတယ်။


လူကြုံပါးလိုက်တဲ့ပစ္စည်း၊ စာ
လက်ဆင့်ကမ်းကြ၊ လက်ခံရယူကြပါတယ်။ ပုံမှာမြင်ရသူတယောက်ကတော့ သူ့အိမ်ကရေးလိုက်တဲ့စာကို ပလာဇာထဲက လူရှင်းတဲ့နေရာမှာ လာဖတ်နေတာပါ။

ပလာဇာထဲ လူရှင်းတဲ့နေရာတွေဟာ ဘီယာသောက်၊ စကားဝိုင်းဖွဲ့ကြတဲ့နေရာလည်း ဖြစ်ပါတယ်


မြန်မာဆိုင်းဘုတ်နဲ့ မြန်မာဆိုင်ခန်း၊ ရုံးခန်းတွေရှေ့မှာ အလည်အပတ်၊ အလုပ်သဘော ရောက်ရှိ စကားပြောနေသူတွေကို အများအပြား တွေ့နိုင်ပါတယ်။ တနင်္ဂနွေဖြစ်တဲ့အတွက် လူပိုများဟန်ရှိပါတယ်။

ပလာဇာအနီးအုတ်ခုံမှာတော့ ဘီယာသောက်ရင်း စကားပြောလိုသူတွေ၊ ဆေးလိပ်သောက်ရင်း စကားပြောလိုသူတွေကို တွေ့ရတတ်ပါတယ်။

2 comments:

  1. i was there last week.
    i saw some photographers there.
    now, i know that one of them was you.
    i am sorry that i am not in the pictures ;(

    ReplyDelete
  2. didn't u mention that toilets are dirty and poor quality compared to other shopping centers and

    Air conditioning is not enough cold in hot days compared to other shopping centers and

    There are a lot of thieves ( stealing the Chway Nae Sarr ) by cheating and ' run away ' with money etc.

    There are a few business people whose behind are High Ranked Military connections?

    You have to say 'both bad and good ' . Not just by ' fiiling a spot ' to make news in this blog. ...You...... !

    ReplyDelete