Pages

Tuesday, January 24, 2012

မှောင်နဲ့မည်းမည်း ဈေးရောင်းကြရတယ်

လှိုင်မြို့နယ် ၊ ဘုရင့်နောင်လမ်း၊ ပိတောက်ချောင်းနားက နေရာအသစ်ကို ပြောင်းသွားတဲ့ သီရိမင်္ဂလာ လက်ကားကုန်စိမ်းဈေးသစ်မှာ မီးမရလို့ မှောင်နဲ့မည်းမည်း ဈေးရောင်းနေကြရတယ်၊ ဈေးစည်ပင်ဝန်ထမ်းတွေ လာဘ်စားမှုရှိနေတယ်၊ ဒါတွေကို ရန်ကုန်မြို့တော်စည်ပင်က ဖြေရှင်းပေးပါဆိုပြီး ပေးစာတစောင်ရောက်လာပါတယ်။ ပေးပို့လာတဲ့ မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

ဖွင့်ခါစ သီရိမင်္ဂလာဈေးသစ် (ဓာတ်ပုံ - ပေါ်ပြူလာဂျာနယ်)
.............

သီရိမင်္ဂလာဈေးမှစည်ပင်၏လုပ်ရပ်များ

အဆင့်မြင့် သီရိမင်္ဂလာဈေးဟု အမည်တပ်ထားသော်လည်း ဈေးအတွင်း နေ့အချိန် လျှပ်စစ်မီး လုံးဝမပေးပေ။ လုံခြုံရေးမီးများကိုလည်း ညပိုင်းမှသာပေးပြီး တစ်ခန်းလျှင်[၅၀၀]ကျပ်နှုန်း ကောက်ယူနေပါသည်။ အခြားအဆင့်မြင့်ဈေးများတွင် လုံခြုံရေးမီးခ လုံးဝမပေးရပေ။ အနောက်ဖက်ကျသောရုံများတွင် မိမိတို့ ဘာသာ မီးစက်မောင်းဖွင့်ကြရသည်။

တစ်ခန်းလျှင် လျှပ်စစ်မီးတစ်ချောင်းရှိမှ အဆင်ပြေမည်ဖြစ်သော အထည်ရုံနှင့် ကုန်ခြောက်ရုံတို့ တွင် အတော်လေး ဒုက္ခရောက်နေကြပါသည်။ ထိုကိစ္စကို အထက်သို့ တင်ပြထားသော်လည်း ဌာနမှူးဦးချိုထွန်းအောင်၊ ဒုဌာနမှူး ဦးမောင်မောင်အေး၊ ခရိုင်မှူးဦးအောင်ဒင်ဦးတို့သည် မီးသွယ်ခ [သိန်း၇၀၀] တောင်းပါသည်။ ထို့ပြင် လင်းပြောင်ဆိုင်ခန်း ၅၅၅ ခန်း [ထပ်တိုး၁၈၉ခန်း] တို့ ကို နေရာမချပေးပဲ ယာဉ်ရပ်နားရန်နေရာတွင် ရောင်းချစေပါသည်။ လင်းပြောင်ဆိုင်ခန်းများအတွက် နေရာအဖြစ် မူလသတ်မှတ်ထားသော ဈေးအတွင်းရှိ အိမ်မဲကြီးဟုခေါ်သော နှစ်ထပ်အဆောက်အဦးအားလည်း နီးစပ်ရာ တံစိုးလက်ဆောင်ပေးသူ ဦးမြင့်သန်း[ဇေ ကမ္ဘာသစ်သီးပွဲရုံ] သို့ ဈေးစည်ပင်မှ လက်သိပ်ထိုး ငှားစားထားပါသည်။

ထို့ကြောင့်ဈေးသူဈေးသားများမှာ များစွာနစ်နာမူနှင့် ကြုံတွေ့ နေရသော်လည်း ဈေးတာဝန်ခံ မျိုးဝင်းနှင့် ဒုတာဝန်ခံ တင်ထွန်းဝင်းတို့က လူမိုက်များငှား၍ လူမိုက်ဆန်ဆန် ဈေးသူဈေးသားများကိုခြိမ်းခြောက်ထားသောကြောင့် မပြောရဲခြင်း၊ ဌာနမှူးဦးချိုထွန်းအောင်၊ ဒုဌာနမှူး ဦးမောင်မောင်အေးနှင့် ခရိုင်မှူးဦးအောင်ဒင်ဦးတို့ ကလာဘ်စားပြီး လျစ်လျူရူ့ ထားခြင်းတို့ ကြောင့် အဆင့်မြင့် သီရိမင်္ဂလာဈေး အထည်တန်းနှင့် ကုန်ခြောက်တန်းတို့ တွင် မှောင်နှင့်မည်းမည်း ဈေးရောင်းနေရခြင်း၊ အောက်ခြေလူတန်းစား လက်လုပ်လက်စားများအတွက် ဈေးရောင်းချရန် နေရာမရှိခြင်းတို့ ဖြစ်ပေါ်နေပါသည်။ ယင်းကိစ္စများအား ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီမှ အမြန်ဆုံး ဖြေရှင်းပေးစေလိုပါသည်။
...........

3 comments:

  1. ဗမာပြည်မှာ လျပ်စစ်ပိုလို့ ရောင်းတောင်စားနေရတယ်လို့
    ပြောထားတာ ဘယ်ကကလေက၀လဲ..
    သူတောင်းစားလောက်တာင်စကားကိုမှန်အောင်မပြောနိုင်တဲ့ လူတွေ နိုင်ငံတော်လူကြီးတက်လုပ်နေတာ မရှက်ဘူးလား..
    အခုချိန်ထိ လေလျှပ်စစ်ဝန်ကြီးက လေနဲ့လျှပ်စစ်တွေပေးတုန်းပဲလား..မင်းတို့ဟာမင်းတို့ ငရုပ်ကျဉ်ပွေ့နဲ့ထုတ်သတ်
    ပြီး လမ်းဘေးမှာခွေးသေ၀က်သေသေသင့်ပြီ..
    မင်းတို့သေရင် လျှပ်စစ်နဲ့ ဂစ်နဲ့မီးမရှို့ပေးဘူး..
    မင်းတို့အိမ်တွေမှာနေ့ညမီးလင်းတိုင်း အကုန်လင်းပြီမထင်
    နဲ့..လမ်းလေးဘာလေးလိုက်လျောက်ကြည့်ဦး..
    တိုင်းပြည် ကဖွတ်တွေအုပ်ချုပ်ထားလို့ဖွတ်ဖြစ်နေပြီ..
    ဖွတ်အစိုးရရဲ့.ဖွတ်မသားတွေရဲ့ ဖွတ်ချုပ်ကြီးတွေရဲ့.

    ...ဖွတ်...ဖွတ်..ဖွတ်..ကြံ့ဖွတ်...

    ReplyDelete
  2. Wipe them out totally ,
    once and for all.

    Wipe them out.
    Remember them

    Don't u say ' bloody .....' forget and forgive ' Later . OK ?

    Now you complain. We agree. it is worth complaining.

    when those SOB are to be punished, don't say ' Forget and forgive.

    Do not use such phrase to show off that you all guys can say English .

    Don't u think by saying ' forget and forgive ' ..Is it good to write ? is it good to pronounce ?

    Don't just abuse it.

    Kill all of them those SOB in Thiri MingaLar. . .Terminate them
    Erase them .

    ReplyDelete
  3. လျှပ်စစ်ဝန်ကြီးဆိုတဲ့ကောင် လေအားလျှပ်စစ်
    တွေထုတ်တာ အားလုံးသိကြတဲ့အတိုင်းပဲ
    ကိုယ့်အိမ်မှာပြည့်စုံနေတာနဲ့ တတိုင်းပြည်လုံး
    အဆင်ပြေနေတယ်လုပ်တဲ့ကောင် သောက်ရှက်မရှိ
    အရည်အချင်းမရှိ အသိဥာဏ်မရှိတဲ့ကောင်တွေ
    တိုင်းပြည်မှာ ဒီလိုမှိန်းပြီးစားနေတဲ့ကောင်တွေ
    ဖယ်ရှားပစ်ရမယ်

    ReplyDelete