Pages

Tuesday, January 31, 2012

ဗေဒင်ကြေး

ဓာတ်ပုံ - John Fanai

တရုတ်နိုင်ငံ Shanxi ပြည်နယ်က မူလတန်းကျောင်း အတော်များများဟာ ကလေးတွေကို လက္ခဏာကြည့်ဖို့အတွက် မိဘတွေဆီက ယွမ် ၁၂၀၀ (ဒေါ်လာနဲ့တွက်နဲ့ ၂၀၀ နီးပါး)
ကောက်နေတယ် တဲ့။

အစိုးရရဲ့ဆင်ဟွာသတင်းဌာနကို ကိုးကားပြီး Reuters က ဒီကနေ့ သတင်းရေးထားတာပါ။
(ဆင်ဟွာ အင်္ဂလိပ်ပိုင်းမှာတော့ အဲဒီသတင်း ရှာမတွေ့ပါ။ တရုတ်လိုပဲ ရေးခဲ့ပုံရ)

ကလေးရဲ့ လက္ခဏာကိုကြည့်တာဟာ အဲဒီကလေးရဲ့ ရှေ့ရေးကို သိဖို့ပါ တဲ့။

တအိမ်ထောင်ကလေးတယောက် မူဝါဒကြောင့် တရုတ်နိုင်ငံသားတွေဟာ သူတို့ရဲ့ တဦးတည်းသော ကလေးများရဲ့ အနာဂတ်အတွက် ပြင်ကြဆင်ကြ စိတ်ကူးယဉ်ကြတယ် တဲ့။

တရုတ်ပြည်မှာ လက္ခဏာကြည့် ဗေဒင်ဟောတာတွေဟာ ရိုးရာလို့ Reuters သတင်းက ဆိုတယ်။

(မြန်မာပြည်မှာလည်း ရိုးရာပါပဲ။ သို့သော်ငြား ကလေးများကိုတော့ လက္ခဏာကြည့်ပေးသူမိဘ ရှားမယ် ထင်ပါတယ်)

တရုတ်နိုင်ငံ Shanxi ပြည်နယ်

No comments:

Post a Comment