"၀ိုင်း" ရိုက်တဲ့ "အဲဒီအခန်းဖြတ်" ဇာတ်ကား ပရိသတ်အကြိုက်ဆု ဆွတ်ခူးသွားတဲ့အတွက် အရမ်းဝမ်းသာရပါတယ်။ တကယ်လည်း ရလည်း ရသင့်ပါတယ်။ စွန့်စွန့်စားစား ရိုက်ကူးထားရလို့ပါ။ သူ့ဇာတ်လမ်းက ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာလို တိုက်အမြင့်ကြီးတွေပေါ်က ခုန်ချ၊ ရဟတ်ယဉ်ပေါ်ကနေ ပင်လယ်ထဲကို ခုန်ချသလိုမျိုး စွန့်စားရတဲ့ဟာတွေထက် ပိုပြီးတော့ကို စွန့်စားထားရတာ။ အခုလာမယ့် ၂၀၁၀ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် အကယ်ဒမီပေးပွဲ အတွက် အကျုံးဝင်တဲ့ ကားတွေထဲမှာ "၀ိုင်း" ရိုက်ထားတဲ့ ဇာတ်ကားတချို့လည်း ပါပါတယ်။ အကယ်ဒမီအတွက် ၁ ပြေးတဲ့ စာရင်းထဲမှာဝင်ပါတယ်။ ဒါပေမယ့် "အဲဒီအခန်းဖြတ်" ကို ရိုက်လိုက်လို့ အကယ်ဒမီ ဘုတ်အဖွဲ့က ၀ိုင်းကို ဒီနှစ်အကယ်ဒမီ မပေးပဲ ညစ်လုံးလုံးမယ့် အနေအထားမျိုးတွေလည်း ဖြစ်လာနိုင်တယ်။ "၀ိုင်း" နေရာမှာ ကျနော်သာဆိုရင်တော့ တနှစ်ကို ဇာတ်ကား ၁၅ ကား၊၁၆ ကားလောက်ထဲက ရွေးတဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုကို မက်မနေဘူး။ အခုလို ဇာတ်ကား ၁၈၀ ကျော်ထဲကမှ ပရိသတ်အကြိုက်ဆုရယ်လို့ ချီးမြှင့်ခံရတဲ့ ဆုကို ပိုပြီး မက်မောမိမှာပါ။ ပြောလို့မရဘူးလေ။ ဒီဆုကလည်း သူ့အတွက် ဒီနှစ်အကယ်ဒမီဆုပေးပွဲမှာ ဆုရဖို့ ကြိုတင် နိမိတ်ဖက်တာလည်း ဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် ကျနော်ကြိုက်တဲ့ဇာတ်လမ်း အခုလို အများအကြိုက်နဲ့ တိုက်ဆိုင်ပြီး အရွေးခံလိုက်ရလို့ ဂုဏ်ယူပါတယ်။
ကိုဝိုင်းဟာ ပရိတ်သတ်ပေးတဲ့ဆုကို ရလိုက်တာပါပဲ။ ရွှေငွေထက် ပရိတ်သတ်ပေးတဲ့ အလေးအမြတ်ဟာ ပိုတန်ဖိုးရှိပါတယ်။ ကိုဝိုင်းအပါအ၀င် ဗမာမျိုးဆက်သစ်များ ဒိထက်မက တိုးတက်အောင်မြင်ပါစေလို့ ....
"၀ိုင်း" ရိုက်တဲ့ "အဲဒီအခန်းဖြတ်" ဇာတ်ကား ပရိသတ်အကြိုက်ဆု ဆွတ်ခူးသွားတဲ့အတွက် အရမ်းဝမ်းသာရပါတယ်။ တကယ်လည်း ရလည်း ရသင့်ပါတယ်။ စွန့်စွန့်စားစား ရိုက်ကူးထားရလို့ပါ။ သူ့ဇာတ်လမ်းက ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာလို တိုက်အမြင့်ကြီးတွေပေါ်က ခုန်ချ၊ ရဟတ်ယဉ်ပေါ်ကနေ ပင်လယ်ထဲကို ခုန်ချသလိုမျိုး စွန့်စားရတဲ့ဟာတွေထက် ပိုပြီးတော့ကို စွန့်စားထားရတာ။
ReplyDeleteအခုလာမယ့် ၂၀၁၀ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် အကယ်ဒမီပေးပွဲ အတွက် အကျုံးဝင်တဲ့ ကားတွေထဲမှာ "၀ိုင်း" ရိုက်ထားတဲ့ ဇာတ်ကားတချို့လည်း ပါပါတယ်။ အကယ်ဒမီအတွက် ၁ ပြေးတဲ့ စာရင်းထဲမှာဝင်ပါတယ်။ ဒါပေမယ့် "အဲဒီအခန်းဖြတ်" ကို ရိုက်လိုက်လို့ အကယ်ဒမီ ဘုတ်အဖွဲ့က ၀ိုင်းကို ဒီနှစ်အကယ်ဒမီ မပေးပဲ ညစ်လုံးလုံးမယ့် အနေအထားမျိုးတွေလည်း ဖြစ်လာနိုင်တယ်။
"၀ိုင်း" နေရာမှာ ကျနော်သာဆိုရင်တော့ တနှစ်ကို ဇာတ်ကား ၁၅ ကား၊၁၆ ကားလောက်ထဲက ရွေးတဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုကို မက်မနေဘူး။ အခုလို ဇာတ်ကား ၁၈၀ ကျော်ထဲကမှ ပရိသတ်အကြိုက်ဆုရယ်လို့ ချီးမြှင့်ခံရတဲ့ ဆုကို ပိုပြီး မက်မောမိမှာပါ။
ပြောလို့မရဘူးလေ။ ဒီဆုကလည်း သူ့အတွက် ဒီနှစ်အကယ်ဒမီဆုပေးပွဲမှာ ဆုရဖို့ ကြိုတင် နိမိတ်ဖက်တာလည်း ဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် ကျနော်ကြိုက်တဲ့ဇာတ်လမ်း အခုလို အများအကြိုက်နဲ့ တိုက်ဆိုင်ပြီး အရွေးခံလိုက်ရလို့ ဂုဏ်ယူပါတယ်။
ကိုဝိုင်းဟာ ပရိတ်သတ်ပေးတဲ့ဆုကို ရလိုက်တာပါပဲ။ ရွှေငွေထက် ပရိတ်သတ်ပေးတဲ့ အလေးအမြတ်ဟာ ပိုတန်ဖိုးရှိပါတယ်။ ကိုဝိုင်းအပါအ၀င် ဗမာမျိုးဆက်သစ်များ ဒိထက်မက တိုးတက်အောင်မြင်ပါစေလို့ ....
ReplyDelete