Pages

Monday, January 9, 2012

အန်ဝါမှာ အပြစ်မရှိပါ


ဒီမနက် တရားရုံးက ထွက်လာတဲ့ အန်ဝါနဲ့ ကြိုဆိုသူများ (ဓာတ်ပုံ - AP)

လိင်တူဆက်ဆံတယ် ဆိုပြီး စွပ်စွဲခံထားရတဲ့ မလေးရှားနိုင်ငံ အတိုက်အခံ ခေါင်းဆောင် အန်ဝါအီဗရာဟင်ရဲ့ အမှုကို မလေးရှား တရားရုံးချုပ်က ဒီနေ့ စီရင်ချက် ချလိုက်ပါပြီ။ အန်ဝါမှာ အပြစ်မရှိပါဘူး တဲ့။

ပြစ်မှုကျူးလွန်ကြောင်း ခိုင်လုံတဲ့ အထောက်အထား မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒီအမှုက အင်မတန် အငြင်းပွားစရာအမှုကြီး ဖြစ်ပါတယ်။ အများဆုံး ထောင် အနှစ် ၂၀ အထိ ချလို့ရတဲ့ အမှု ဖြစ်ပါတယ်။

အမှုဆင်ခံရတာဖြစ်တယ်လို့ သုံးသပ်သူများကတော့ ၀န်ကြီးချုပ်မဟာသီယာလက်ထက်မှာ ကတည်းက သူ့ကို နိုင်ငံရေးသတ်တဲ့အနေနဲ့ ဒီအမှုကို ဖန်တီးခဲ့တာလို့ ဆိုကြပါတယ်။

၁၉၉၉ မှာ မဟာသီယာနဲ့ စီးပွားရေးမူဝါဒပိုင်းဆိုင်ရာ သဘောကွဲပြီးနောက်ပိုင်းမှာ အန်ဝါ တရားစွဲခံရတာပါ။
လိင်တူဆက်ဆံမှု၊ အဂတိလိုက်စားမှု ကျူးလွန်တယ်တဲ့။ တရားရုံးက သူ့ကို ထောင်ချပါတယ်။ ၂၀၀၄ မှာတော့ လိင်တူဆက်ဆံမှု မရှိဘူး လို့ ဆုံးဖြတ်ပြီး ထောင်က လွှတ်ပါတယ်။

၂၀၀၈ မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်တော့ အရွေးခံရပါတယ်။ လွှတ်တော်ထဲ ပြန်ရောက်ပါတယ်။

၂၀၀၈ မှာပဲ လူထုထောက်ခံမှု ရှိတဲ့သူ့ကို အရင်အမှုဟောင်းနဲ့ တရားပြန်စွဲတာ ခံရပါတယ်။

ဒီအမှု ဒီနေ့ စီရင်ချက် ချလိုက်ပါပြီ။ အန်ဝါမှာ အပြစ်မရှိပါဘူး တဲ့။



3 comments:

  1. အန်ဝါ မဟုတ်ဘူး အဏ္ဏ၀ါ ပါ

    ReplyDelete
  2. အန်ဝါ မဟုတ်ဘူး သူ့နာမည် အဏ္ဏ၀ါ ပါ

    ReplyDelete
  3. I like Anwar Ebrahim.He was plot intentionally,at Mahathir Mohamed's time.Actually,he is supported by many people.Malaysia's Politic is also dirty. All the most wicked ways and cheating ways are comes from Politics.Politics is full of lies,pretending and many empty promise things.So, do you believe that our Burma politic is also clean and trust worthy enough ?

    ReplyDelete