Pages
Monday, January 2, 2012
အမျိုးသမီး ၂ ဦးကို ၀ိုင်းဝန်း ရိုက်နှက်ခြင်း
အမျိုးသမီး ၂ ယောက်ကို အမျိုးသား ၄ ယောက်က အပြင်းအထန် ပါးရိုက်နားရိုက် နေပုံ ရုပ်မြင်သံကြားကို ကြည့်ပြီး facebook မှာ အကြီးအကျယ် ငြင်းခုံစရာ ဖြစ်နေပါတယ်။
comments တွေအရ ဆိုရင် ဒီဖြစ်ရပ်ဟာ မလေးရှားမှာ ဖြစ်ခဲ့တာလို့ ယူဆရပါတယ်။
ရိုက်နှက်သူတွေဘက်က ကာကွယ် ပြောဆိုသူတွေ ရှိသလို
ရိုက်နှက်သူတွေကို ကန့်ကွက်တာတွေလည်း ရှိပါတယ်။
(မှတ်ချက် - နှလုံးရောဂါ ရှိသူများ အောက်ဖော်ပြ ရုပ်သံကို ကြည့်ရှုရန် မသင့်လျော်ပါ)
ရိုက်နှက်သူများဘက်မှ ထောက်ခံသူတဦး (၁)
မလေးရှားမှာ မြန်မာမိန်းခလေးတွေ(လူတိုင်းကိုမဆိုလိုပါ) နိုင်ငံသားပေါင်းစုံနဲ့ ဖြစ်ချင်တိုင်းဖြစ်နေကြတာ အများကြီးပါ ကောင်းတဲ့မိန်းခလေးတွေလည်းရှိကြပါတယ်။ ခက်တာက သူတို့က အတည်အတံ ကြိုက်လို့တွဲနေတဲ့အဆင့် မဟုတ်တော့ပဲ ပြည့်တန်ဆာပုံစံ ဖြစ်လာကြတာပါ...ဘဲ။ စက်ရုံအတူတူလုပ်တဲ့မြန်မာယောင်္ကျားလေးတွေ ရှက်လို့တား ပြန်ရင်လည်း ငါ့ဟာနဲ့ ငါ<<<<<<<နင်တို့အပူပါလားဆိုတာ ကျွန်တော်သူငယ်ချင်း နားနဲ့ဆတ်ဆတ်ကြားခဲ့ဘူးပါတယ်။ ကျွန်တော်သူငယ်ချင်းက သူ့ကိုပြောတာမဟုတ်တော့ ဘာမှဝင်မပြောခဲ့ပါဘူး။ ကျွန်တော်တို့လူမျိုးအများစုကကိုယ့်အမျိုး ကိုထိရင် နာလည်းနာ၊ရှက်လည်းရှက်တတ်ပါတယ်။ အဲဒီအခါ ကျတော့ မြန်မာတွေက နီပေါ၊ဘင်္ဂလားတွေကို ၀ိုင်းရိုက်တော့ တာပါဘဲ။ အချုပ်ခန်းရောက်တဲ့ကောင်က ရောက်ပေါ့ဗျာ။ အဲနောက်နေ့ကျတော့ အဲအဲ့ဒီရွှေမတွေက အချုပ်ထဲရောက်တဲ့ သူတွေကိုမျက်နှာပြောင်တိုက်ပြီး မနက်တယောက်၊ ညတယောက် ဆိုပါတော့ဗျာ။ မြန်မာတွေအများစုရှိတဲ့ ရပ်ကွက်တည်းခိုခန်းကနေပေါ်တင်ကို ထွက်လာတတ်တာကိုး။ သူများဘယ်လိုတားလို့ရမလဲ .. ကိုယ့်ဟာ တွေက အလိုတူအလိုပါကိုးဗျ။ နောက်ဆုံးတော့ ... သူတို့နေတဲ့အ ဆောင်ထိ ပွဲသွားကြမ်းပီးလန့်သွားအောင်နဲ့ နောက်မလုပ်ရဲအောင် ခြောက်လှန့်ပေးရပါတယ်။ ဒါတောင်လူမုန်းခံပြီး လုပ်တတ်တဲ့သူ ရှိမှပါ။ အဲဒီလိုမလုပ်ရင်လည်း ဘယ်ကိုတိုင်ရမလဲဗျာ..? မိန်မပျက်တွေနဲ့ အတူတူအလုပ်လုပ်နေရတဲ့ မိန်းမကောင်းလေး တွေလည်း ရှက်ပေမဲ့ တားမရလို့ ဒီအတိုင်းကြည့်နေရပါတယ်။ ဗီဒီယိုထဲမှာလည်းပါပါတယ်..ကျွှန်မတို့တားတာ..တားလို့မရဘူးတဲ့။ ဒီနေရာမှာ နီပေါနဲ့ ဘင်္ဂလားတွေအကြောင်းပြောချင်ပါသေးတယ် သူတို့လူမျိုးတွေဟာ(လူတိုင်းလိုလို) ထမင်းစားရင် ငြုတ်သီးနဲ့ဆား ပါရင်ရပါပြီ .. ဒါပေမဲ့ ဟိုဟာကိုတော့ ကုန်ချင်သလောက်ကုန်ပစေ ဆိုပဲ... လစာလည်း တပြားမှမကျန်ရင် ဘာမှမဖြစ်ဘူး။ .... အဲဒီမှာ မကောင်းတဲ့ရွှေမတွေနဲ့တွေ့တော့တာပါဘဲ။ ခက်တာက သူတို့ချည်း ဘဲမှမဟုတ်တာ... ကျန်တဲ့မိန်းခလေးတွေက ရှက်လွန်းလို့ တဲ့... ++++++++ စောနက ကျနော်ရှယ်လိုက်တဲ့ ဗီဒီုယိုဖိုင်နဲ့ ပတ်သတ်တဲ့ကွန်မန့့် လေးပါ .. အမြင်ကြည်ကြည်နဲ့  ဆွေးနွေးနိုင်ကြပါစေ ..
ရိုက်နှက်ရသူများဘက်မှ ထောက်ခံသူတဦး (၂)
ယိုသူမရှက် မြင်သူရှက် ဆိုတာမျိုးပေါ့ဗျာ။ လူတိုင်းမှာ လုပ်ပိုင်ခွင့်ကိုယ်ဆီ ရှိကြပေမယ့် မိမိလုပ်ရပ်ကြောင့် မိမိပါတ်ဝန်းကျင် မိမိနိုင်ငံ ဂုဏ်သိက္ခာ ကျဆင်းစေတဲ့အခါ မိမိ အတွက် ကိစ္စ မရှိဘူးလို့  ထင်ရပေမယ့် အဲ့ဒီလို လုပ်ရပ်တွေကြောင့် တပါးသူတွေမှာ ဆိုးကျိုးအဆက်တွေ ရရှိလာပါတယ်။ အထူးသဖြင့် ယောကျာင်္းလေးတွေ ပို၍ ရှက်တတ်ကြပါတယ်။ မိမိအမှားမကြူး လွန်ပါသော်လည်း တိုင်းတပါးသားများက ထိကပါး ရိကပါးမိမိနိုင်ငံ မိမိလူမျိုးအပေါ် ထိခိုက်စော် ကားလာပါက အသည်းခိုက်အောင်နာတတ်ပါသည်။ ထို မိန်းကလေးအား လူမဆန်စွာ ရိုက်နှက်၍ ထိုမိန်းကလေးတစ်ယောက်သာ အသားနာကြင်ယုံသာ ခံစားရပါသည် (ထိုနာကြင်မူ့ အပေါ် ကြောက် ရွံ့ စိတ်၊ ရှက်စိတ်ကြောင် ပြင်လျှင် ထိုမိန်းကလေး အတွက် ဖြေသာ၏)။ သို့ သော် ထိုမိန်းကလေး နေထိုင်ရာ ပါတ်ဝန်းကျင် မှ ယောကျာင်္းလေး များအဖို့  အမြဲအရှက်ရစရာ ဖြစ်နေပါ လိမ့်မည်။ စကားပုံ ရိုင်းရင်ခွင့်လွှတ်ပါ -"နှမ လင်နေ မောင်ဖင်ကျိန်း၏" ဆိုသည့် အတိုင်း ကျနော်တို့  တွေ အရှက်ရနေတာကို လည်း နားလည်စေချင်ပါတယ်။ ထို အရှက်ကို မသိ ကျေးကျွန်ပြု ၍ နေနိုင်သူများအဖို့ တော့သက်သာ၏။ မနေနိုင်သူများ အဖို့ တော့ ယခုကဲ့ သို့  ပေါက်ကွဲ ကုန်ချင်းဖြစ်ကြောင်း နားလည်ပေးစေလိုပါတယ်။
ကန့်ကွက်မှု (၁)
ရင်ဆို့ အောင်ခံစားရပါတယ်စေတနာနဲ့ ပြုပြင်ချင်ရင်တခြားနည်းလမ်းတွေရှိပါတယ်
ကန့်ကွက်မှု (၂)
ရိုက်ပြီးဆုံးမလို့ လိမ္မာသွားမတဲ့လား... အပြစ်ရှိခဲ့တယ်ဆိုရင်တောင် တရားဥပဒေရှိပါတယ် တရားလက်မဲ့လိုက်တာ ... (စကားမစပ်...ကလေးတွေကိုလည်းရိုက်နှက်ဆုံးမတဲ့မိဘတွေအခုထိရှိသေးတယ်)
ကန့်ကွက်မှု (၃)
သတ္တိသိပ်ကောင်းကြပါလားကွ ဆုံးမချင်တာကနည်းနည်း အနိုင်ကျင့်ချင်တာကများများ ဒါလားကွ ယောက်ျား ကြည့်ရတာ မလေးရှား ကမြန်မာမတွေလား ထိုင်း ကလား ပြည်ပရောက်နေတာတော့သေချာတယ် ပြည်ပမှာဒီကောင်တွေနဲ့ သိသူများ ဒီကောင်တွေဘယ်သူဆိုတာဖော်ထုတ်ပေးပါ သက်ဆိုင်ရာနိုင်ငံက ရဲအဖွဲ့ကိုတိုင်ကြားပါ ဒါရာဇဝတ်မှုတခုပါ မတရားတာကိုသိရက်နဲ့ ဖုံးကွယ်မထားပါနဲ့
45 comments:
  1. ငါးခုံးမတကောင်ကြောင့်တလှေလုံးပုပ် ဆိုရိုးစကားအတိုင်းလိုဘဲ ကိုယ့်အမျိုးဂုဏ်ကိုမဖျက်ဆီးကြ
    ပါနဲ့
    ReplyDelete
  2. It is really evil for the women who are on the path of possible prostitution. And it is more than evil for the guys who are insulting the women even though they are evil. Law and order can solve the problem. Moral teaching can be proactive. Teach them morality instead of beating violently. Think about when guys meet many girls. What women should feel?
    ReplyDelete
  3. အဲဒီဝိုင်းရိုက်တဲ့လူတွေကစွမ်းအားရှင်တွေလား။
    Look like they are...
    ReplyDelete
  4. ယခုလိုရိုက်နှက်နေသူများသို့
    မိမိတို့ဘယ်လောက်အထိရိုးသားမှုရှိပါသလဲ?
    စေတနာကိုရှေ့တန်းတင်တာလား?အတ္တကိုရှေ့တန်းတင်တာလား?သေသေချာချာစဉ်းစားစေချင်ပါတယ်
    ခင်ဗျားတို့အကုံလုံးရော အမတွေနဲ့ကင်းရဲ့လား?
    တကယ်ကတော့ ကြီးနိုင်ငယ်ညှင်းလုပ်တာပါ
    ReplyDelete
  5. What kind of Burmese Buddhists? Burmese Buddhists are so proud of their politeness and gentleness. Where have their so-called politeness and gentleness gone? I feel very guilty for them.
    ReplyDelete
  6. သူတို့လွတ်လပ်ခွင့်နဲ့သူတို့ ဘယ်သူ့ကြိုက်ကြိုက်လေ။ ဗမာ့သူရဲကောင်းဆိုတာ ဒီဗီဒီယိုထဲကကောင်မျိုးတွေပဲထင်တယ်။ ငါတို့တွေနဲ့ လာဆုံချင်စမ်းပါဘိ။ လက်ဖျားနဲ့မတို့ပဲ ထောင်ထဲထည့်ပေးမယ်။
    ReplyDelete
  7. WOW! Why?Why? Why you do like this, come on man! ,that was girl ,what ever they do to you ,you can't do like this, we all burmese , i'm wish for you guys some one will do some thing back to you ,i'm so sorry for Burmese girl.
    ReplyDelete
  8. အဲဒီကိုယ့်အမျိုးဂုဏ်ဆိုတဲ့ ဝါးလုံးရှည်နဲ့တော့ တစ်သီးပုဂ္ဂလလုပ်ပိုင်ခွင့်ကို မပိတ်ပင်ပါနဲ့။ ယောက်ျားလေးတွေ*ာချတော့ ဒါသဘာဝပဲ မိန်းကလေးတွေအတွဲနဲ့အိပ်တော့ ဘာသည်မ ညာသည်မနဲ့ နှိပ်ကွပ်တာ ဒါမိန်းမတွေကိုဖိနှိပ်တာပဲ။ အမျိုးဂုဏ်ဇာတိဂုဏ်လို့တော့မသုံးပါနဲ့။ မိန်းမတွေကိုဖိနှိပ်တဲ့ယဉ်ကျေးမှုဟာ “ဂုဏ်”မဟုတ်ပါဘူး။ ဒါဟာအင်မတန်မှ အောက်တန်းကျပြီး ခေတ်နောက်ပြန်ဆွဲတဲ့ ယဉ်ကျေးမှုပါ။
    ReplyDelete
  9. How can we stop about Braking Human right and against the Law .. This is real clicked public the video by his self . he were abused to Burmese female from malaysia . here his profile http://www.facebook.com/permalink.php?story_fbid=244867568916154&id=100001787388697 http://www.searchmyanmar.com/link/frame/cid/5760 Clear flag
    Read / Unread To
    Subject Sent
    Size
    Read
    ReplyDelete
  10. what kind guys are doing burmese girls like that? They all are human being even they do the evil. We should be report nearest police station to protest our burmese girls. No girls want to be work like these work but we can not punish like animal . i am so sad when i watch this video on youtube. These animals guys should be go to jail for unfail punish.
    ReplyDelete
  11. လုံးဝ ကန့်ကွက်တယ်...ပညာမတတ်လို့ အဲ့ လို ဆုံးမတာလို့ထင်တယ်...မိန်းခလေးတစ်ယောက်ကို ယောက်ကျာင်္းတွေက ၀ိုင်းပြိး ပါးရိုက်နေတယ်ဆိုတာ မတရားအနိုင်ကျင့်နေတယ်လို့ ယူဆ ပါတယ်...ကြည့်ရတာ စစ်ပြေးတွေလားမသိဘူးးးးး
    ReplyDelete
  12. ကျွန်တော် နဲ့ ခင်မင်ဘူးတဲ့သူတစ်ယောက်...မလေးပြန်ပဲ သူပြောပုံနဲ့ အခုဖြစ်စဉ်နဲ့ လိုက်လျောညီထွေပါ
    တယ်.မလေးမှာက မြန်မာဆို ရွှေလို့ ခေါ်တာတဲ့
    ပြီးတော့ မြန်မာမ တွေ က မြန်မာယောက်ကျား
    လေးနဲ့ လူမှုရေးနှင့် အခြားဆက်ဆံမှု သိပ်မလုပ်ဘူးတဲ့..သဘောက်ပေါက်ပါတယ်နော်...နောက်ဆုံးပြောရရင်..ဖုန်းနဲ့အလုပ်သဘောဖြင့်သူတို့ဆီဆက်ရင်တောင် မြန်မာသံနဲ့ ဆိုရင် ဖုန်းမကိုင်ဘူး..မလေးသံ သို့မပာုတ် နိုင်ငံခြားသားအသံဆိုကိုင်..လုပ်ငန်းသဘောအရ မြန်မာယောကျာင်္းတွေ သိမှာရယ်..ကိုယ်မြန်မာလူမျိုးအချင်းချင်းအထင်မကြီးတာရယ်...အကြောင်းအမျိုးမျိုးတွေ ပေါ့.....လူတိုင်းတော့မဆိုလိုဘူးတဲ့..နောက်ဆုံး အလုပ်အတူတူလုပ်တဲ့ ဘင်္ဂလားကောင်က သူကို ပြောဖူးတယ်တဲ့ ရွှေ တွေက ၃၀ ဆိုရတယ်လို့ဘင်္ဂလားကောင်ကသူကို ပြောခံရဘူးတယ်တဲ့....လက်တွေ့ ကြုံတွေသူတစ်ဦး.....
    ReplyDelete
  13. burmese goverment never change how to abuse women and child, the samething as some of burmese citizin are follower of general than swe, that why the country of burma never ever change and never get democracy , we all can see shameless some men face,they did that what they do not get but some one get it.
    ReplyDelete
  14. I am a woman form Myanmar.
    Those women, who misbehave need to learn something is most of the westerners are calling Thailand Prostitution Country- I know that because I am working with them, they have very good impression about Myanmar Women.
    I am sure, there are many good women in Thailand, but most Westerners have no good impression.
    But guys, you should educate those girls but hitting.
    I know this is not easy.
    ReplyDelete
  15. ရိုက်နှက်သည်အထိတော့ မဖြစ်သင့်ပါဘူး။ ဒေါသသိပ်ကြီးနေလို့လဲ ဖြစ်ပါလိမ့်မယ်။
    ဒါပေမဲ့ မနက်က ကျွန်တော်တချက် မြင်လိုက်တာက ရိုက်တဲ့လူ ၄-၅ ယောက်ထဲမှာ တချို့က လူပြက်ရိုက် ရိုက်နေတာဗျ။ လူပြက်ရိုက် ရိုက်တယ်ဆိုတာ အငြိမ့်တွေမှာ ရိုက်သလိုပေါ့။ ဖြောင်းကနဲ အသံအကျယ်ကြီး ထွက်သွားတယ်။ အရိုက်ခံရတဲ့သူက မနာဘူး။ တချက်မှာဆိုရင် ကိုယ့်လက်ဝါးကိုယ် ခံပြီး ရိုက်ချလိုက်တာတောင် မြင်လိုက်ရသေးတယ်။ ဒီလောက်အရိုက်ခံရတာတောင် အရိုက်ခံရတဲ့ ကလေးမလေးတွေက တချက် မအော်ဘူး။ အမှန်ဆို အော်သံထွက်ရမှာ။
    အတူနေတဲ့ မိန်းကလေးတွေလဲ ရှက်ရှာမှာပေါ့။ ဟုတ်တာပေါ့။ သူတို့ငှားနေတဲ့ အဆောင်ပိုင်ရှင်တို့၊ အုပ်ချုပ်သူတို့ဆိုရင်လဲ အခန့်မသင့်ရင် ပြည့်တန်ဆာ ခေါင်းမှုနဲ့ ထောင်တောင်ကျနိုင်တယ်ဆိုတော့လဲ သိသိချင်းမှာ စိတ်တိုလွန်းလို့ လက်ပါသွားတာလဲ ဖြစ်နိုင်တာပဲ။ (အမှန်ကတော့ စိတ်ကို ထိန်းသင့်တာပေါ့။ အခုက မိန်းကလေးတွေ မှားတာလဲ မှားတာပေါ့။ အခုက သူတို့ပါ လက်ရောက်မှု ထပ်ဆောင်းထိတော့မလို ဖြစ်ပြီ)
    ကောင်းတာက သူတို့ညီမ၊ နှမနဲ့ စက်ရုံတစ်ခုထဲ အလုပ်အတူလုပ်တယ်၊ အဆောင်တစ်ခုထဲနေတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ဒီကိစ္စကို ရှင်းသင့်တယ်။ မင်းတို့လုပ်တာကြောင့် ပြဿနာတော့ ဖြစ်ပြီ။ သပ်သပ်သွားနေကြပါ။ ဒါမှမဟုတ် လုပ်ချင်ရင်လဲ ကင်းကင်းရှင်းရှင်းလုပ်ပါဆိုပြီး။ လက်ပါတာတော့ မကောင်းပါဘူး။
    ReplyDelete
  16. အမှန်တော့ စနစ်ဆိုးကြောင့် ဒီလိုဖြစ်သွားရတာပါ.
    ရိုက်တဲ့သူတွေကလဲမျိုးချစ်စိတ်ကြောင့်နာကြည့်ပြီးရိုက်တာပါ.ဒါပေမယ့် တခြားနည်းနဲ့ဆုံးမဖို့သင့်ပါတယ်.
    လုံလောက်တဲ့ စဉ်းစားနိုင်တဲ့အတွေအခေါ်မရှိတော့ မိန်ခလေးတွေလဲဖြစ်ချင်တိုင်းဖြစ် ခဲ့ရတာပါ.
    ဘာနိုင်ငံမှာပဲဖြစ်ဖြစ် ရွှေမတွေ နိုင်ငံခြားသားနဲ့တွဲသွားရင် ရင်ထဲမှာအရမ်းကိုနာကျင်ရပါတယ်.ဒါကိုရွှေမ တွေသိအောင်ရှင်ပြသင့်ပါတယ်.. နောက်ပြီးနိုင်ငံခြာမှာ မြန်မာအသိုင်းအ၀ိုင်းတခုကိုခိုင်မာစွာတည်ဆောက်ပြီး ကာကွယ်မယ်ဆိုရင် ဒီလိုအဖြစ်ဆိုးနဲ့ကြုံရမှာမဟုတ်ဘူးလို့ထင်ပါတယ်..ဒါတွေအားလုံးရဲ့တရာခံကတော့ နှစ်ပေါင်းများစွာမတရားအုပ်ချုပ်ပြီးစည်းစိမ်ခံသွားတဲ့ အစိုးရပါပဲ
    ReplyDelete
  17. Whatever ,whenever,whereever ,whomever ,whichever all are same national even in the movie there.
    We hope all are burmese people .
    Are you country people are abused behind the wall unless kind upon lady.
    Suggesting on this action , we never experienced on others countries .
    This documents is confirmed to taken crime abused on human .
    We are not burmese nation but looklike wild.
    ReplyDelete
  18. အခုလိုမျိုး ပြဿနာ ဖြေရှင်းမှုကတော့
    မသင့်တော်ပါဘူး .... တကယ်ရိုက်သည်ဖြစ်စေ
    မရိုက်သည်ဖြစ်စေ အများအမြင်မှာ
    မတရား အနိုင်ကျင့်သလို ဖြစ်နေပါတယ် ...
    တွက်ကြည့်ရင် တကယ်သာ ရိုက်မယ်ဆိုရင်
    ခုလို အုပ်စုနဲ့ မပြောနဲ့ ယောက်ျားတယောက်ရဲ့
    အားနဲ့တင် ပါးစပ်တို့ နှာခေါင်းတို့က
    သွေးပါကျလာနိုင်ပါတယ် ... ခုဟာ ခြောက်လှန့်ပြီး
    ရိုက်နေတာပါ အသိသာကြီးပါ ... အရိုက်ခံရသူတွေက
    တကယ်နာတဲ့ပုံ မပေါ်သလို ဘေးမှာ
    ကြည့်နေတဲ့သူတွေ ရှိသလို ဗွီဒီယိုပါ ရိုက်ပြီး
    မှတ်တမ်းတင်နေတော့ ရိုက်ရှင်ရိုက်နေသလားလို့
    ထင်ရတယ် ... ဒီဖြစ်ရပ် နောက်ကွယ်မှာ ပြဿနာတွေ
    ရှိပါတယ် ... အသေးစိပ် မသိကြတဲ့အခါ လူတွေက
    အမြင်အမျိုးမျိုးဖြစ်စေပါတယ် ကာယကံရှင်တွေဖက်က
    ဖြစ်ဖြစ် သိသူတွေက ဘာကြောင့်ဖြစ်တယ်ဆိုတာ
    ရေးပြီး အားလုံးသိအောင် တင်ပြပေးရင် ကောင်းမှာပါ
    ဗွီဒီယိုဖိုင်တောင် ဖြန့်ခဲ့ပြီးပြီပဲ ဖြစ်စဉ်ကိုပါ အသေးစိတ်
    မဟုတ်တောင် နားလည်အောင် ရေးပြီး ဖြန့်သင့်တာပေါ့
    တခါတရံမှာ ဒီနည်းလမ်းနဲ့ ဒီပြဿနာကို
    ဖြေရှင်းသလိုလဲ ဖြစ်လာနိုင်ပါတယ် လူသိအောင်
    ဖွင့်ချပြီး လုပ်မှ အချို့ အရှက်ရပြီး ပြင်ကြတာကိုး ...
    အပေါ်ယံကြည့်ပြီး ဒီပြဿနာ အတိမ်အနက်
    မသိနိုင်တဲ့အခါ လိုရာပြောကြ ရေးကြပါတယ် ...
    ကြားနေရသလို ဒီမိန်းကလေးတွေဟာ
    တကယ်ပျက်စီးနေကြတယ် ဆိုရင် နောက်မဖြစ်အောင်
    ဘယ်လို ထိမ်းသိမ်းစောင့်ရှောက်မလဲ ... အခုလို
    ရိုက်နှက်ပြ ခြောက်ပြပြီး ရှင်းလို့ ပြေလည်မှာ
    မဟုတ်ပါဘူး ... အခန့်မသင့်ရင် ဥပဒေအရ အရေးယူ
    ခံရနိုင်ပါတယ် စေတနာ ဒေါသနဲ့ လုပ်တယ်ဆိုလည်း
    နောက် မလုပ်သင့်ပါဘူး .. စေတနာ
    အမှားဖြစ်နေပါတယ် ... သတိထား မြင်နိုင်ကြပါစေ ။
    ReplyDelete
  19. ဟုတ်မဟုတ်တော့မသိဘူး... အဲဒိဗွီဒီယိုက မလေးရှားမှာဆိုတာကို သေသေချာချာ သပ်သေပြနိုင်တဲ့သူရှိလား... ရိုက်နေတဲ့လူတွေ ဒီဇိုင်းက နယ်ထိန်းအထာတွေနဲ့ ရဲတွေနဲ့တူတယ်... ပြီးတော့ အဆုံးနားမှာ ပတ်စပိုစ့်တွေဘာတွေ မိတ္တူတောင်းနေတာကြားတယ်... သာမာန်လူအချင်းချင်းဆိုဘာလို့တောင်းစရာလိုလဲ... ယိုးဒယား မြန်မာနယ်စပ်က ယိုးဒယားဘက်သွားရှာတဲ့ မိန်းကလေးတွေကို မြန်မာဘက်ပြန်ရောက်တော့မှ စစ်ဆေးဆော်ပလော်နေတယ်လို့ထင်တယ်.... မလေးရှားဆိုတာက ပါးစပ်ကနေတစ်ယောက်ကစလိုက်တာ ဘယ်သူမှ သပ်သေနဲ့ မပြောနိုင်ဘူး... ထင်တာပြောတာပါ... စိတ်ထဲမှာ မလေးရှား မဟုတ်နိုင်ဘူးလားလို့
    ReplyDelete
  20. အဲဒါ မလေးရှားမှာဖြစ်တာပါ မကြာခင် ဘယ်သူတွေ ဆိုတာကို ဖော်ပြပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဘင်္ဂလားလူမျိုး၊ နီပေါလူမျိုးတွေ အများကြီးနှင့်မြန်မာ အမျိုးသမီးတွေဆက်စပ်ပြီး အလုပ်လုပ်ရတဲ့ နိုင်ငံက မလေးရှားပါ ထိုင်းလည်း မဟုတ်၊ စင်္ကာပူလည်း မဟုတ်ပါ အဲဒီကောင်မလေးတွေက တရားဝင်လာတဲ့ စက်ရုံအလုပ်သမားတွေပါ။ အဲဒီလိုလူမျိုးတွေနှင့်ဖြစ်တာေ တာ့မလေးမှာ အများကြီးပါ ဒါပေမေ့ အခုလိုမျိုး ရိုက်ပုတ်တဲ့ ဗွီဒီယိုကတော့ အခုမှစတာလို့ပြောရမှာပါ။
    ReplyDelete
  21. ကျွန်တော်လည်းမလေးရှားကလို့ ပဲတင်ပါတယ်။
    မလေးမှာလည်းနေခဲ့ဘူးပါတယ်။ဒီလိုပဲအပုပ်နံ့ တွေ
    တစ်ထောင်ထောင်းထနေလို့ တစ်ခြားကိုထွက်လာတာပါ။
    နိုင်ငံလေးကသေးပါတယ်။မထူးပါဘူး။ပုပ်တာပါပဲ။လက်ပိုက်
    ပဲကြည့်နေရတယ်။ပြောမိရင်တောင်မှကျွန်မတို့ ဟာနဲ့ 
    ကျွန်မတို့ ဆိုတာမျိုးပြန်ပြောတာတောင်ရှိတယ်။ခုလိုမျိုးလုပ်တော့လဲမကောင်းပါဘူး။ကဆုန်ပေါက်နေကြလို့ ထင်တယ်။
    ReplyDelete
  22. No matter what these girls have done, either good or bad, there is a rule of laws. Even their biological brothers can't do like that. These guys can be sued in court. This is called torture.. This is called humiliation .. Such kind of inhumane action must not exist in the world .. They are abusing the girls .. some more, not only one guy and there is total 4 guys are abusing the girls .. Remember that even the husband can be brought to court if he happend to commit this abusive action ..
    ReplyDelete
  23. တိုင်းတစ်ပါးမှာ.. ကိုယ့်ကိုယ်ကို ရွှေလို့ အမည်တတ် ရွှေအချင်းချင်းပဲ နှိပ်စက်နေကြတာ.. ရွှေရဲ့တန်ဖိုးက ဘယ်မှာလဲ? ရွှေကိုထိတော့ နာ.. ဆိုပဲ ရယ်စရာကြီး.. ဒါလား ဒီမိုကရေလိုချင်သူတွေ။ သူများကိုမဆုံးမခင် ကိုယ်ကိုယ်ကိုအရင်သုံးသပ်ကြည့်ပါ။
    ReplyDelete
  24. အင်းးး တစ်ကယ် ရိုက်နေတာဆိုရင်တော့ ..
    ဒါဟာ ဥပဒေ အရအရေးယူ ခံရနိုင်ပါတယ်
    တစ်ကယ် မဟုတ်လည်း ... ခုလိုတော့ မရိုက်သင့်ဘူး .ထင်ပါတယ် ရှက်ပြီးရိုက်တယ်ထား ပြသနာ ကမပြီးသွားနိုင်ပါဘူး ...ဒါ မီးစထိုးလိုက်သလိုပါပဲ
    မိန်းခလေးတွေ ဘတ်ကလဲ ဆင်ခြင်သင့်ပါတယ်
    ReplyDelete
  25. ကြည့်ရတာ အော့နှလုံးနာတယ်
    မြန်မာအချင်းချင်းအဲ့လောက်ရိုက်နေတာ ...
    မိန်းခလေးတွေ ကလည်း ...တစ်ကယ်ပဲ အဲ့လိုဖြစ်နေတယ်ဆိုရင်တော့.... ကိုယ့်လူမျိုး
    ဂုဏ်ကို ထိန်းသိမ်းသင့်ပါတယ်
    ယောက်င်္ကျားတွေ ကလည်း တစ်ကယ်တော့ ...
    နှမလင်နေမောင်ဖင်ကြိမ်းတယ် ဘာဖြစ်တယ်နဲ့ 
    ပြောနေတာပါ .. မလေးရှားမှာဆိုရင် အင်ဒိုမတွေ တစ်ယောက်ပြီးတစ်ယောက် ထည်လွဲတွဲနေတာပါပဲ ...
    ReplyDelete
    ကိုရေချမ်း
    ReplyDelete
  27. This case must be brought to Myanmar National Human Rights Commission.
    ReplyDelete
  28. ဘာအကြောင်းပြပြ ဒါဟာရာဇဝတ်မှု့
    အမျိုးသမ္မီးရေးရာရယ် C. I. D.ရယ် နဲ့ S.B. က
    တာဝန်ယူ စုံစမ်း ဖေါ်ထုတ် အရေးယူ သင့်တယ်
    ReplyDelete
  29. အင်း - မြန်မာပြည်မှာ မလေးတွေ၊ ထိုင်းတွေ၊ ဒါမျိုးလာဖြစ်နေတာမဟုတ်ဘူးနော်၊ မလေးမှာထိုင်းမှာ မြန်မာတွေသွားဖြစ်နေတာ၊ ကျနော်တို့ ရှင်းရမှာက နောက်ဒါမျိုးမဖြစ်အောင် အမြစ်ကလှန်မှ ရမှာ၊ ဒါကျုပ်တို့တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှုကြောင့်ဖြစ်ရတာ၊ တရားခံအစစ်ကိုမြင်အောင်ကြည့်၊ အသိနဲ့တွေး၊ လက်တွေ့တော်လှန်ရမှာက စစ်အစိုးရဗျ
    ReplyDelete
  30. မစားရတဲ့ အမဲ သဲနဲ့ပတ်တာပါ
    တစ်ခုဘဲသိချင်တယ် ကျွန်မတို့ကို မရိုက်ပါနဲ့
    ရှင့်ကိုလဲ ပေးကျွေးပါ့မယ် ဆိုရင် ဒီကောင်တွေ အဲကောင်မလေးတွေ ကို မလုပ်ဘဲ ထိုင်ကြည့်နေမလား ဆိုတာပါဘဲ
    ReplyDelete
  31. Only stupid and uneducated people do those kinds of punishment to women. Be civilized, guys!
    Malaysian Police are investigating on this cruel act!
    ReplyDelete
  32. This beating act is so shameful for Burmese Youth. As long as the girls are adults (above 18), they have freedom to live their lives as they like.
    If you are shameful for these shwe girls, try your best to educate our own shwe race.
    Hurting other human being is a crime. It appear like a group of wild chimpanzees. And it is very sad , some Burmese guys defend this violent action. Their attitude is even more shameful than the act of the girls.
    ReplyDelete
  33. အခုတင်ထားတဲ့စာတွေဖတ်ပြီးရင်ထဲမကောင်းဖြစ်ရပါတယ်..ကိုလူမျိုးအတွက်ရယ်မိန်းခလေးတစ်ယောက်ဖြစ်တာရယ်ကြောင့်ပါ..ဘာလို့လဲဆိုတော့ကိုယ်တိုင်မလေးမှာအလုပ်လုပ်ခဲ့ဘူးပါတယ်..ကိုယုံကြည်ချက်ခိုင်မာရင်ဘယ်သူမှလာစော်ကားလို့မရဘူး..ပေးတိုင်းမယူနဲ့ကျွေးတိုင်းမစားနဲ့ကိုဘ၀ကိုတန်ဖိုးထားရင်ဘယ်ကောင်မှလာမစော်ကားရဲ့ဘူး..ကိုယ်တွေ့မိုပြောတာပါ..ဘယ်နေရာရောက်ရောက်ကိုယ်နေတတ်မှဖြစ်တာပါ..ကိုယ်အိမ်မှာနေရင်တောင်နေမတတ်ရင်ဘ၀ပျက်ကြမှာပါပဲ..အခုသုံးသပ်ထားကြတဲ့စာတွေကမလေးမှာအလုပ်လုပ်နေတဲ့မိန်းမကောင်းလေးတွေအတွက်တော့မျက်နှာထားစရာမရှိသလိုခံစားရပါတယ်..မိန်းခလေးတွေလည်း..အချောင်ရအချောင်လိုချင်စိတ်ကိုထိန်းသိမ်းစေချင်တယ်..ယောက်ျားလေးများလဲနှမသားချင်းစာနာစိတ်နဲ့စောင့်ရှောက်ပေးစေချင်တယ်...မိန်းမကောင်းလေးတွေအများကြီးရှိနေပါတယ်..ငါခုံးမဆယ်ကောင်ရှိလဲမပုတ်သေးတဲ့ငါးလေးတွေရှိနေပါသေးတယ်...ရင်ထဲမကောင်းတာလို့ဒီပိုစ်လေးကိုရေးမိပါတယ်ရှင်
    ReplyDelete
  34. အင်း...ဒါကိုကြည့်၇င်နဲ့ စိတ်မကောင်းဖြစ်၇တယ်...မလေးမုာဒုက္ခေ၇ာက်နေတဲ့..မိန်းခလေးတွေကတော့ဒီလိုပါဘဲ..ဒါကိုမခံ၇ပ်နှိင်ဖြစ်ပြီးဒီလို.လုပ်တာတော့မကောင်းပါဘူး..ဒီလိုဘဲဒီကကောင်မလေးတွေကတကယ်..ဒုက္ခေ၇ာက်လို့ အကူညီတောင်း၇င်တောင်သူတို့ ကအ၇င်ဖျက်ဆီးမယ့်ကောင်မျိုးတွေပါ..ကျွန်တော်ကြုံဘူးပါတယ်...၂၀၀၈ခုနစ်က..မလေး၇ှားမုာ..အဖမ်းဆီးကြမ်းတုန်းကကန့် ထဲေ၇ာက်တဲ့ ကောင်မလေးတွေကသူတို့ကိုေ၇ွးခိုင်းတာ..အပြင်ကောင်က...သူကိုယူ၇င်..ေ၇ွးပေးမယ်လို့ ပြောတာ..အဲလိုကောင်မျိုးတွေဘဲနေမုာဘာ...ဘာဘဲပြော၂နှမချင်းကိုယ်ချင်းစာသင့် ပါတယ်သူတို့ မုာအခက်ခဲ၇ှိလို့ နေမုာပါ..သိ၇င်တော့အေ၇းယူသင့်ပါတယ်....ကျွန်တော်တို့ လည်းတခြားနည်းနဲ့ စုံစမ်းနေပါတယ်...
    ReplyDelete
  35. ဒါက..မလေး၇ှားမုာဆိုတာသိသာပါတယ်...နေ၇ာနဲ့ လူတွေကိုသာမသိတာပုံစံကြည်တာနဲတင်သိသာပါတယ်..နှမချင်းကိုယ်ချင်းစာနာပြီးသေချာစုံစမ်းအေ၇ယူသင့် ပါတယ်သူတို့ ဘက်မုာဘာတွေအခက်ခဲ့၇ှိလို့ ဒီလိုလုပ်တာလည်းမေးသင့်တယ်..လူဆိုတာအမုာမကင်းပါဘူးဒါလိုလုပ်၇က်ကတော်၂အကျည်းတန်းပါတယ်..မလေးမုာကလူမူေ၇းအဖွဲ့ နဲ့ ပါနေတော့ဒီလိုကောင်မျိုတွေ၇ှိနေတာပါ..သူတို့ နဲဒီလိုနေ၇င်အသံတောင်ထွက်မယ်ကောင်တွေမဟုတ်ဘူး....စိတ်မကောင်းဖြစ်၇တယ်..မြန်မာမလေးတွေ..တိုင်းတပါးမုာဒီလိုဘ၀မျိုးကဘယ်တော့လွတ်မုာလဲ.....သေချာစုံစမ်းအေ၇းယူသင့်ပါတယ်ဗျာ
    ReplyDelete
  36. God give hands to save other and survive yourself. Not o put on other. Before you point to other, make sure your hands are not dirty. I doubt that these violent guys are/were pimp some point in their life time.
    ReplyDelete
  37. sometimes i feel shame to say i am a typical Burmese guy among other nationality cause we( some of them) are not gentle as we supposed to be when we deal with women. We are not Indian,Paki and so on. We should be very gent on women.
    ReplyDelete
  38. I am Burmese-Karen girl too.
    I work for Burmese community for social needed***** I see it as powerful men are humiliating, assaulting, and abusing to those powerless women. No matter what other people see to Burmese girls are cheap or easy or whatever the important is helping each other who in the wrong path with sympathy, mercy, care and educate about disease(HIV, syphilis, STD). If it is necessary bring a woman who could guide or counsel them from respective community leader or churches. Let these girls know that we care about them, Burmese community and we are here to help. No human being has right to manage, to make decision and to punish other human being. I know these men are angry about black name of the Burmese community but they solved the problem in a very wrong way. I am sure that they will treat violently to their family too because they have controlling and abusive behavior. But they'll surely meet what they did to these girls. Nothing could get away in these universe. "Please, think carefully about what other people(citizens) says about Burmese girls are cheap or easy. They are actually make us feel low and belittle. It wasn't help us at all. They spoil us, they made us to beat each other and they'll laugh us behind. We need to care & help our people to get in the right way. Please do help each other with sympathy and remember what Buddha said"
    ReplyDelete
  39. လူမှန်ရင် အမှားမကင်းပါဘူး
    စကားတစ်ခွန်းရှိတယ်
    ကြံစည်ပြီးမှားတဲ့အမှားကို တာဝန်ယူကြတယ်
    မတော်တဆမှားရင် ဘယ်သူမှတာဝန်မယူကြဘူး
    မိန်းကလေးအများစုဟာမတော်တဆ မှားလို့ ဘဝတွေပျက်သွားတာပဲရှိပါတယ်
    ဘယ်မြန်မာမိန်းကလေးမှကြံစည်ပြီးအမှားမခံပါဘူး
    ကြံစည်တာ ယောက်ျားလေးတွေပါ
    အဲဒီလို ရိုက်နေတဲ့နေရာမှာ မင်းတို့ အမေဆိုရင် မင်းတို့ရိုက်မှာမဟုတ်ဘူး
    ဘုန်းကြီးတပါးပြောသလို ဖာကြီးပဲဖြစ်နေပါစေ
    အမေဟာအမေပဲ ဆိုပြီး လက်ခံပေးမဲ့ တစ်ဘို့ပဲကြည့်တဲ့ နွားလိုကောင်တွေဆိုတာ မင်းတို့ကိုမင်းတိတို့သတိမထားမိကြတာ
    မင်းတို့ အဖေတောင်မင်းတို့ကိုအဲဒီလောက်ဆုံးမ မှာမဟုတ်ဘူး
    ငါနောက်တစ်ခုလောက် ဆုံးမပေးအုန်းမယ် နွားတွေ
    လူကို လူလိုမဆက်ဆံ တဲ့မင်းတို့ ဘဝတွေဟာ နွားတွေလိုပဲ ကြမ်းတမ်းပြီး ပင်ပန်းပါစေလို့
    ငါဆုံးမရင်း နဲ့ ကျိန်စာတိုက်ပေးလိုက်တယ်
    ဘာလို့လဲ ဆိုတော့ မင်းတို့ဘယ်သူဆိုတာကိုငါ သိနေလို့
    ဟ ဟ
    မအံ့ဩ နဲ့နော်
    တကယ်ပြောတာ
    မင်းတို့ညီမတွေ အမေတွေ အလှည့်ကျ ရင် စိတ်ခိုင်ခိုင်ထားကြပေါ့ကွာ
    ReplyDelete
  40. ထောက်ခံသူတဦး (3)
    ထောက်ခံပါမည်။ကိုယ့်အမျိုးဂုဏ်ကိုမဖျက်ဆီးကြ
    ပါနဲ့
    ReplyDelete
  41. လုပ်တော့ မလုပ်သင့်ပါဘူး ရက်၂စက်၂ကိုတီးနေတဲ့ဟာတွေပါ ဘာအပြစ်ပဲကောင်မလေးတွေလုပ်ထား၂ မိဘမောင်ဖွား ဆွေမျိုးသားချင်းအရင်းတွေသာ ခုလိုဆုံးမခွင့်ရှိသင့်တာပါ ဘာမဆိုင် ညာမဆိုင်လူတွေက ရက်စက်နေတာကတော့ တရားမဲ့လွန်းပါတယ် သူ့ဟာသူ ကိုယ်ခန္ဒာရောင်းစားနေစေဦးတော့ သူစိမ်းတွေက ကိုယ်နဲ့ဘာမှမဆိုင်ပါဘူး ဖွံ့ဖြိုးမှုနဲသေးတဲ့နိုင်ငံတွေမှာ ဒါမျိုးတွေနဲ့ အသက်ရှင်ကြတဲ့ မိန်းကလေးတွေကို ရက်စက်စရာမလိုပါဘူး ၀မ်းမ၀လို့လုပ်ရရှာတာပဲလို့ပဲ နားလည်စေချင်ပါတယ် လူတိုင်းမှာကိုယ်ပိုင်အခွင့်အရေးရှိပါတယ် ဒီလူတွေကြည့်ရတာ ဟိုက ဆပ်ကြေးလိုက်ကောက်တဲ့သူတွေထင်ပါရဲ့ ရိုး၂သား၂ ရုပ်တွေမဟုတ်ဘူး ပညာတတ်ဟန်လဲမရှိပါဘူး တကယ်သတ္တိရှိရင်ပြည်တွင်းလာပြီး ပြည့်တန်ဆာအိမ်က မိန်းကလေးတွေလာရိုက်ပါလား တခါတည်းအစောင့်တွေဝိုင်းဘေတာနဲ့ အသေထွက်သွားမယ် သက်၂ အားကိုးမရှိတဲ့မိန်းကလေးတွေကို အနိုင်ကျင့်နေတာပါ
    ReplyDelete
  42. မြန်မာယောက်ျားတွေလဲသူဒို့ကိုတိုင်က အမျိုးသမီးတွေကိုတန်ဖိုးမထားပဲရိုက်နက်တတ်တဲ့ရိုင်းစိုင်းတဲ့အမူအကျင့်တွေဘယ်ရောက်ရောက်မပျောက်ဘူး၊မြန်မာအမျိုးသမီးတေကကလဲကိုယ်ကိုကိုယ်တန်ဖိုးရှိအောင်နေသင့်တယ်၊မရှိလို့လုပ်စားရရင်တောင်လူတွေကရုဏာသက်အောင်နေသင့်တယ်၊ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်လက်ပါခြေပါတော့မလုပ်သင့်ပါဘူး၊ပါးစပ်နဲ့ဆုံးမလို့မရရင်လဲသူ့အကြောင်းနဲ့သူနေပါ့စေပေါ့၊သူ့ကံပါလို့ဒီလိုဖြစ်တာကိုယ်ပါကြားထဲကငရဲဝင်ယူနေသေးတယ်၊
    ReplyDelete
  43. ဒီလိုနည်းနဲ့တော့မဆုံးမသင့်ပါဘူး ဘာပဲဖြစ်ဖြစ် လူတိုင်းမှာ အခက်အခဲလေးတွေတော့ရှိကြတာပါပဲ..အကောင်းဆုံးနည်းလမ်းလေးတွေကိုရှာဖွေပြီး တော့လမ်းမှန်မှန်လေးနဲ့ပဲ ဆုံးမသင့်ပါတယ်... ငါကပညာရှင်လဲမဟုတ်ပါဘူး..လူတော်တယောက်လဲမဟုတ်ပါဘူး...သာမန်ဥာဏ်ရည်လေးပဲရှိတဲ့သူတယောက်ပါ.. ဒါပေမဲ့ ငါ့နိုင်ငံ ငါ့လူမျိုးကိုတော့အရမ်းကိုချစ်တဲ့သူတယောက်ပါ.. သူတို့ကြောင့်နိုင်ငံဂုဏ်သေးသိမ်တယ်ပဲထားတော့ ..ဒီထက်ကောင်းတဲ့ နည်းလေးတွေနဲ့ အကောင်းဆုံးလေးတွေကို လုပ်သွားကြရင်မကောင်းပေဘူးလားဗျာ.. ခင်ဗျားတို့ရဲ့စေတနာတွေကိုတော့လေးစားပါတယ်...ဂုဏ်လဲပြုပါတယ်.. ဒါပေမဲ့ လမ်းလေးတော့မှန်စေချင်..
    ReplyDelete
  44. ပြင်းပြင်းထန်ထန်ကန်.ကွက်ပါတယ်.....ဆုးံမမယ်ဆိုရင်တောင် ဒီလိုရိုက်နှက်ပြီးမဆုးံမသင်.ပါဘူး........
    ReplyDelete
  45. အော်..ဖြစ်မှဖြစ်ရလေ
    အဲဒီလိုကြားရတာစိတ်မကောင်းပါဘူး...အဲဒီလိုတော့ဝိုင်းပြီးမရိုက်ကြပါနဲ့လားဗျာ...ဒါဟာမသင့်တော်ပါဘူး...ရိုင်းနေတဲ့ယုန်တွေကို ပညာသုံးပြီး ယဉ်အောင်လုပ်လို့ ရမှာပါ..အော် အမတို့ ညီမတို့တွေလဲ..ကိုယ့် အသိနဲ့ကို မကောင်းမှုနဲ့ ကောင်းမှုကို ခွဲခြားနိုင်ကြပါစေ...မိသားစုတွေအားလုံးအဆင်ပြေကြပါစေ...ဒါဟာ အဖြေရှာကြည့်လိုက်ရင် ...နိုင်ငံရဲ့ ဆင်းရဲမှုကြောင့်ဖြစ်ရတာပါ..တောင်းပန်ပါတယ် နိုင်ငံရေးပါသွားတဲ့အတွက်ကြောင့်............အားလုံးဆင်းရဲမွတ်သိမ့် ခြင်းမှကင်လွတ်ကြပါစေ
    ReplyDelete